- ရခိုင်တွင် ၃ လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဒေသခံ ၃၀၀ ကျော် သေဆုံးဒဏ်ရာရ
- ပါကစ္စတန် အဓိကရုဏ်းများကြောင့် သေဆုံးသူ ၁၃၀ ကျော်သွားပြီဟု တာဝန်ရှိသူများ ပြောကြား
- တရားစွဲခံထားရသော သားဖြစ်သူကို သမ္မတဘိုင်ဒန် လွတ်ငြိမ်းချမ်းသာပေး
- ဆေးဝါးရှားပါးမှုကြောင့် သံတွဲက စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်များ မွေးဖွားရန် စိုးရိမ်နေကြ
- လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကုတ်စစ်ဘေးရှောင် ၂ ဦး သေဆုံး၊ ၁၉ ဦးထက်မနည်း ဒဏ်ရာရ
TNLA မှ ဗိုလ်မှူးတာအိုက်ကျော်နှင့် တွေ့ဆုံခြင်း
တပ်မတော်နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့၏ တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်ပြီး TNLA မှ ပြန်ကြားရေးဌာနမှူး ဗိုလ်မှူးတာအိုက်ကျော် (ခ) မိုက်အိုက်ကျော်နှင့် ဇူလိုင် ၁၆ ရက် ၁၁ နာရီဝန်းကျင်က တရုတ်ပြည် နယ်စပ်တစ်နေရာမှာ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ အဲဒီမေးမြန်းခဲ့မှုတွေကို သိရှိစေဖို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
21 Jul 2017
(ဓာတ်ပုံ - စိုးရာဇာထွန်း TNLA မှ ပြန်ကြားရေးဌာနမှူး ဗိုလ်မှူးတာအိုက်ကျော်(ခ)မိုင်အိုက်ကျော်)
အလွတ်တန်းသတင်းထောက် စိုးရာဇာထွန်း တွေ့ဆုံမေးမြန်းသည်။
တပ်မတော်နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့၏ တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်ပြီး TNLA မှ ပြန်ကြားရေးဌာနမှူး ဗိုလ်မှူးတာအိုက်ကျော် (ခ) မိုက်အိုက်ကျော်နှင့် ဇူလိုင် ၁၆ ရက် ၁၁ နာရီဝန်းကျင်က တရုတ်ပြည် နယ်စပ်တစ်နေရာမှာ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ အဲဒီမေးမြန်းခဲ့မှုတွေကို သိရှိစေဖို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
မေး။ ။ လက်ရှိ တပ်မတော်ဖက်က ဘယ်လိုမျိုး ထိုးစစ်ဆင်နေတာတွေ ရှိပါသလဲ ခင်ဗျာ။
ဖြေ။ ။ အဓိကက နယ်မြေခံတပ်တွေရှိတယ်။ ရမခလက်အောက်ခံ တပ်တွေက တပ်ရင်းပေါင်း ၃၀ ကျော်ရှိတယ်။ ပြီးတော့ စခခ ၂ ခုရှိတယ်။ စခခ (၁) ရယ်၊ စခခ (၁၆) ရယ်။ ဒါက စခခတစ်ခုရဲ့လက်အောက်မှာ တပ်ရင်း ၁၀ ရင်းစီ။ အဲ့အပြင်ကို အခု ပြည်မကနေ ပို့လာတဲ့တပ်မ ၉၉ ရှိတယ်၊ တပ်မ ၃၃ တချို့တစ်ဝတ်ကျန်တယ်၊ တပ်မ ၈၈၊ တပ်မ ၇၇၊ တပ်မ ၅၅။ တပ်မ ၈၈ က ဒီအပေါ်ပိုင်းပေါ့နော် ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခန်း၊ မန်တုံးနားအထိ တစ်ခုရှိတယ်။ ကွတ်ခိုင်နားတစ်ဝိုက်က တပ်မ ၃၃၊ တပ်မ ၈၈ ကျန်တယ်၊ တပ်မ ၉၉ ကျန်တယ်။ ကွတ်ခိုင်ရယ် ဒီကွန်လုံသွားတဲ့လမ်းခွဲ သီနီ နားထိ လှုပ်ရှားတယ်။ ဟိုဘက် လားရှိုးနားတစ်ဝိုက်ဆိုရင် တပ်မ ၅၅ တွေ ရှိသေးတယ်။ နောက်ပြန်ကြည့်ရင် ကျောက်မဲတို့၊ သီပေါတို့၊ နမ့်ဆန်တို့၊ မကျန်အောက်ခံတပ်တွေက ဖြန့်ထားတယ်။
မေး။ ။ ဆိုတော့ အင်အားအများကြီး ပိုလာတယ်ဆိုတဲ့ သဘောလား။
ဖြေ။ ။ ဟုတ်တယ်။ အင်အားတော်တော် များလာတယ်။ ဒီ အခု ကျနော်တို့ လှုပ်ရှားတဲ့ဒေသကို ပြန်ကြည့်မယ်ဆိုရင်တော့ တပ်တစ်ခုနဲ့ တစ်ခုကြားမှာ နာရီပိုင်းအတွင်း ရောက်နိုင်တယ်။ တစ်နာရီကျော် သွားလို့ရှိရင်တော့ တစ်ဘက်နေတဲ့ နေရာဆီ ရောက်လာနိုင်တယ်။ တိုက်ပွဲအချိန်မရွေး ဖြစ်နိုင်တဲ့အနေအထား ဖြစ်တယ်။ ဒီ ကျနော်တို့ရှောင်လို့သာ တိုက်ပွဲက ထိတွေ့မှုအမြဲမရှိဘူး။ ဒီဒေသနယ်မြေနဲ့ သူတို့အမြဲ ရှောင်တယ်။ ဒါပေမယ့် တစ်ခါတရံ ကျနော်တို့နေတဲ့ နောတွင်းအထိ သူတို့ ထိုးတက်လာတော့ တွေ့ပြီးတော့ ရင်ဆိုင်တိုက်ပွဲဖြစ်တာ။
မေး။ ။ အင်အားသုံးတဲ့သဘော ရှိလား။
ဖြေ။ ။ ဟုတ် အင်အားသုံးတယ်လို့ ပြောမှာပေါ့နော်။ ဒီ စောစောကပြောတဲ့ နယ်မြေခံတပ်အပြင်ကို တပ်မက ၄ ခုလောက် ကျနော်တို့ဒေသမှာ ပြန်ပြီးသုံးထားတယ်။ တပ်မတစ်ခုအပြည့်ဆိုရင် အင်အားထောင်ကျော် ရှိတယ်။ ဒီ အင်အားအပြည့် လက်ရှိ ရှိတာက တပ်မ ၉၉ ရှိတယ်၊ တပ်မ ၈၈ ရှိတယ်။ ကျန်တဲ့တပ်တွေက တစ်ဝတ်တပျက် အဲ့လိုရှိတယ်။
မေး။ ။ ဟုတ်ကဲ့။ အရင်တုန်းကရော အင်အားက ဒီလောက် ပမာဏပဲလား။ ဘယ်လောက်များလာလဲ။
ဖြေ။ ။ ပြန်ကြည့်မယ်ဆို ၂၀၁၄ နှစ်ဝက်လောက်ကနေစပြီး တပ်မတွေ ဆက်ပြီး တက်လာတယ်။ အများစု ပြန်ကြည့်မယ်ဆိုရင်တော့ ပထမပင်လုံမစခင် ကျနော်တို့ ဒေသမှာလည်း အင်အားလှုပ်ရှားမှုက အင်အား သောင်းချီလောက် ရှိတယ်။ ကျနော်တို့ တောတွင်းထိကို လိုက်ပြီးတော့မှ တောနှင်းပြီးတော့ လိုက်လံ တိုက်ခိုက်တယ်။ နောက်ပြီး ကိုးကန့်ဘက် လက်ရှိပြန်ဖြစ်လာတယ်။ ကချင်ပြည်လည်း စစ်ရှိန်ပြန်ဖြစ်လာတော့ ဒီတပ်မက နည်းနည်းပြန်လျော့လာတာ။
မေး။ ။ ဟုတ်ကဲ့။ အဲဒီတော့ စစ်တပ်ဘက်က တိုက်တတ်အခါ ဘယ်လိုပစ္စည်းတွေ ဥပမာ လေယာဉ်ပျံတို့၊ ဘာတို့ စသည်ဖြင့် ဗိုလ်မှူးတို့ဘက်မှာရော ပြည်တွင်းမှာမတိုက်သင့်တဲ့ လေယဉ်ပျံတို့လို သုံးပြီးတော့ အဲလိုမျိုးတွေ ရှိခဲ့လား။
ဖြေ။ ။ လက်နက်ကြီးကတော့ ကျနော်တို့ အခြေစိုက်တဲ့တပ်တိုင်းမှာ ၁၂၀၊ ၁၀၅ မမတွေ၊ အမြောက်ကြီးတွေ ထားထားတယ်။ တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ။ ရမ်းပစ်တာ။ လူနေတဲ့ ရွာတွင်းအထိပေါ့နော်။ ဥပမာ လားရှိုးတို့၊ ကွတ်ခိုင်တို့၊ သိနီတို့နားဆို သံချပ်ကာကားတွေ အရံသင့်ထားထားတယ်။ နောက်ပြီး စစ်ရေးပြင်ဆင်မှုက တော်တော်လေး ပြင်းတယ်။ ဒီ လေယာဉ်ကတော့ မကြာခဏပဲ။ အသုံးပြုပြီးမှ တိုက်ခိုက်တာ။
မေး။ ။ ဟယ်လီကော်ပတာပေါ့။
ဖြေ။ ။ ဟယ်လီကော်ပတာရော၊ ဂျက်ရော။ အကုန်လုံး အသုံးပြုပြီးမှ တိုက်ခိုက်တယ်။ အထူးသဖြင့် ကြည့်မယ်ဆိုရင်တော့ နောက်ပိုင်းမှာ တိုက်ပွဲက တစ်နာရီကျော်၊ နှစ်နာရီ ကြာပြီဆို သေချာပေါက် လေယာဉ်နဲ့ လာပစ်တာ။ အကြိမ်အရေအားဖြင့်ရော ဒီနှစ်ထဲမှာကိုက ၂၀ ဝန်းကျင်လောက်ရှိပြီ။
မေး။ ။ ၂၀ ဝန်းကျင်ဆိုတာ ဘယ်နေ့ကနေ ဘယ်နေ့ထိကို ပြောတာလဲ။
ဖြေ။ ။ စောစောကပြောတဲ့ တိုက်ပွဲပြင်းထန်လို့ရှိရင် နာရီဝတ် တစ်နာရီကျော်ဆိုရင် လေယာဉ်သုံးတာ နည်းတယ်။ နည်းနည်း ကြာပြီဆိုရင် နှစ်နာရီလောက် ကြာပြီဆိုရင် လေယာဉ်နဲ့ လာပစ်တယ်။ ပစ်တာကတော့ စောစောကပြောတဲ့ ၂၀ အထက်မှာတော့ ရှိပြီဒီနှစ်ထဲမှာ။ ဖြစ်တိုင်း လေယာဉ်နဲ့ အသုံးပြုပြီးမှ လာပစ်တယ်။ ပြောမယ်ဆိုရင် သူတို့အသုံးပြုတဲ့ ပုံစံက ဂျက်လေယာဉ်တို့ဆို တစ်ခါတလေ ဗုံးကျဲတယ်။ ပေါင် ၅၀၀ အထက်ပေါ့နော်။ တချို့ဆို တောထဲမှာကျပြီး မကွဲတာရှိသေးတယ်။ အဲ့နားတစ်ဝိုက်ဆိုတော့ လူထုတွေက မသွားရဲသေးဘူး။ တော်တော်လေးတော့ အန္တာရယ်များတဲ့ သဘောရှိတယ်။
မေး။ ။ လေယာဉ်ပျံ ဗုံးကျဲတာ တစ်ရက်ကို ဘယ်နှစ်ခါလောက်ရှိလဲ။
ဖြေ။ ။ ဒီ ပုံမှန်တော့ မရှိဘူး။ တိုက်ပွဲပေါ်မှာ မူတည်တယ်။ တိုက်ပွဲပြင်းထန်ရင် လေယာဉ်နဲ့ တိုက်ခိုက်တယ်။ တစ်ခါတလေ သူတို့ တပ်ရင်းတစ်ရင်းထဲ မတိုက်ချင်ဘူး။ မတိုက်ချင်တော့ ကုန်းပေါ်တက် မတိုက်ချင်ဘူး။ သူက လေယာဉ်ကို အကူအညီ တောင်းလိုက်တယ်။ တိုက်ပွဲဖြစ်တာလဲ မဟုတ်ဘူး။ သူတို့က လေယာဉ်ကို လှမ်းပြီးခေါ်တယ်။ လေယာဉ်တွေက လာကျဲတယ်။ တိုက်ပွဲဖြစ်ပွားမှုလည်း မရှိဘူး။ ကျေးရွာ ပတ်ဝန်းကျင် လူနေဝန်းကျင်ကို လာပြီးတော့ လေယာဉ်နဲ့ တိုက်ခိုက်တာ ရှိတယ်။ ကျနော်တို့ မှတ်မိသလောက်တော့ နမ့်ခန်းမြို့နယ်က ဆန်ဝမ်ကျေးရွာအနီး တစ်ခါတိုက်တယ်။ အဲ့ဒါတော့ လူနေတဲ့အတွင်း ကျတာပေါ့နော်။
မေး။ ။ ဟုတ်ကဲ့။
ဖြေ။ ။ ကျန်တဲ့ တောတွင်းထဲမှာတော့ ကျနော်တို့ အဲ့လောက် မှတ်တမ်းတော့ မကောက်ခဲ့ဘူး။
မေး။ ။ ပလောင်တိုင်းရင်းသားတွေကို လေယာဉ်နဲ့ ဗုံးတွေ၊ ဘာတွေ ကျဲချတဲ့အခါမှာ အရေအတွက် ဘယ်လောက်သေပြီလို့ ခန့်မှန်းလဲ။ ဒီတစ်နှစ်အတွင်းမှာ ပြည်သူတွေ သေဆုံးထိခိုက်ဒဏ်ရာ ရတာတွေ ဘယ်လောက် ရှိလဲ။
ဖြေ။ ။ လေယာဉ်နဲ့ ပစ်ခက်တာကတော့ ကြည့်လို့ရမယ်ဆိုရင်တော့ ဒီ ကျောက်မဲမြို့နယ်၊ တောဆန်ပေါ့နော်။ တိုက်ပွဲဖြစ်ပွားမှုလည်း မရှိဘူး။ အဲ့မျိုး လာပြီးလေယာဉ်နဲ့ ပစ်ခက်တိုက်ခိုက်တာ ရှိတယ်။ ဘုန်းကြီးကျောင်းပါ ပျက်စီးသွားတယ်။
မေး။ ။ ဟုတ်ကဲ့။ လူတွေက ဘယ်လောက်လောက် သေလဲ။ ထိခိုက်လဲ။ စာရင်းလေးတွေ ရှိလား။
ဖြေ။ ။ ကျနော်တို့ လေယာဉ်နဲ့ ပစ်ပြီးမှ သေတယ်ဆိုရင်တော့ ဒီ နမ့်ခန်းမြို့နယ်ထဲက တစ်နေရာရှိတယ်။ အဲ့မှာ လူနှစ်ယောက် သေသွားတာပေါ့နော်။ ကျန်တဲ့ဟာတော့ ဒဏ်ရာရတာတော့ ရှိတယ်။ ဒီ လေယာဉ်နဲ့ ပစ်ခက်လို့ သေဆုံးတာတော့ ၅ ဦးလောက်တော့ ရှိတယ်။ အဓိကလူသေဆုံးတာတော့ သူတို့ ၁၀၅ မမနဲ့ လှမ်းပစ်တာ များတယ်။
မေး။ ။ အဲ့ဒါကတော့ ဟို ရွာထဲကို ကျတာပေါ့။
ဖြေ။ ။ အင် ရွာထဲကိုကျ။ လူနေအိမ်ပါ ထိတယ်။ ဒီအတောအတွင်းဆိုရင် ကွတ်ခိုင်မြို့နယ်ထဲက တစ်နေရာ ရှိတယ်။ ဒီ နမ့်ခန်းဘက်က တစ်နေရာရှိတယ်။ အဲ့ဒါတော့ တိုက်ပွဲဖြစ်ပွားမှုမရှိပဲ ဒီ လက်နက်ကြီးပစ်တယ်။ ပစ်ပြီးမှ ထိတယ်။ အဲ့မျိုး ထိတဲ့အချိန် သူတို့က သတင်းပြန်လွှင့်တယ်။ တပ်မတော်ကာကွယ်ရေးဦးစီးဖေ့စ်ဘွခ်မှာ ကျနော်တို့ ဖက်ရတာ။ ကျနော်တို့ ပစ်တယ်လို့ပဲ ဖက်ရတာ အဲ့ဒါမျိုးတွေ ဖြစ်တာ။ တကယ့် မြေပြင်မှာက လူထုတွေ အကုန်လုံးသိတယ်။ သူတို့ နက်လက်ကြောင့် ဖြစ်တာ။
မေး။ ။ အဲ့တော့ ဗိုလ်မှူးတို့တပ်က ဗုံးတွေ၊ လူတွေကို လေယာဉ်ပျံနဲ့ သုံးပြီးတိုက်တာကို ဘယ်လိုထင်မြင် ယူဆသလဲ။ ပြည်တွင်းမှာရော ဒီလိုအသုံးပြုလို့ ရလားပေါ့။ ဘယ်လိုလဲ။
ဖြေ။ ။ ပြောမယ်ဆိုရင်တော့ ဒါကတော့ ပြည်တွင်းစစ်က ဒီ အင်းအားပြင်းလက်နက်။ အခု သူတို့ တိုက်ခိုက်တဲ့ ပြည်ပကျူးကျော်စစ်သဖွယ် ကျုပ်တို့ကို ပြန်ပြီး တိုက်ခိုက်တယ်။ အဲလိုမျိုး ကျနော်တို့က မြင်တယ်။ ပြည်ပကျူးကျော်စစ် ပေါ့နော်။ တကယ့် သူကြီးကြီးမားမား နှိပ်နှင်းရမယ့် ပြည်ပကျူးကျော်စစ်တို့ဆို အဲလိုလေယာဉ်တွေနဲ့ တကယ့်တကယ်တော့ တကယ်တန်ဖိုးရှိတယ်။ ပြည်သူ့ဘဏ္ဍာငွေနဲ့ ဝယ်ထားတဲ့ လက်နက်တွေ သူတို့က ဖြန်းတီးတယ်။ ကျနော်တို့သာမက ပြည်သူပါ ဒုက္ခပြန်ပေးတယ်ပေါ့နော်။
မေး။ ။ ဟုတ်ကဲ့။ အဲ့တော့ TNLA အနေနဲ့က အရင် ဦးသိန်းစိန်အစိုးရ လက်ထပ်တည်းကပင် NCA ကို သဘောမတူခဲ့တာပေါ့နော်။ အဲ့တော့ NCA ကို ဘာကြောင့် သဘောမတူတာလဲ။
ဖြေ။ ။ NCA ဟာ သဘောမတူတာ မဟုတ်ဘူး။ ကျနော်တို့က။ NCA က လိုင်ဇာညီလာခံကနေ စတာပေါ့နော်။ ပြီးတော့ လောခီးလာ။ အဲ့ကနေ တိုင်းရင်းသားတွေ စုပြီးမှ ဒီ ရေးဆွဲထားတယ်။ အဲဒီကတည်းက ပါတယ်။ အဖွဲ့ဝင်လည်း ဖြစ်တယ်။ ရေးဆွဲတဲ့အချိန်လည်း ပါတယ်။ နောက်ဆုံး ဦးသိန်းစိန် လက်ထက်က လက်မှတ်ထိုးမယ့် ဆဲဆဲမှာ ဒီ အကြမ်းသဘောတူညီမှုက ရပြီးပြီ။ လက်မှတ်ထိုးမယ့် အချိန်ကျတော့ ဒီ မြန်မာ့တပ်မတော်ရဲ့ သဘောထားက ဘယ်အဖွဲ့ပါရမယ်၊ ဘယ်အဖွဲ့ မပါရဘူး။ အဲ့အခြေအနေ ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့ ၃ ဖွဲ့။ AA၊ TNLA၊ MNDAA သုံးဖွဲ့လုံးကို သူတို့က ထိုးခွင့် မပေးဘူး။ အဲ့မှာ ကျနော်တို့ ကျန်ခဲ့တယ်။ အခြားတိုင်းရင်းသားတွေ အားလုံးပါဝင်ရေး မူကိုင်ထားတဲ့အတွက် ဒီလက်မှတ်ထိုးတဲ့အချိန်လည်း ၈ ဖွဲ့နဲ့ပဲ ထိုးဖြစ်သွားတယ်။ ကျန်တဲ့အဖွဲ့နဲ့ မထိုးဖြစ်တော့ဘူး။ စောစောပြောတဲ့ ဒီမူကြမ်းအထိတော့ ကျနော်တို့ အကုန်လုံး လက်ခံပြီးပြီလက်မှတ်ထိုးဖြစ်တဲ့အချိန်ကျတော့ သူတို့အတွင်းမှာ အစည်းအဝေးပြန်လုပ်တယ်။ ပြီးရင် ပြင်ဆင်တယ်၊ ဖြည့်စွပ်တယ်။ ဒီနောက်ပိုင်း ကိစ္စတွေ ကျနော်တို့ ဘာမှမသိရဘူး။ ဒီနောက်ပိုင်းမှာ ဖြစ်တာတော့ ကျနော်တို့ လက်ခံနိုင်တဲ့ အခြေအနေက မရှိဘူး။ အခု ဒီနေ့ထိ NCA ထိုးပြီးသားအဖွဲ့လည်း ဘာမှ အကောင်အထည် ဖော်လာနိုင်တာ မတွေ့ဘူး။ ဘာမှ ရုပ်လုံးပေါ်လာတာလည်း မရှိဘူး။ ပြောမယ်ဆိုရင် ဟိုဟာဖြစ်တာပေါ့နော်။ အလုပ်မဖြစ်ဘူးလို့ ကျနော်မြင်တယ်။ ကျနော်တို့က ဒီတိုင်းရပ်လို့ မဖြစ်ဘူးဆိုပြီးမှ မြောက်ပိုင်းမှာရှိတဲ့ အဖွဲ့တွေစုပြီးတော့မှ ပန်ခန်းမှာ အစည်းအဝေးလုပ်တယ်။ လုပ်ပြီးတာနဲ့ နောက်ဆုံးပန်ဆန်းအစည်းအဝေးမှာ သဘောတူညီမှု ရတယ်။ ဒီလမ်းကြောင့်အတိုင်း မသွားပဲ။ အခြားလမ်းကြောင်းကို ကျနော်တို့ရှာမယ်။ အဲ့မှာ အဆင်ပြေမယ်။ အဲဒါကြောင့်မို့ ကျနော်တို့က ဒီကိစ္စကို နောက်ဆုံး ကျနော်တို့ ရပ်တည်ချက် ပန်ဆန်းညီလာခံ သဘောတူညီချက်အတိုင်း ဆက်သွားမယ်။
မေး။ ။ ဟုတ်ကဲ့။ NCA စာချုပ်ထဲမှာ တိုင်းရင်းသားတွေအတွက် ဘယ်လိုအချက်က ဆန့်ကျင်ဖီအားပေးတယ်လို့ ယူဆနိုင်လဲ။ ဘယ်အချက်က ဘယ်လိုရှိတယ်ဆိုတာကို နည်းနည်းလေး ထောက်ပြနိုင်မလား။ သဘောမတူတဲ့ ဟာတွေပေါ့။
ဖြေ။ ။ ဒီ NCA က . . . သူနဲ့ပဲ တိတိကျကျ လုပ်ပါနော်(ဗိုလ်မှူးတာပန်လနှင့် လွဲ)
မေး။ ။ ဒါဆိုရင် ရပါတယ်။ အဲ့တော့ တစ်နေ့ကို ဘယ်နှစ်ကြိမ်လောက် ဖြစ်နေတာလေးကို ပြောပေးနိုင်မလား။
ဖြေ။ ။ ဒီ တိုက်ပွဲအရ ပြန်ကြည့်မယ်ဆိုရင်တော့ တစ်လကို အနည်းဆုံး ၁၀ ကြိမ်အထက်မှာ ရှိတယ်။ ဒီနှစ်က ပိုပြီးပြင်းထန်တယ်။ အခြားနှစ်ထက်စာလို့ရှိရင် ကျနော်တို့ ပြန်ကြည့်လို့ရှိရင် အဖြစ်အများဆုံးကတော့ မေလထဲမှာ အများဆုံး ဖြစ်တယ်။ မေလထဲမှာတော့ တိုက်ပွဲအကြိမ် ၃၀ ကျော်လောက် ဖြစ်တယ်။ ဒါ ၂၀၁၇ နှစ်ထဲပေါ့နော် တိုက်ပွဲက ၁၀၀ ကျော် ဖြစ်တယ်။ RCSS နဲ့တော့ တိုက်ပွဲကြီးငယ် ၁၀ ကြိမ်လောက်တော့ ဖြစ်တယ်။
မေး။ ။ အော် ဒီတစ်နှစ်အတွင်းပဲ။
ဖြေ။ ။ ၂၀၁၇ ထဲမှာ။
မေး။ ။ တပ်မတော်ဘက်ကတော့ ဆက်ကြေးကောက်တယ်လို့ နည်းနည်းပြောတယ်။ အဲ့ပိုင်းကျတော့ရော ဘယ်လိုလဲခင်ဗျာ။
ဖြေ။ ။ ဒီဟာကတော့ သူတို့ရဲ့တမင်သက်သက် အကြောင်းပြချက်ပေါ့။ ဒီဟာက ထိုးစစ်ဆင်တာကို မီဒီယာပေါ်မှာလည်း ဖော်ပြတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့အချိန်မှာ သူတို့ဘက်က ထိုးစစ်ဆင်တယ်ပြောမှာကြောက်လို့ ဒီဟာကို ဆက်ကြေးကောက်တယ်၊ လူသစ် စုစောင်းတယ်။ အဲ့လိုမျိုး သူတို့ အကြောင်းပြချက်နဲ့ ထိုးစစ် တက်လာတယ်ပေါ့နော်။ အကုန်လုံး ပြန်ကြည့်မယ်ဆိုရင်တော့ သူတို့ အဲ့လိုမျိုး ကြေညာပြီးဆိုရင် ထိုးစစ်တွေက ပြန်တက်လာတယ်။ ကျနော်တို့ သတိထားမိတယ်။ ပြီးရင် သူတို့က ထိုးစစ် ပြန်တက်လာတယ်။ ပြီးရင် ထိုးစစ်တွေက ပြန်မဆုတ်တော့ဘူး။ သူတို့ အကြောင်းပြချက်အမျိုးမျိုး ရှာတယ်။ သူတို့ကပဲ ကျနော်တို့ကို လားရှိုးမြို့ပေါ်မှာ ဝါဒတွေ ဖြန့်တာပေါ့နော် စာတွေ။ ပြီးတော့ မိုင်းတွေခွဲမယ် အကြမ်းဖက်လိုလို ဘာလိုလိုနဲ့ ကျနော်တို့အဖွဲ့ကို စွက်စွဲကြိမ်း အပြစ်တင်တာ ရှိတယ်။ တကယ့်တကယ် ကျနော်တို့က အထဲထဲမှာ ပေါ်လစီလည်း မရှိဘူး။ လုပ်ဖို့ မူဝါဒလည်း မရှိဘူး။ဒီ လူထုကို ဒုက္ခပေးဖို့မဟုတ်ဘူး ကျနော်တို့ မူဝါဒက။ လူထုကို ဒုက္ခပေးချင်လို့ ဒီအဖွဲ့အစည်း တည်ထောင်လာတာ မဟုတ်ဘူး။ ကျနော်တို့ဒေသကို ကိုယ်ပိုင်ပြဌာန်းခွင့် ရချင်တယ်။ ဒီ တန်းတူအခွင့်အရေးရချင်လို့ အဖွဲ့အစည်း ထောင်လာတာ ဖြစ်တယ်။ ဒီလူထုကို ကျနော်တို့က တက်နိုင်သမျှ ရှောင်တယ်။ ဒီ လူထုထိခိုက်မယ်ဟာ။ ဒါပေမယ့် စောစောကပြောတဲ့ accident (မတော်တဆထိခိုက်မှု) တော့ ဘာမှ မတက်နိုင်ဘူးပေါ့နော်။ အဲ့လို ကိစ္စတွေတော့။ လူထုကို ဝန်ထုတ်ဝန်ပိုး ဖြစ်နိုင်မယ့်ဟာဆို ကျနော်တို့က ရှောင်တယ်။ အခုနပြောသလို သူတို့က အဲလို ထုတ်ပြန်တယ်။ စောစောကပြောသလို ကျနော်တို့ မူဝါဒလည်း မရှိဘူး။ လုပ်ဖို့လည်း မရှိဘူး။
မေး။ ။ ဒါဆို ဗိုလ်မှူး အဲဒီတုန်းက လမ်းတွေမှာ ဗုံးတွေ၊ ဘာတွေ ပေါက်တာက အဲ့ကိစ္စတွေကျတော့ ဗိုလ်မှူးတို့နဲ့။ သူတို့က မြောက်ပိုင်းမဟာမိတ်လို့ သုံးနှုန်းသွားတယ်။ ဗုံးတွေ၊ ဘာတွေ ထောင်တယ်ပေါ့ လားရှိုးမှာ။ အကြမ်းဖက်တဲ့ပုံစံမျိုးတွေ လုပ်တယ်ပေါ့လေ။ အဲ့လို ဖြစ်စဉ်မျိုးကျတော့ရော။
ဖြေ။ ။ ဒီကျနော်တို့ စစ်ဆင်ရေးကျတော့ ဒီ limit (စည်း/ ထိန်းသိမ်းမှု)ရှိတယ်။ တချို့နေရာမှာလည်း ကျနော်တို့အဖွဲ့ လက်ချက်ကြောင့် ဖြစ်တယ်။ ဘာကြောင့်ဆိုရင် သူတို့က အင်အားကို မတန်တဆသုံးတယ်။ ပြီးရင် သံချပ်ကာကားတွေနဲ့။ အစီးရေက လိုအပ်ချက်အရပေါ့နော်။
မေး။ ။ အော် ဟုတ်။
ဖြေ။ ။ကြားကာလတော့ မရှိဘူး။ ကျနော်တို့ ပြောလို့ ရတာပေါ့နော်။ အဲ့တုန်းကတော့ သူတို့စွက်စွဲသလို အကုန်လုံး။ သူတို့ပစ်တာလည်း ရှိတယ်။ တချို့နေရာ ပြန်ကြည့်ရင် သူတို့ဓာက်ပုံတွေက မိုင်းပေါက်တဲ့ဓါတ်ပုံ မဟုတ်ဘူး။ လက်နက်ကြီးကျတဲ့ ဓတ်ပုံ။ လက်နက်ကြီးဆိုရင် ၁၂၀ လောက်ကျတယ်။ ကျနော်တို့ဆီမှာ အဲလိုမျိုး အကြီးဆုံးလက်နက်ဆို ၆၀ ပဲ ရှိတယ်။ ၆၀ မမဆို ကျတာက ဘယ်လောင်မှ မရှိဘူး။ ဘယ်လောက်မှ ထိခိုက်မှု မရှိဘူး။ ၁၂၀ လက်နက်ကြီးတွေက ပြောမယ်ဆိုရင် သူတို့ တကယ့်တကယ် ထင်ထင်ရှားရှား ပြတာက မုံကွန်အထက် ကျနော်တို့ဘက်တွေက ပစ်ခက်လို့ တကယ့်တကယ် ဒီနယ်စပ်တကြောမှာ နေတာက မြင်နေရတယ်။ သူတို့ ဂျက်လေယာဉ်တွေနဲ့ နှစ်ရက် သုံးရက်တက်တိုက် ဗုံးလာကျဲတာ။ မေး။ ။ အော် နမ့်စန် ဖြေ။ ။ မုံကွန်။ မူဆယ် မဟုတ်ဘူး။ ရဟက်ယာဉ်တွေနဲ့ လာပစ်တာ။ မီးပါလောင်တယ်။ ဘယ်သူမှလည်း မနေရဲတော့ အဲ့မှာ မီးငြိမ်းမယ့်သူ မရှိဘူး။ ပျက်တာပေါ့နော်။ တကယ့်တကယ် သူတို့ ပြန်တဲ့အချိန်ကျတော့ ကျနော်တို့အဖွဲ့ဖြစ်တယ်။ အဲ့လိုမျိုးဖြစ်တယ်။ တကယ့်တကယ် ဒီအပြင်မှာ ရှိတဲ့လူကတော့ အကုန်လုံး မြေပြင်ပါ စွန့်ပြစ်ပြီးတော့ ဒီ ကဒ်နဲ့မီဒီယာတွေက မသွားရဲကြဘူး။ ကန့်သန့်ချက်တွေ အများကြီးရှိတယ်။ ဒါက တပ်မတော်ရဲ့ လုပ်ရိုးလုပ်စဉ်လို့တောင် ပြောလို့ရတာပေါ့နော်။ မဟုတ်မမှန်သတင်းတွေ ထုတ်ပြန်တယ်။
မေး။ ။ အခုဒါဆို လက်ရှိလှုပ်ရှားတဲ့ နယ်မြေမှာ ပြည်သူတွေ အခက်အခဲရှိလား၊ ဒါမှမဟုတ် စားဝတ်နေရေး ပြဿနာတွေရှိလား။
ဖြေ။ ။ အင် ရှိတယ်။ ဒီ အထူးသဖြင့် စောစောကပြောတဲ့ လူထုတွေက သွားလာရင် သူတို့တွေက ဖမ်းစီးတယ်။ ရိုက်နှက်မှုတွေ ပြုလုပ်တယ်။ တစ်ခါတလေ စစ်ဆေးပြီးမှ ရိုက်သွားတာရှိတယ်။ တစ်ခါတလေ ဖမ်းစီးပြီးမှ ကြိုးတုတ်ထားတယ်။ အဲ့လိုမျိုး ကိစ္စတွေရှိတော့ ကိုယ်သွားရမယ့် ကိုယ့်စားဝတ်နေရေး၊ ဘယ်လိုပြောမလဲ နက်လက်ကြီးတွေလည်း မထင်သလို ပစ်တယ်။ ကိုယ့် လယ်ယာမြေတွေ သွားဖို့လည်း မဝံ့မရဲဖြစ်တယ်။ ကောင်းရောင်း၊ ကောင်းဝယ်လုပ်တာလည်း သိပ်ပြီး မရဲကြဘူး။ ဒီ လူထုအပေါ်မှာတော့ အများကြီးအကျိုးသက်ရောက်မှုရှိတယ်။ လူထုအပေါ်မှာတော့ တစ်ခါတလေ သူတို့က ဖန်းပြီးစစ်ဆေးတယ်။ အခုဆိုရင်တော့ သူတို့က အင်တာနက်ထဲပေါ့နော်။ တချို့ဆို အကုန်လုံးက ဒီ မိုဘိုင်းဖုန်း သုံးကြတယ်။ သတင်းတွေ ဖတ်ကြတယ်။ တချို့ကျတော့ စစ်ကြတယ်။ တချို့ကျတော့ မသုံးတတ်တော့ ကောက်စစ်ပြီဆိုရင် ၁၇(၁) နဲ့ တရားစွဲတယ်။ အဲ့လိုမျိုး ရှိတယ်။
မေး။ ။ အခု NCA ထိုးထားတဲ့ RCSS နဲ့လည်း မကြမကြာ နည်းနည်းလေးတွေဖြစ်တော့ အဲ့ဒါဘာကြောင့်ဖြစ်တာလဲ။ အဲ့အနေအထားက။
ဖြေ။ ။ RCSS နဲ့ ဖြစ်တာကတော့ အရင်တုန်းကတော့ ကျနော်တို့ဒေသမှာ RCSS တပ်ဖွဲ့ဆိုတာ မရှိဘူး။ ကျနော်တို့ဆီမှာ လှုပ်ရှားမှု မရှိဘူး။ ၂၀၁၅ မှာ ကျတော်တို့ဒေသကို သူတို့ တက်လာတယ်။ တက်လာတဲ့အခါမှာ NCA မထိုးခင် သြဂုက်လ ကျတယ်ပေါ့။ တက်လာတယ်၊ တက်လာပြီးမှ ဒီ ကျောက်မဲကနေသူက တက်လာတော့ နမ့်စန်မြို့နယ်ထဲ ဝင်တယ်ပေါ့။ ကျနော်တို့ မတက်လာနဲ့လို့။ ခင်းဗျားတို့ တက်လာလိုရှိရင် ကျနော်တို့ တိုက်ပွဲဖြစ်နေတယ်။ မတက်သင့်ဘူး သူတို့ကိုပြောတော့။ သူတို့က ဆက်တက်တယ်။ တက်ပြီးတော့မှ တိုက်ပွဲတစ်ကြိမ် ဖြစ်တယ်။ အဲ့တုန်းက လူအင်အား ၂၀၊ ၃၀ လောက်ပဲ ရှိတယ်။ သူတို့က ပြန်ဆုတ်သွားတော့ သီပေါမြို့နယ်ထဲ ပုန်းခိုနေတယ်။ NCA လက်မှတ် ထိုးပြီး နောက်ပိုင်းတော့ ဟိုလောက်ကျတာပေါ့နော့ အောင်တိုဘာလောက်ကျခါကျတော့ အော် နိုဝင်ဘာလ ကျတဲ့အခါကျတော့ သူက အင်အားအလုံးအရင်းနဲ့ ပြန်တက်လာတယ်။ အင်အားအလုံးအရင်းနဲ့ ပြန်တက်လာတော့ ဒီ နမ့်စန်းကနေ ကျောက်မဲမြို့နယ်ကို ဖြတ်တယ်။ အဲ့မှာ ကျနော်တို့ မပစ်သေးဘူး။ မေတ္တာရပ်ခံတယ် ပြီးရင် ညှီနှိုင်းတယ် ရှေ့တန်းတပ်မှူးတွေနဲ့။ ခင်ဗျားတို့က NCA လက်မှတ်ထိုးပြီးသား အဖွဲ့ဖြစ်တယ်။ ဒီဘက်မှာ တိုက်ပွဲဖြစ်နေတယ်။ ခင်ဗျားတို့က မတက်သင့်ဘူး။ မေတ္တာရပ်ခံတယ်။ တားဆီးတယ် မရဘူး။ သူတို့က တောက်လျှောင်တက်လာတယ်။ ဒီ နမ္မတူဖြတ်လာတယ်၊ နောက်ဆုံးတော့ နမ့်ခန်းမြို့နယ် ဟိုပန်နားထိ ရောက်လာတယ်။ ရောက်လာတဲ့ အခါကျတော့ အဲ့ကနေစပြီး တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တဲ့အခါကျတော့ စစတက်ချင်းက သူတို့က အင်အား ၅၀၀ လောက်ပဲရှိတယ် သူတို့က။ ဖြစ်ပြီးတာနဲ့ မြန်မာ့တပ်မတော်ရဲ့ အကူအညီနဲ့ သူတို့က အင်အားအလုံးအရင်နဲ့ အင်အား ၂၀၀၀ ကျော် ကျတော်တို့ဒေသကို ပြန်တက်လာတယ်။ လာပြီးမှ နောက်ပိုင်းမှာ တိုက်ပွဲက တော်တော်လေး ပြင်းပြင်ထန်ထန် ဖြစ်တယ်။ ၂၀၁၆ အတွင်း ဒီ RCSS နဲ့ တိုက်ပွဲဖြစ်တာ ၁၀၀ ကျော်လောက် ဖြစ်တယ်။ အဲ့မှာ ကျနော်တို့ တိုက်ပွဲဖြစ်ဖြစ်ရင်းနဲ့ ကျနော်တို့
မေး။ ။ တစ်နှစ်အတွင်းမှာပေါ့နော်။
ဖြေ။ ။ ဟုတ်တယ်၊ တစ်နှစ်အတွင်းမှာ။ ကျနော်တို့ သူတို့နဲ့ တိုက်ပွဲဖြစ်ဖြစ် နောက်ဆုံးသူတို့ နောက်ကို ပြန်ဆုတ်တယ်။ နမ္မတူနဲ့ သီပေါနယ်စပ်ထိ ကျနော်တို့ တိုက်ပွဲတွေ ဖြစ်တယ်။ သူတို့ ပြန်ဆုတ်သွားတယ်။ ဆုတ်သွားတဲ့အချိန်ကျတော့ ဒီ သီပေါနယ်စပ် ရောက်တဲ့အချိန်ကျတော့ လိုက်မတိုက်တော့ အဲ့မှာပဲရပ်သွားတယ် ၂၀၁၆ ဒီဇင်ဘာကနေ တိုက်ပွဲအဲ့နားမှာ သိပ်ပြီးထိတွေ့မှုမရှိတော့ဘူး။ ပြီးခဲ့တဲ့ မေလလောက် သူတို့ တကျော့ ပြန်တက်လာတယ်။ မြန်မာ့တပ်မတော်လည်း ထိုးစစ် ပြန်တက်လာတယ်။ ပြန်ကြည့်မယ်ဆိုရင်တော့ ပထမထိုးတက်တုန်းကလည်း ဒီတပ်မ ၈၈ ရှိတယ်။ အခု ဒီ တပ်မ ၈၈ ပြန်ရောက်လာတော့ သူတို့လည်း အဲ့ဒါနဲ့ ပြန်တိုးတက်လာတယ်။ ပြန်တက်လာတဲ့အချိန်ကြတော့ ထိတွေ့မှု ပြန်ဖြစ်လာတယ်။ ဒီ နမ္မတူနယ်စပ်တစ်ဝိုက်မှာ ပြန်ဖြစ်တယ်။ သူတို့ အဲ့ဘက်တစ်ခေါက်၊ နှစ်ခေါက်ဖြစ်လို့ရှိရင် သူတို့က ပြန်ဆုတ်သွားလိုက် ပြီးရင် သိပ်ပြီးလှုပ်ရှားမှုမရှိဘူးဆိုရင် ပြန်တက်လာတယ်။ အဲ့လိုမျိုး ခဏခဏအဲ့လိုမျိုး။ သူတို့က ကျော်တက်လာလို့ရှိရင် တိုက်ပွဲဖြစ်တယ်။ သူတို့ မကျော်တက်လာဘူးဆိုရင် တိုက်ပွဲက ငြိမ်တယ်ပေါ့။
မေး။ ။ အော် အဲ့ဒါကို ဗိုလ်မှူးတို့ ဘယ်လို သုံးသပ်လည်း ခင်ဗျာ။ တိုက်ရင်းသားလက်နက်ကိုင်း အချင်းချင်းပဲ။ သို့ပေမယ့် NCA မထိုးထားတာနဲ့ ထိုးထားတာပဲ ကွာတယ်။ အဲ့ဒါကို ဘယ်လိုဖြစ်အောင် ဘယ်လိုလုပ်နေတယ်။ အဲ့လိုအနေအထားလေးလားဗျ။ ဘယ်လို . . .
ဖြေ။ ။ ပြောမယ်ဆိုရင်တော့ ဒီ RCSS လာတိုက်တာက မြန်မာ့တပ်မတော်ရဲ့ပယောဂကြောင့်ပဲ ပြောရမယ်။ ဘာကြောင့်ဆိုရင်တော့ ဒီ ခါတိုင်း စောစောက ပြောသလိုပေါ့နော်။ အင်အားသောင်းချီပြီးစစ်အင်အား ဖြန့်ချလာတယ်။ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ သူတို့က အကျအဆုံးများတယ်။ NCA ထိုးပြီးနောက်ပိုင်း သူတို့ RCSS ကို ထိုးတက်လာတယ်။ ပြီးတဲ့အခါကျတော့ အင်အား တစ်ဝတ်လောက်ကို ပြန်လျော့လာတယ်။ ပြန်လျော့ပြီးတော့မှ ကျနော်တို့တပ်ဖွဲ့နဲ့ RCSS ဖြစ်တယ်။ အဲ့ဒါကို ပြန်ကြည့်မယ်ဆိုရင်တော့ ဒီတိုင်းရင်းသားအချင်းချင်း သွေးထိုးပြီးတော့မှ လက်နက်ကိုင် တိုင်းရင်းသားအချင်းချင်း ပြုန်းတီးစေချင်တဲ့သဘော။ အဲ့လိုမျိုးလို့ ကျနော်တို့ သုံးသပ်လို့ ရတယ်။ ဒါကို တက်တဲ့ပုံစံ ပြန်ကြည့်မယ်ဆိုရင် သူတို့ ဒီ RCSS က တက်တဲ့အချိန် မြန်မာ့တပ်မတော်ရဲ့ ကူညီပံ့ပိုးမှုတွေ အများကြီးပါတယ်။ သူတို့ကားနဲ့ တောက်လျောက်တင်လာတာ ဒီနယ်စပ်ထိ လာချပေးတာလည်း တွေ့ရတယ်။ ဟိုးအောက်ပိုင်း လွယ်တန်းလျံကနေ ကျနော်တို့ တောင်ပိုင်းတက်လာတဲ့အချိန်ကျတော့ ဒီလောက်စစ်အင်အားထောင်ချီ ဖြတ်တက်လာတယ်။ အဲ့ဒါက မြန်မာ့တပ်မတော်ရဲ့ တပ်စခန်းတွေ၊ ဒေသတွေ အများကြီး ဖြတ်လာတယ်။ သူတို့ အပစ်အခက်မရှိပဲ ဘာမှအတားအဆီးလည်း မရှိဘူး။ ကျတော်တို့ဒေသကို ပို့ချလာတယ်။ ဒီ စစ်ဖြစ်နေတဲ့ အချိန်ဆိုရင် ဒီ ကျောက်မဲနားတစ်ဝိုက်ဆိုရင်၊ ဒီ မန်းဝင်းနားတစ်ဝိုက်ဖြစ်ပြီဆိုရင်တော့ မြန်မာ့တပ်မတော်ကနေပြီးတော့ နက်လက်ကြီးပစ်ကူပေးတယ် RCSS ကို။
မေး။ ။ အဲ့တော့ တခြားသော ပြည်သူ့စစ်လိုဟာမျိုးနဲ့ရော အထိအတွေ့တွေ ရှိလာခင်ဗျာ။
ဖြေ။ ။ ပြည်သူ့စစ်နဲ့ ထိတွေ့မှုကတော့ ဒီဘက်မှာ ပန်ဆေးပြည်သူ့စစ်ပဲ ရှိတယ်။ ပန်ဆေးပြည်သူ့စစ်နဲ့ ဘာကြောင့်ဖြစ်လည်းဆိုတော့ သူတို့ ဒီ မူးယစ်ဆေးဝါးတွေ လုပ်တယ်။ ဒီဘိန်းတွေလည်း စိုက်တယ်။ ကျနော်တို့ မူးယစ်ဆေး နှိပ်နှင်းရေးတွေ လုပ်ပြီဆိုရင်တော့ သူတို့နားရောက်ပြီးဆိုရင်တော့ တိုက်ပွဲထိတွေ့မှုက နေ့စဉ်နေ့တိုင်း ဖြစ်တယ်။ အဲ့ဘက်မှာလည်း ကျနော်တို့ ရောက်ပြီဆိုရင်တော့ ဒီမြန်မာ့တပ်မတော် စစ်ကြောင်း ၄၊ ၅ ကြောင်း လာပြီးတော့မှ ထိုးစစ်တက်လာတယ်၊ ပိတ်ဆို့မှုတွေ ပြုလုပ်လာတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ရယ်၊ ဒီနှစ်၂၁၀၇ ဘိန်းခြံသွားဖျတ်တဲ့အချိန် မြန်မာ့တပ်မတော်က လေယာဉ်နဲ့ပါ အသုံးပြုပြီးတော့မှ ကျနော်တို့အဖွဲ့ကို လာပစ်ခက်တာ ရှိတယ်။
မေး။ ။ အဲ့တော့ဗိုလ်မှူး ဘယ်လိုထင်မြင်ယူဆလဲ။ ဒီတိုက်ပွဲတွေ တပ်နဲ့ TNLA ကြားထဲမှာ ဘယ်လောက်ကြာမှ ငြိမ်းချမ်းရေး၊ စစ်တွေ ဘယ်အချိန်မှ ရပ်တန့်မလဲလို့ မြင်မိလဲခင်ဗျာ။
ဖြေ။ ။ ဟုတ်ကဲ့။ တိုက်ပွဲကတော့ အဖြေမဟုတ်ဘူး။ တိုက်ခိုက်တာကတော့ အဖြေမဟုတ်ဘူး။ ဒီတွေ့ဆုံဆွေးနွေးှမှုပြုလုပ်မှ အဖြေဖြစ်တယ်။ ထပ်တွေ့ဆုံမယ့်နည်းလမ်းကို ရှာရမယ်။ တွေ့ဆုံဖို့အတွက်လည်း ကျနော်တို့ မကြာခဏသဘောထား ထုတ်ပြန်တယ်။ တွေ့ဆုံဖို့ အဆင်သင့်ဖြစ်တယ်။ ဒီ မြန်မာ့တပ်မတော်ရဲ့ သဘောထားက ကန့်သန့်ချက်တွေက များတယ်။ ဘယ်လိုမှ မဖြစ်ဘူး။ တွေ့ဆုံပြီး ပြုလုပ်ဖို့ လိုတယ်။ တိုက်ခိုက်မှု အထူးစစ်တွေ လျော့ဖို့လိုတယ်။
မေး။ ။ ဘာများပြောချင်သေးလဲခင်ဗျာ။
ဖြေ။ ။ ဟုတ်ကဲ့။ မရှိတော့ပါဘူး။
အလွတ်တန်းသတင်းထောက် စိုးရာဇာထွန်း တွေ့ဆုံမေးမြန်းသည်။