နယ်စပ်မှတစ်ဆင့် ကိုဗစ်ကပ်ရောဂါမကူးစက်စေရေး ရခိုင်အရပ်ဘက်အဖွဲ့များ၏ အကြံပြုချက်များ
04 May 2021
ရခိုင်ပြည်နယ်နှင့်ဆက်စပ်နေပြီး နယ်စပ်ကနေတဆင့် ကုန်သွယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် အန္ဒိယနိုင်ငံတို့တွင် ကိုဗစ်ပိုးကူးစက်မှုမြင့်မားပြီး လူအသေအပျောက် များစွာရှိနေသည့်အချိန်တွင် မိမိတို့ဒေသတွင်းသို့ ကုန်သွယ်ရေးလုပ်ငန်းများမှ လူအဝင်အထွက်ကြောင့် ကိုဗစ်ကူးစက်မှု မဖြစ်ပေါ်စေရန် မည်သို့လုပ်ဆောင်သင့်သည်ကို စစ်တွေအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းများအား DMG မှ ဆက်သွယ်မေးမြန်းထားသည်။