- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
နေရပ်စွန့်ခွာ ကျောက်ဖြူဒေသခံများ မြို့သို့ပြန်ဝင်နေကြ
ကျောက်ဖြူနှင့် စစ်တွေမြို့ရှိ ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့တိမ်းရှောင်ကြရန် အာရက္ခတပ်တော်(AA)က သတိပေးပြီးနောက် ကျောက်ဖြူမြို့နေလူထု တစ်ဝက်ခန့်မှာ ဘေးလွတ်မည့်နေရာများသို့ တိမ်းရှောင်ခဲ့ကြသည်။
26 Jun 2024

DMG ၊ ဇွန် ၂၆
တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်ပြီး နေရပ်စွန့်ခွာတိမ်းရှောင်နေကြသည့် ကျောက်ဖြူမြို့မှ ဒေသခံများမှာ ယခုလ အစောပိုင်းမှစ၍ မြို့ပေါ်သို့ တစ်စတစ်စ ပြန်လည်ဝင်ရောက်နေထိုင်နေကြသည်ဟု သိရသည်။
“အရင်ကဆိုရင် မြို့ပေါ်မှာက လူသူမရှိသလောက် ခြောက်ကပ်နေတယ်လို့ ပြောနိုင်တယ်။ အခု ဈေးတွေမှာရော၊ လမ်းတွေမှာပါ အရင်ကထက် လူတွေအများကြီး စည်ကားလာတာကို မြင်ရပါတယ်” ဟု ကျောက်ဖြူမြိုခံ အမျိုးသားတစ်ဦးက ပြောသည်။
ကျောက်ဖြူနှင့် စစ်တွေမြို့ရှိ ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့တိမ်းရှောင်ကြရန် အာရက္ခတပ်တော်(AA)က သတိပေးပြီးနောက် ကျောက်ဖြူမြို့နေလူထု တစ်ဝက်ခန့်မှာ ဘေးလွတ်မည့်နေရာများသို့ တိမ်းရှောင်ခဲ့ကြသည်။
လက်ရှိမှာ သားသမီးပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်စားသောက်ရေး စသည့် အခက်အခဲအမျိုးမျိုးကြောင့် မြို့သို့ပြန်လာကြခြင်းဟု ကျောက်ဖြူဒေသခံများက ပြောကြသည်။
ပြန်လည်ဝင်ရောက်နေထိုင်နေသူ အမျိုးသမီးတစ်ဦးက “ကျမတို့က သင်္ကြန်မတိုင်ခင် မြို့ကထွက်လာကြတာ။ ဒါပေမဲ့ တစ်ရက်ထက်တစ်ရက် စားဝတ်နေရေးက ဘယ်လိုမှ အဆင်မပြေဘူး။ ဒီကြားထဲ ကျန်းမာရေးကလည်း မကောင်းဘူး။ ကျေးလက်မှာက ဆေးဝါးလည်းမစုံဘူး။ ဒါကြောင့် ပြန်ပြီးတော့ ပြောင်းလာခဲ့ကြတာပါ” ဟု ပြောသည်။
ကျောက်ဖြူဒေသခံများ မြို့ပေါ်သို့ ပြန်ဝင်လာခြင်းသည် စစ်ကောင်စီအတွက် အားသာချက်ဖြစ်စေပြီး AA အနေဖြင့် မြို့တွင်းတိုက်ပွဲဖော်ဆောင်ရာ၌ အခက်အခဲများရှိလာနိုင်ကြောင်း ပြောဆိုမှုများ ရှိနေသည်။
ကျောက်ဖြူဒေသခံ လူမှုရေးသမားတစ်ဦးက “အေအေက ဒေသခံတွေထိခိုက်နစ်နာမှု မဖြစ်ဖို့အတွက် ထွက်ခွာဖို့ ပြောထားတာ။ အခုလိုမျိုး အရပ်သားတွေအများကြီးရှိနေတော့ စစ်ကောင်စီအတွက် လူသားဒိုင်းကာလုပ်ဖို့ အခွင့်အရေးပိုရသွားသလို စစ်ပွဲရှည်ကြာဖို့ အခွင့်အရေးပေးရာလည်း ရောက်သွားစေတယ်” ဟု ပြောသည်။
လက်ရှိတွင် ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုများ ရှိလာခြင်းမှုနှင့်အတူ မြေပြင်တွင် နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိသည်။
တိုက်ပွဲ ၇ လကျော်အတွင်း မြို့နယ် ၁၀ ခုအထိ သိမ်းပိုက်ထားသော AA သည် ရခိုင်တောင်ပိုင်းစစ်မျက်နှာကို ပိုမိုအားစိုက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။