“ဘယ်လိုအခက်အခဲပဲလာပါစေ ရခိုင်ပြည်သူ/သားတွေအကျိုးကို ဆောင်ရွက်ဖို့ ထက်သန်တဲ့စိတ်နဲ့ ကျွန်မရင်ဆိုင်သွားမယ်”

မင်းထွန်း 31 Aug 2020

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကိုယ်စားလှယ်လောင်း ဒေါက်တာတင်မာအောင်နှင့် အင်တာဗျူး

“လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ခံခွင့်မရှိဘူးဆိုတာ ကျနော့်ကို ဥပဒေမဲ့မတရားပြုကျင့်သလို ခံစားရတယ်”

31 Aug 2020

မြန်မာ့တပ်မတော်မှ ၎င်း၏သားဖြစ်သူ ဗိုလ်မှူးအောင်မြင့်စိုး ရက္ခိုင့်တပ်တော်(AA) သို့ ဝင်ရောက်သွားသဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ပယ်ချခံရသည့် ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံကို DMG က ဆက်သွယ်မေးမြန်းထားပါသည်။

ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် စစ်တွေဆေးရုံကြီးမှာ ယာယီတာဝန်ထမ်းဆောင်ဖို့ ရောက်ရှိနေတဲ့ သမားတော် ဒေါက်တာအောင်နိုင်လင်း နှင့် ဆက်သွယ်မေးမြန်းခြင်း

29 Aug 2020

လက်ရှိ ပိုးတွေ့လူနာတွေရဲ့ ကျန်းမာရေးအခြေအနေ၊ ကျန်းမာရေးဝန်ထမ်းတွေမှာ ကူးစက်မှုဖြစ်ရတာတွေနဲ့ လတ်တလော ရောဂါကာကွယ်ကုသရေးအပိုင်းတွေနဲ့ ပတ်သက်ပြီး ရန်ကုန်ကနေ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ယာယီတာဝန်ထမ်းဆောင်ဖို့ ရောက်ရှိနေတဲ့ သမားတော် ဒေါက်တာအောင်နိုင်လင်း ကို DMG သတင်းထောက် ခင်သရဖီဦးက ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

“အပြစ်မရှိတဲ့ ပြည်သူတစ်ဦးတစ်ယောက်ကိုမျှ သူတို့ ဒုက္ခမပေးဖူးဘူးလား”

06 Aug 2020

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်စခန်းများကို တပ်မတော်စစ်ကြောင်းများက ဝင်ရောက်စစ်ဆေးမှုများ တဖြည်းဖြည်း များပြားလာနေသည်။ စစ်ဘေးရှောင်များကတော့ တပ်မတော်စစ်ကြောင်းလာပြီ ဆိုသည့်နှင့် ကြောက်လန့်ထွက်ပြေးကြလေသည်။ ထိုအခြေအနေများနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံကို DMG က တွေ့ဆုံမေးမြန်းထား

“ဦးသိန်းစိန်အစိုးရလက်ထက်မှာ အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်။ NLD အစိုးရဖြစ်လာတော့ မွေးရပ်နေရာတောင် မရှိတော့ဘူး”

29 Jul 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် လူနည်းစုတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် ကမန်အမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းကို DMG သတင်းထောက် ခင်သရဖီဦးက ဆက်သွယ်မေးမြန်းထားပါသည်။

“ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြန်ပြီး ထမ်းဆောင်ချင်ပါတယ်”

ခိုင်မင်းညို 22 Jul 2020

“ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြန်ပြီး ထမ်းဆောင်ချင်ပါတယ်”

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာကို တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေအား DMG က ဆက်သွယ်မေးမြန်းထားသည်။

ရွာကိုပြန်သွားတာ အိမ်မရှိတော့လို့ လမ်းပေါ်ကနေပဲ မျက်ရည်ကျပြီး ပြန်ခဲ့ရတယ်

13 Jul 2020

လက္ကာရွာမီးလောင်မှုဖြစ်စဉ်မှာ နေအိမ်နှင့် မွေးမြူရေးခြံများ ပါဝင်သွားသောကြောင့် ငွေကျပ်သိန်း (၂၀၀) ဖိုးခန့် ဆုံးရှုံးသွားခဲ့သည့် ဒေါ်မလှညွှန့်ကို ၎င်းနေထိုင်သည့် တိမ်ညိုစစ်ဘေးရှောင်စခန်းသို့ သွားရောက်ပြီး DMG က တွေ့ဆုံမေးမြန်းထားပါသည်။

NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်မှာ ဘာတွေပြောင်းလဲသွားသလဲ

မင်းထွန်း 04 Jul 2020

၂၀၁၅ ခုနှစ်နောက်ပိုင်းတက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် (၅)နှစ်တာကာလမှာ ရခိုင်ပြည်နယ်အတွင်း ဘာတွေအပြောင်းအလဲဖြစ်ခဲ့သလဲဆိုတာကို နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်အချို့ရဲ့အမြင်တွေကို(DMG)က စုစည်းတင်ပြထားပါတယ်။
မင်းထွန်း စုစည်းတင်ပြသည်

ဒေါက်တာအေးမောင်ကို လာမယ့်ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိကြောင်း ကြေငြာချက်အပေါ် သုံးသပ်ချက်များ

ဝင်းညွန့် 23 May 2020

အမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေလ(၁၈)ရက်နေ့တွင် ကြေငြာလိုက်သည်။ ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဌာန်းချက်များနှင့် ငြိစွန်းနေသဖြင့် ဒေါက်တာအေးမောင်အား နောင်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲများတွင်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ကြောင်း...

Covid-19 ထိန်းချုပ်ကာကွယ်ရေး အပစ်ရပ်နယ်မြေများထဲတွင် ရခိုင်နှင့်ချင်း မပါဝင်မှုအပေါ် သုံးသပ်ချက်များ

14 May 2020

Covid -19 ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်က အပစ်ရပ်စဲရာတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အား ချန်လှပ်ထားမှုအပေါ် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၏ အမြင်အချို့ကို DMG က စုစည်းဖာ်ပြလိုက်ရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ထုတ်ပြန်ချက်အပေါ် ဘယ်လိုမြင်ကြလဲ

ခိုင်ရိုးလ 01 May 2020

ရက္ခိုင့်တပ်တော်(AA)သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အဖျက်၊ အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် အသက်စွန့်၍ တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သား အရာရှိ၊ စစ်သည်များအားလုံးကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ဧပြီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC ) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းနှင့် ဆက်သွယ်မေးမြန်းချက်

28 Apr 2020

“တစ်ချို့စစ်ဘေးရှောင်တွေက ရွာပြန်ကြတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါက လူစုလူဝေးနေလို့ အဆင် မပြေဘူး ဆိုတာကို သိတာကြောင့် ကြောက်ရွံပြီးတော့ မဖြစ်မနေ ရွာပြန်သွားတယ်”

AA ကို အကြမ်းဖက်အုပ်စုနဲ့ မတရားအသင်းအဖြစ် အစိုးရကြေငြာလိုက်မှုအပေါ် ဘယ်လိုမြင်ကြလဲ

04 Apr 2020

မတ်လ ၂၃ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေငြာခဲ့သည်။ ထိုကြေငြာချက်နှင့်ပတ်သက်ပြီး နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များနှင့် ဥပဒေပညာရှင်များ၏ အမြင်များကို DMG က မေးမြန်းထားသည်။

AA ကို မတရားအသင်း၊ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်လိုက်တာဟာ မီဒီယာတွေအတွက် ဘယ်လိုအခက်အခဲဖြစ်ပေါ်စေနိုင်လဲ

ခိုင်ရိုးလ 31 Mar 2020

မတ်လ ၂၃ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရကကြေငြာခဲ့သည်။ ထိုသို့ကြေငြာလိုက်ခြင်းကြောင့် သတင်းရယူရေးအပိုင်းတွင် မည်သည့်အခက်အခဲများ ဖြစ်ပေါ်လာနိုင်သလဲ ဆိုသည်ကို သတင်းစာဆရာများ၏အမြင်များကို DMG က မေးမြန်းထားသည်။

အင်တာနက်ဖြတ်တောက်မှုကြောင့် ဘယ်လိုသက်ရောက်မှုဖြစ်ပေါ်နေလဲ

ခိုင်မြတ်နိုင် 27 Feb 2020

ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်က မြို့နယ်(၉)မြို့နယ်ကို အစိုးရက အင်တာနက်ဖြတ်တောက်ထားသည်။ အင်တာနက်ဖြတ်တောက်ထားခြင်းမှာ နိုင်ငံတော်ကာကွယ်ရေးအတွက် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး တိုင်းပြည်အတွက် အကျိုးရှိသည်ဟု အစိုးရက ပြောထားသည်။ အင်တာနက်ဖြတ်တောက်ထားမှုကြောင့် မည်သို့သက်ရောက်မှုရှိသည်ကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ လွှတ်တော်ကိုယ်စားလှယ်များကို DMG က ဆက်သွယ်မေးမြန်းထားသည်။

မငြိမ်းချမ်းသည့်ပြည်နယ်က ငြိမ်းချမ်းမှုကိုလိုလားသည့် “ဥယျာဉ်မှူး”

11 Feb 2020

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြိန်းတောကုန်တန်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် မူလတန်းပြဆရာမ အသက် (၂၈) နှစ်အရွယ် ဒေါ်ခင်ဌေးဝင်းသည် ဖေဖော်ဝါရီလ ၃ ရက်၊ ညနေ ၃ နာရီခွဲက လက်နက်ကြီးကျည်စ ထိမှန်သွားသောကြောင့် ဒဏ်ရာရရှိသွားသည်။ ထိုအဖြစ်အပျက်များအပါအဝင် ပညာရေး၊ ငြိမ်ချမ်းရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆရာမ ဒေါ်ခင်ဌေးဝင်းကို DMG သတင်းထောက် ခိုင်ရိုးလက တွေ့ဆုံမေးမြန်းထားသည်။

ရခိုင်စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့မှု ဘာကြောင့် နည်းပါးလာရတာလဲ

ဝင်းညွန့် 30 Jan 2020

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာသည်နှင့်အမျှ စစ်ဘေးရှောင်ဦးရေလည်း (၁)သိန်းကျော်အထိရှိလာသည်။ သို့သော် စစ်ဘေးရှောင်များကို အရပ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်များ ကူညီထောက်ပံ့မှုနည်းပါးလာသောကြောင့် စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မှု မည်သည့်အတွက် နည်းပါးလာရသည်ကို လွှတ်တော်ကိုယ်စားလှယ်များ၊ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့အစည်းများကို DMG က ဆက်သွယ်မေးမြန်းထားသည်။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ရင် ဘယ်လိုသက်ရောက်မှုရှိလာနိုင်လဲ

ခိုင်ရိုးလ 17 Jan 2020

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းက စတင်ခဲ့သည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲသည် လက်ရှိအချိန်ထိ ပြင်းထန်နေသောကြောင့် ရခိုင်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်မည်လော ဆိုသည့် မေးခွန်းလည်းထွက်ပေါ်နေသည်။ တိုက်ပွဲများကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့လျှင်

၂၀၂၀ နှစ်သစ်ကူးဆုတောင်း

ခိုင်ရိုးလ 02 Jan 2020

ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ စာရေးဆရာများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ၂၀၂၀ နှစ်သစ်ကူးဆုတောင်းစကားများကို စုစည်းတင်ဆက်လိုက်ပါသည်။

ရခိုင်တွင် ရွေးကောက်ပွဲကျင်းပရန် AA နှင့် ဆွေးနွေးသင့်သလား

ကျော်သူဋ္ဌေး 20 Dec 2019

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက ရက္ခိုင့်တပ်တော်(AA)နှင့်ညှိနှိုင်းလျှင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနသို့ ပြောဆိုထားသည်။ ထိုသို့ ပြောဆိုချက်နှင့်ပတ်သက်ပြီး ပါတီအသီးသီးနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတစ်ချို့၏ အမြင်ကို DMG က ဆက်သွယ်မေးမြန်းထားသည်။

Showing 121-140 of 190 items.