- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
မအီ သုံးလောင်ပြိုင်လူသတ်မှု သံသယရှိသူကို မဖမ်းမိသေး
သံတွဲခရိုင် မအီမြို့တွင် ဇွန်လ ၄ ရက်နေ့ကဖြစ်ပွားခဲ့သော ၃ လောင်းပြိုင်လူသတ်မှုဖြင့် သံသယရှိသူအား လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးဟု တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက DMG ကိုပြောသည်။
“ တရားခံကို အခုချိန်ထိ ဖမ်းမမိနိုင်သေးပါဘူး ”ဟု ၎င်းကသည်။
05 Oct 2018

ခင်သရဖီဦး၊ DMG
အောက်တိုဘာ ၅၊ စစ်တွေ
သံတွဲခရိုင် မအီမြို့တွင် ဇွန်လ ၄ ရက်နေ့ကဖြစ်ပွားခဲ့သော ၃ လောင်းပြိုင်လူသတ်မှုဖြင့် သံသယရှိသူအား လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးဟု တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက DMG ကိုပြောသည်။
“ တရားခံကို အခုချိန်ထိ ဖမ်းမမိနိုင်သေးပါဘူး ”ဟု ၎င်းကသည်။
သုံးလောင်းပြိုင် လူသတ်မှုကျူးလွန်သူဟု သံသယရှိသူမှာ ကိုခင်မောင်အေး (အသက် ၂၆ နှစ်) ဖြစ်ပြီး ၎င်း၏ ဇနီးနှင့် ဇနီး၏ဖခင်၊ မိခင်တို့ကို တပြိုင်တည်းသတ်ခဲ့သည်ဟု ရဲစခန်းမှတ်တမ်းများအရ သိရသည်။
ဦးခင်မောင်အေးသည် ဇနီးသည်ကို ယောက္ခမနေအိမ်မှ ဆွဲခေါ်ယူရာတွင် ယောက္ခမ ဦးရွှေအေးမောင်နှင့် ဒေါ်မခင်သန်းတို့က ဝင်ရောက်ဟန့်တားသဖြင့် ယောက္ခမလင်မယားကိုသတ်ဖြတ်ပြီး ဇနီးကိုပါ ထပ်မံသတ်ဖြတ်ခဲ့ကြောင်း မအီမြို့မရဲစခန်းက သိရသည်။
သံသယတရားခံ ဦးခင်မောင်အေးကို လူသတ်မှုဖြင့် ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုထားပြီး တွေ့ရှိလျှင် နီးစပ်ရာ ရဲစခန်းသို့ သတင်းပေးတိုင်ကြားနိုင်အတွက် ၎င်း၏ ဓာတ်ပုံနှင့် သံတွဲခရိုင်ရဲတပ်ဖွဲ့ ဝရမ်းထုတ်ထားကြောင်း သိရသည်။