- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
စစ်တွေမြို့မဈေးကြီးမှ ဈေးဆိုင် ၅၀၀ ကျော်ကို မြို့သစ်စီမံကိန်းနေရာသို့ ပြောင်းရွေ့မည်
မြို့မဈေးကြီးအတွင်း ဈေးလမ်းများတွင် ရောင်းသူ၊ ဝယ်သူများပြားလာသည့်အတွက် သွားလာရေးအခက်အခဲများရှိနေသဖြင့် စနစ်တကျဖြစ်စေရန်အတွက် စီစဉ်ရခြင်းဖြစ်ကြောင်း စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ အမှုဆောင်အရာရှိ ဦးကျော်မိုးကပြောသည်။
22 Aug 2019
ကျော်သူဌေး | DMG
သြဂုတ် ၂၀ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မြို့မဈေးကြီးအတွင်းမှ ဈေးဆိုင်ပေါင်း ၅၀၀ ကျော်ကို မြို့သစ်စီမံကိန်းနေရာသို့ ပြောင်းရွေ့ရန်စီစဉ်နေကြောင်း စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
မြို့မဈေးကြီးအတွင်း ဈေးလမ်းများတွင် ရောင်းသူ၊ ဝယ်သူများပြားလာသည့်အတွက် သွားလာရေးအခက်အခဲများရှိနေသဖြင့် စနစ်တကျဖြစ်စေရန်အတွက် စီစဉ်ရခြင်းဖြစ်ကြောင်း စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ အမှုဆောင်အရာရှိ ဦးကျော်မိုးကပြောသည်။
“အဓိကတော့ ကျွန်တော်တို့ စစ်တွေမြို့မဈေးမှာ ပျံကျဈေးသည်အတွက်ဆိုပြီး သီးသန့်နေရာလေး လျာထားတာနည်းတာပေါ့။ ပျံကျဈေးရောင်းတဲ့သူတွေကလည်း များလာတယ်။ နောက်ပြီးယာဉ်တွေများလာတယ်။ ဈေးလမ်းမှာ နေရာမရှိတဲ့အခါကျတော့ ကမ်းနားလမ်းတို့ ဈေးလမ်းတို့မှာ ပျံကျဈေးသည်တွေ ရောင်းတဲ့အခါကျတော့ လမ်းတွေရှုပ်ထွေးတယ်။ သွားရလာရတာ နည်းနည်းအခက်အခဲတွေရှိတာပေါ့နော်။ ရောင်းတဲ့လူရောဝယ်တဲ့လူရော။ အဲဒါတွေကို စနစ်တကျလေးဖြစ်အောင် ရည်ရှည်အတွက် ရည်ရွယ်ပြီးတော့ ဈေးနေရာရွေ့ပြောင်းဖို့ နေရာကလည်းရပြီဆိုတော့” ဟု ဦးကျော်မိုးက ဆိုသည်။
ယခုပြောင်းရွေ့ရမည့် ဈေးသည်များထဲတွင် ဈေးလမ်းဘေးမှာ ဟင်းသီးဟင်းရွက်ရောင်းချနေသည့် ဈေးသည်အများအပြားပါဝင်ကြောင်း သိရသည်။
ဈေးသည်များကို ကိုးရီးယား BXT ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စစ်တွေမြို့သစ်စီမံကိန်းအတွင်းမှ ပြည်နယ်အစိုးရအဖွဲ့ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ ၂ ဧကအပေါ်နေရာချပေးရန် စီစဉ်ထားခြင်းဖြစ်သည်။
“ဈေးတစ်ဈေးလုံးပြောင်းရွေ့ပစ်မှာတော့ မဟုတ်ဘူး။ အဓိကက လမ်းဘေးပျံကျဈေးသည်တွေ၊ ဟင်းသီးဟင်းရွက်ရောင်းတဲ့ ပံျကျဈေးသည်တွေကို ပြောင်းရွှေ့ပေးသွားမှာပါ” ဟု စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ အမှုဆောင်အရာရှိ ဦးကျော်မိုးက ပြောသည်။
လမ်းဘေးပျံကျဈေးသည်များအနေဖြင့် ဈေးရောင်းရာတွင် နေရာလုရခြင်း၊ ဆိုင်ကယ်ရပ်ရန် နေရာများတွင် ရောင်းပါက ဈေးကောက်အပြင် ဆိုင်ကယ်ဈေးကောက်ထံလည်း ငွေကြေးပေးဆောင်ရသည့် နေ့များရှိသည့်အတွက် ဈေးရောင်းရန် နေရာတစ်နေရာရလျှင် အဆင်ပြေနိုင်ကြောင်း ဆိုကြသည်။
“အစ်မတို့လို ပျံကျဈေးသည်တွေက ဆိုင်တွေကို ထပ်ပြီးခင်းရတော့ ဈေးဆိုင်ခန်းတွေ ရှေ့မှာ ကွယ်သလိုဖြစ်နေပြီး သူတို့ကမကြိုက်တော့ ရောင်းရတာအဆင်မပြေဘူး။ ဈေးသည်အချင်းချင်း အဆင်မပြေမဖြစ်ချင်ဘူး၊ တစ်ရက်တစ်ရက် ရတဲ့နေရာမှာ ဆိုင်ကို ရွှေ့ပြီးရောင်းရတယ်”ဟု ရေခဲသုပ်သည် ဒေါ်ဖြူမက ပြောသည်။