- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
စက်သုံးဆီဈေး မြင့်တက်လာခြင်းကြောင့် အုတ်၊ သဲ၊ ကျောက်များ ဈေးအနည်းငယ်မြင့်တက်
စက်သုံးဆီဈေးမြင့်တက်လာခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းက အုတ်၊ သဲ၊ ကျောက်များမှာလည်း ဈေးအနည်းငယ် မြင့်တက်လာကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။
20 Sep 2021
DMG ၊ စက်တင်ဘာ ၂၀
စက်သုံးဆီဈေးမြင့်တက်လာခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းက အုတ်၊ သဲ၊ ကျောက်များမှာလည်း ဈေးအနည်းငယ် မြင့်တက်လာကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။
စက်သုံဆီးဈေးနူန်းများမှာ ယခင်က တစ်ဂါလံကို ၂၀၀၀ ကျပ်ရှိခဲ့သော်လည်း လက်ရှိတွင် တစ်ဂါလံကို ၆၀၀၀ ကျပ်အထိ ဈေးမြင့်တက်လာနေသည်။
ယင်းကြောင့် ကျောက်၊ သဲတင်ပို့သည့် စက်လှေပိုင်ရှင်များဖက်မှာလည်း ဈေးပိုတောင်းလာကြခြင်းဖြစ်ကြောင်း ကျောက်၊ သဲ၊ အုတ်လုပ်ငန်းရှင်များက ဆိုသည်။
“အုတ်ကတော့ အရင်နှစ်ကထက် ၅၀၀၀၊ ၁၀၀၀၀ ထိ တက်သွားပါတယ်။ အုတ်၊ သဲ၊ ကျောက်သယ်တဲ့ ဘုတ်တွေကနေတစ်ဆင့်ဈေးတက်လာတာ။ ဘုတ်သမားတွေက ဆီဈေးတက်တော့ ဈေးတက်လာတာဖြစ်ပါတယ်။ ကျောက်တွေကတော့ ပုံမှန်ဆို ဒီအချိန်မှာဈေးမတက်ပါဘူး”ဟု ရိုးမအုတ်၊ သဲ၊ ကျောက်ရောင်းဝယ်ရေးဆိုင်မှ ကိုကျော်အေးစံကပြောသည်။
ယခင်က အုတ် ၁၀၀ လျှင် ၁၀၀၀၀ ကျပ်သာရှိခဲ့သော်လည်း လက်ရှိတွင် ၁၃၀၀၀ ကျပ်သို့လည်းကောင်း၊ ကျောက်တစ်ကျင်းကို ယခင်က ရ၀၀၀၀ ကနေ လက်ရှိတွင် ရ၅၀၀၀ ကျပ်အထိ ဈေးတက်လာကြောင်း အုတ်၊ သဲ၊ ကျောက်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
“အခုက မိုးတွင်းလည်းဖြစ်တယ်။ နောက်ရောဂါတစ်မျိုးပါရှိနေတော့ ရောင်းအားမကောင်းပါဘူး။ ပြီးတော့ တချို့ဆို တန့်ထားတဲ့ လုပ်ငန်းတွေရှိနေတော့ အရောင်းအဝယ်သိပ်ဖြစ်ပါဘူး” ဟု အမည်မဖော်လိုသည့် အုတ်၊ သဲရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ယခင်နှစ်က ကျောက်တစ်ကျင်းကို ရ၀၀၀၀ ကျပ်ဖြင့် အိမ်တိုင်ရာရာက် ပို့ဆောင်နိုင်သော်လည်း ယခုနှစ်တွင် ၈၀၀၀၀ ကျပ်ဖြင့်သာ အိမ်အရောက်ပို့ဆောင်နိုင်ကြောင်း ဆိုသည်။
ဆောက်လုပ်ရေးလုပ်ငန်းများဖက်မှာလည်း ဘတ်ဂျက်အခြေအနေ၊ ဆောက်လုပ်ရေးတွင်လိုအပ်သည့် ပစ္စည်းများ ဈေးတက်လာခြင်းကြောင့် ရပ်ထားသည့်အဆောက်အဦးများရှိကြောင်းလည်း သိရသည်။
ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်လာသည့်အတွက် အရောင်းအဝယ်ပိုင်းတွင်လည်း ရောင်းအားမကောင်းဘဲရှိနေကြောင်း ကျောက်၊ အုတ်၊ သဲရောင်းဝယ်ရေးလုပ်ငန်းရှင်များက ပြောသည်။