- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
ဒေါက်တာအေးမောင် မောင်တောနှင့် ဘူးသီးတောင်မြို့သို့ သွားရောက်မည်
နှစ်ရှည် ထောင်ဒဏ်ကျခံနေရာမှ လွတ်မြောက်လာသည့် ဒေါက်တာအေးမောင်သည် မောင်တောမြို့ နှင့် ဘူးသီးတောင်မြို့သို့ ယခု မတ်လ ၂၁ ရက်နေ့တွင် သွားရောက်မည်ဟု သိရသည်။
20 Mar 2021

DMG ၊ မတ် ၂၀
နှစ်ရှည် ထောင်ဒဏ်ကျခံနေရာမှ လွတ်မြောက်လာသည့် ဒေါက်တာအေးမောင်သည် မောင်တောမြို့ နှင့် ဘူးသီးတောင်မြို့သို့ ယခု မတ်လ ၂၁ ရက်နေ့တွင် သွားရောက်မည်ဟု သိရသည်။
ရခိုင့်ဦးဆောင်ပါတီ (AFP) ပါတီ၏ ဘူးသီးတောင်မြို့နယ်ပါတီမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
" ဟုတ်ပါတယ်။ မနက်ဖြန် မောင်တောကိုရောက်မယ်။ မောင်တောမှာ ဆရာတော်ကြီးများထံ သြဝါဒခံယူမယ်။ နောက် ဘူးသီးတောင်မြို့ပေါ်က စစ်ဘေးရှောင်စခန်းတွေကို သွားရောက်မယ်။" ဟု ပြောသည်။
ဒေါက်တာအေးမောင်အပါအဝင် စာရေးဆရာဝေဟင်အောင်တို့မှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ရသေ့တောင်မြို့နယ်တွင် ပြုလုပ်သည့် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အချာ အာဏာကျရှုံးခြင်း ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောချက်များနှင့် ပတ်သတ်၍ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၂၀၁၉ ခုနစ် မတ်လ ၁၉ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံး၌ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတို့ဖြင့် ထောင်ဒဏ် (၂၀) ချမှတ်ခံခဲ့ရပြီး ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံခဲ့ရသည်။
ထို့နောက် ၂၀၂၁ ခုနှစ် ဖော်ဝါရီလ ၁၂ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၎င်းတို့နှစ်ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့သည်။
နှစ်ရှည် ထောင်ဒဏ်ကျခံနေရာမှ လွတ်မြောက်လာသည့် ဒေါက်တာအေးမောင်သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဖေဖော်ဝါရီလ ၁၈ ရက် နေ့လယ် ၁ နာရီခန့်တွင် လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ပြီး ပြည်သူထောင်နှင့်ချီ ကြိုဆိုခဲ့ကြပြီးနောက် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် မြောက်ဦးနှင့် မင်းပြားမြို့သို့ သွားရောက်ခဲ့ရာ ပြည်သူထောင်ချီကြိုဆိုခဲ့ကြသည်။