- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ကျောက်တော်မြို့ထဲကို စစ်ကောင်စီ ဗုံးကြဲမှု သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရသူ ၂၀ ကျော်ရှိ
ဂျက်ဖိုက်တာဖြင့် ၂ စီးဖြင့် ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်၊ မြို့သစ်ရပ်ကွက်နှင့် ရှမ်းရွာရပ်ကွက်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။
19 Apr 2025

DMG ၊ ဧပြီ ၁၉
ရခိုင်ပြည်၊ ကျောက်တော်မြို့ထဲကို ယနေ့ နံနက် ၂ နာရီကျော်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးအလုံးရေ ၁၀ ကျော် ကြဲချခဲ့သဖြင့် မြို့ခံ ၂ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
ဂျက်ဖိုက်တာဖြင့် ၂ စီးဖြင့် ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်၊ မြို့သစ်ရပ်ကွက်နှင့် ရှမ်းရွာရပ်ကွက်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။
“လူနေရပ်ကွက်ထဲကို ၄ ကြိမ်အထိ ဗုံးလာကြဲသွား အလုံးရေ ၁၀ ကျော်တယ်။ ညအချိန်ဆိုတော့ အားလုံးအိပ် မောကျချိန်မှာ ဗုံးကြဲခဲ့တာ။ ပေါင် ၅၀၀ ဗုံးတွေ၊ အတွဲလိုက် ဗုံးတွေနဲ့ မြို့အနှံ့ ပတ်ပြီး ကြဲချခဲ့တာ။ တချို့ နေရာ တွေမှာဆိုရင် မပေါက်ကွဲဘဲ ဗုံးသီးတွေ ကျန်နေသေးတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
သေဆုံးသွားသူမှာ ပြည်တော်သာရပ်ကွက်မှ အသက် ၄၀ နှစ်အရွယ် ဦးမောင်ငယ်ဖြစ်ပြီး ကျန်တစ်ဦးအမည်ကို DMG က စုံစမ်းနေဆဲဖြစ်သည်။ ထို့အတူ ဒဏ်ရာရသူများ၏ စာရင်းအတိအကျကိုသိရှိရန် လတ်တလောတွင် ခက်ခဲနေသေးကြောင်း အဆိုပါမြို့ခံက ပြောသည်။
လက်ရှိတွင် ဒဏ်ရာရသူများမှာ လုံခြုံရာနေရာများတွင် ဆေးကုသမှုခံယူနေပြီး ဗုံးကြဲမှုအတွင်း နေအိမ်အများအပြား ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
“မြို့ထဲမှာတော့ အပျက်အစီးတော်တော်များတယ်။ နေအိမ်တွေ လုံးဝပြိုသွားတယ်။ လဝကရုံးနားမှာလည်း နေအိမ်တွေ ပြိုတာများတယ်။ အခုမြို့ထဲမှာတော့ လူတွေက စိုးရိမ်စိတ်နဲ့ ရုတ်ရုတ်သဲသဲဖြစ်နေကြတယ်” ဟု မြို့ခံ နောက်ထပ်အမျိုးသမီးတစ်ဦးက ပြောသည်။
ဧပြီလ ၁၃ ရက်ကလည်း ကျောက်တော်မြို့၊ ရွှေကျောင်းအနီးကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် မြို့ခံ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။