- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
စစ်တွေဆေးရုံကြီးတွင် တီဘီနှင့် HIV ဆေးဝါးပြတ်တောက်နေ
တီဘီနှင့် HIV ရောဂါဝေဒနာရှင်များမှာ ပုံမှန်သောက်သုံးနေကျ ဆေးမရရှိသဖြင့် ကိုယ်ခံအားကျဆင်းပြီး ရောဂါဆိုးရွားမှုဒဏ်ကို ရင်ဆိုင်နေကြကာ အသက်သေဆုံးသူအချို့လည်း ရှိနေကြောင်း သိရသည်။
05 Dec 2024

DMG ၊ ဒီဇင်ဘာ ၅
စစ်ကောင်စီက ဆေးဝါးတင်သွင်းခွင့် ကန့်သတ်ပိတ်ပင်ထား၍ စစ်တွေဆေးရုံတွင် တီဘီနှင့် HIV ဆေးဝါး ပြတ်တောက်နေသဖြင့် ရောဂါဝေဒနာရှင်များမှာ အခက်အခဲ ရင်ဆိုင်နေကြရသည်။
ဆေးဝါးတင်သွင်းခွင့်ကို ပြီးခဲ့သည့် မေလမှစ၍ ကန့်သတ်ထားခြင်းဖြစ်ပြီး ကျန်ရှိသည့်ဆေးဝါးများမှာလည်း ပြတ်တောက်နေကြောင်း သိရသည်။
စစ်တွေမြို့ရှိ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက “ဆေးမရောက်တော့ ကိုယ်ခံအားကျဆင်း ရောဂါတွေဖြစ်ကြတဲ့ တီဘီ၊ HIV တို့လို ဝေဒနာရှင်တွေကို ဆေးထုတ်မပေးနိုင်တော့ဘူး။ သူတို့က လတိုင်းကို ဆေးပုံမှန်ကြရတာ။ အခု ဆေးထုတ်ပေးဖို့ ဆေးရုံမှာ ဆေးမရှိတော့ဘူး။ ဒီလူနာတွေက ဆေးပုံမှန်မသောက်ရရင် သူတို့ရဲ့ မိသားစုတွေကိုလည်း ကူးစက်မှုတွေ ရှိလာနိုင်တာကြောင့် လူနာတွေထပ်တိုးလာနိုင်တဲ့ အခြေအနေတွေမှာ ရှိတယ်” ဟု ပြောသည်။
တီဘီနှင့် HIV ရောဂါဝေဒနာရှင်များမှာ ပုံမှန်သောက်သုံးနေကျ ဆေးမရရှိသဖြင့် ကိုယ်ခံအားကျဆင်းပြီး ရောဂါဆိုးရွားမှုဒဏ်ကို ရင်ဆိုင်နေကြကာ အသက်သေဆုံးသူအချို့လည်း ရှိနေကြောင်း သိရသည်။
ရောဂါဝေဒနာရှင်များမှာ ဆေးဝါးမရရှိ၍ အခြားပိုးသတ်ဆေးအမျိုးအစားများကို အစားထိုးအနေဖြင့် ဈေးနှုန်းပိုပေးကာ ဝယ်ယူသုံးစွဲနေကြရသည်။
“အရင်ကတော့ လစဉ် ဆေးရုံကြီးက ဆေးထုတ်လို့ ရတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလတည်းက ဆေးရုံမှာ ဆေးမရှိတော့ဘူးလို့ ပြောတယ်။ အဲဒါကြောင့် ရောဂါပြင်းထန်တဲ့ အချိန်တွေမှာဆိုရင် အပြင်ဆေးဆိုင်တွေက ပိုးသတ်ဆေးတွေကို ဈေးကြီးပေး ဝယ်သောက်နေကြရတယ်။ ကျနော်တို့ စိုးရိမ်တာက အိမ်မှာကလေးတွေ ရှိတယ်။ သူတို့ဆီကို ရောဂါကူးစက်မှာကို ကြောက်နေတာ။ ဒါကြောင့် စစ်တွေမြို့အတွက် ဆေးတွေကို သယ်ယူခွင့် ပြုစေချင်တယ်” ဟု စစ်တွေမြို့မှ တီဘီရောဂါရှင် အမျိုးသားတစ်ဦးက ပြောသည်။
တီဘီ၊ HIV ရောဂါဝေဒနာရှင်များအတွက် ဆေးဝါးမရရှိပါက ရောဂါပိုဆိုးရွားလာနိုင်ပြီး နောက်ဆက်တွဲအနေဖြင့် အသက်သေဆုံးနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းများက သတိပေးထားကြသည်။
စစ်ရေးကြောင့် စစ်တွေမြို့ရှိ ပုဂ္ဂလိကဆေးရုံဆေးခန်းများလည်း ပိတ်ထားသဖြင့် ဒေသခံများမှာ ကျန်းမာရေးကိစ္စနှင့် ပတ်သက်၍ စိုးရိမ်စရာ ဖြစ်နေသည်။