ပုံမှန်ဖြစ်ဖို့ ကြိုးပမ်းနေရတဲ့ ရမ်းဗြဲ (ဓာတ်ပုံသတင်း)

ရမ်းဗြဲမြို့ကို ပြန်လည်တည်ဆောက်ရေးအတွက် လူမှုအဖွဲ့အစည်းနှင့် ရပ်မိ ရပ်ဖများက ဝိုင်းဝန်းကြိုးပမ်းနေကြသော်လည်း ပုံမှန်အခြေအနေဖြစ်ရန် ခက်ခဲနေဆဲဖြစ်သည်။

By Admin 21 Jan 2025

ပုံမှန်ဖြစ်ဖို့ ကြိုးပမ်းနေရတဲ့ ရမ်းဗြဲ (ဓာတ်ပုံသတင်း)

ရခိုင်ပြည်၊ ရမ်းဗြဲမြို့ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း DMG က ကွင်းဆင်းလေ့လာစဉ် ရိုက်ကူးခဲ့သော ဓာတ်ပုံမှတ်တမ်းများ ဖြစ်သည်။

 

ရမ်းဗြဲမြို့တွင် ပြီးခဲ့သည့် ၂၀၂၃၊ ဒီဇင်ဘာ ၁၈ ရက်က တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃၊ မတ်လ ၁၁ ရက်တွင် အာရက္ခတပ်တော် (AA) ရမ်းဗြဲမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

ရမ်းဗြဲတိုက်ပွဲ ကာလတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃၆၀ ကျော်ထက်မနည်း မီးလောင်ပြာကျခဲ့ရခြင်းဖြစ်ပြီး လက်နက်ကြီးထိမှန်မှုကြောင့်လည်း ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အအုံများပါ ပျက်စီးခဲ့ရသည်။

ရမ်းဗြဲမြို့ကို ပြန်လည်တည်ဆောက်ရေးအတွက် လူမှုအဖွဲ့အစည်းနှင့် ရပ်မိ ရပ်ဖများက ဝိုင်းဝန်းကြိုးပမ်းနေကြသော်လည်း ပုံမှန်အခြေအနေဖြစ်ရန် ခက်ခဲနေဆဲဖြစ်သည်။

လက်ရှိတွင် နေအိမ် မီးလောင်ပျက်စီးမှုနှင့်အတူ စီးပွားပျက်ခဲ့ရသော ပြည်သူများမှာ ဆေးဝါးနှင့် စားနပ်ရိက္ခာ ခက်ခဲမှုအပြင် ဓနိမိုးထားသော တဲအိမ်ငယ်များတွင် အကျပ်အတည်းများစွာနှင့် ဖြစ်သလို နေထိုင်၊ စားသောက်နေရသည်။

ဆုံးရှုံးနစ်နာခဲ့ရတဲ့သူများကို လူမှုအဖွဲ့အစည်းများက ကူညီထောက်ပံ့မှုများရှိသော်လည်း လိုအပ်ချက်များ၍ ရေရှည်အတွက် အခက်အခဲများရှိနေသေးပြီး အကူအညီလိုအပ်ချက်မှာလည်း မြင့်မားနေဆဲဖြစ်ပေသည်။