- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဆန္ဒပြပွဲများ အရှိန်မြင့်တက်လျက်ရှိသော ဟောင်ကောင်တွင် မျက်နှာဖုံးစွပ်ဆန္ဒပြခြင်းကို တားမြစ်ရန်စီစဉ်
လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသမားများကြား ပဋိပက္ခဖြစ်ပွားမှုများ အရှိန်မြင့်လျက်ရှိသည့် ဟောင်ကောင်တွင် အစိုးရက လူစုလူဝေးချီတက်မှုများ၌ မျက်နှာဖုံးစွပ်ခြင်းကို တားမြစ်သည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်သွားရန် စီစဉ်နေကြောင်း ဒေသတွင်းမီဒီယာများကို ကိုးကားပြီး BBC က ဖော်ပြထားသည်။
03 Oct 2019
လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသမားများကြား ပဋိပက္ခဖြစ်ပွားမှုများ အရှိန်မြင့်လျက်ရှိသည့် ဟောင်ကောင်တွင် အစိုးရက လူစုလူဝေးချီတက်မှုများ၌ မျက်နှာဖုံးစွပ်ခြင်းကို တားမြစ်သည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်သွားရန် စီစဉ်နေကြောင်း ဒေသတွင်းမီဒီယာများကို ကိုးကားပြီး BBC က ဖော်ပြထားသည်။
ဟောင်ကောင်အာဏာပိုင်များသည် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို နှိမ်နင်းနိုင်ရန် ကိုလိုနီခေတ်မှ အရေးပေါ်အခြေအနေ ဥပဒေတစ်ရပ်ကို အသုံးပြုသွားရန် စီစဉ်လျက်ရှိသည်။ အရေးပေါ်အခြေအနေ လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဋ္ဌာန်းအမိန့်ဟု အမည်ရသော အဆိုပါဥပဒေကို ဟောင်ကောင်တွင် အသုံးမပြုသည်မှာ နှစ်ပေါင်း ၅၀ ကျော်ရှိပြီဖြစ်သည်။
ရာဇဝတ်မှုသံသယရှိသူများကို တရုတ်ပြည်မကြီးသို့ လွှဲပြောင်းပေးရေး အဆိုပြုမှုများမှတဆင့် ဟောင်ကောင်တွင် ပြီးခဲ့သော ဇွန်လမှစတင်ပြီး ဆန္ဒပြပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
မျက်နှာဖုံးစွပ်ဆန္ဒပြခြင်းကို တားမြစ်သည့်ကြေညာချက်ကို အမှုဆောင်အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီးနောက် သောကြာနေ့မှာပင် ကြေညာသွားဖွယ်ရှိနေသည်ဟု ဒေသတွင်းရုပ်သံလိုင်း TVB သတင်းက ဖော်ပြသည်။
အဆိုပါအမှုဆောင်အစည်းအဝေးတွင် အရေးပေါ်အခြေအနေဆိုင်ရာ ဥပဒေများကိုလည်း ထုတ်ပြန်သွားဖွယ်ရှိနေသည်။
အဆိုပါဥပဒေများသည် ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်းနှင့်အစိုးရအဖွဲ့အား အရေးပေါ်အခြေအနေ၊ သို့မဟုတ် ပြည်သူများ၏ အကျိုးစီးပွားအတွက် ၎င်းတို့အကျိုးရှိမည်ဟုယူဆသည့် မည်သည့်စည်းမျဉ်း၊ ပြဋ္ဌာန်းအမိန့်မျိုးကိုမဆို ထုတ်ပြန်နိုင်သည့် အခွင့်အာဏာရရှိစေမည်ဖြစ်သည်။
၁၉၆၇ ခုနှစ်က နောက်ဆုံးအသုံးပြုခဲ့သော ယင်းဥပဒေများအရ အစိုးရသည် ဖမ်းဆီးခြင်း၊ ပုံနှိပ်ဖြန့်ချိမှုများတွင် ဆင်ဆာပိတ်ပင်ခြင်းနှင့် ပုဂ္ဂလိကပိုင်နက်များအတွင်း ဝင်ရောက်စီးနင်းရှာဖွေခြင်းများ လုပ်ဆောင်ရာတွင် ပိုမို၍ လုပ်ပိုင်ခွင့်အာဏာ ရရှိလာမည်လည်းဖြစ်သည်။
ပြီးခဲ့သော ရက်သတ္တပတ်များအတွင်းတွင် ဆန္ဒပြသမားများနှင့် ရဲတပ်ဖွဲ့တို့အကြား ထိပ်တိုက်တွေ့မှုများ ပိုမိုများပြားလာခဲ့ပြီး တနင်္ဂနွေနေ့က ရဲများ၏ ရာဘာကျည်ဖြင့်ပစ်ခတ်မှုကြောင့် အင်ဒိုနီးရှားအမျိုးသမီးသတင်းထောက်တစ်ဦး ယာဘက်မျက်လုံးကွယ်သွားခဲ့သလို အင်္ဂါနေ့ကလည်း ၁၈ နှစ်အရွယ်ဆန္ဒပြသူတစ်ဦး ပုခုံးတွင် ကျည်ဆံအစစ်ထိမှန်ကာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားခဲ့သည်။