- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
ယခင် လုံခြုံရေးအကြီးအကဲဟောင်းအား ဟောင်ကောင်အုပ်ချုပ်ရေးမှူးအဖြစ် တရုတ် အဆိုပြု
အာရှ၏ ဘဏ္ဍာရေးဗဟိုချက်ဖြစ်သည့် ဟောင်ကောင်တွင် အုပ်ချုပ်ရေးမှူးနေရာအတွက် ယခင် လုံခြုံရေးမှူးဟောင်းကို ဘေဂျင်းဘက်က အဆိုပြုလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
09 May 2022
DMG ၊ မေ ၉
အာရှ၏ ဘဏ္ဍာရေးဗဟိုချက်ဖြစ်သည့် ဟောင်ကောင်တွင် အုပ်ချုပ်ရေးမှူးနေရာအတွက် ယခင် လုံခြုံရေးမှူးဟောင်းကို ဘေဂျင်းဘက်က အဆိုပြုလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခင်က ဟောင်ကောင်၏ ဒုတိယအမြင့်ဆုံးရာထူး နေရာတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဂျွန်လီသည် အမည်ခံရွေးကောက်ပွဲတွင် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းဖြစ်သည်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအဖွဲ့ဝင် ၁၅၀၀ အနက် ထက်ဝက်ကျော်က သူ့ကို ထောက်ခံထားပြီးဖြစ်သည်။
လီသည် လက်ရှိအုပ်ချုပ်ရေးမှူး ကယ်ရီလမ်းနေရာကို ဇူလိုင်လ ၁ ရက်နေ့တွင် ဆက်ခံမည်ဖြစ်သည်။
ဗြိတိသျှကိုလိုနီလက်အောက်မှ တရုတ်လက်သို့ ၁၉၉၇ ခုနှစ်တွင် ပြန်ရောက်ခဲ့သည့် ဟောင်ကောင်သည် ကယ်ရီလမ်းလက်ထက် ငါးနှစ်တာအတွင်း တည်ငြိမ်မှုမရှိဆုံး အနေအထားသို့ ရောက်ရှိခဲ့သည်။
ဟောင်ကောင်တွင် ရွေးကောက်ပွဲဥပဒေများအား ဘေဂျင်းစိတ်ကြိုက် ပြုပြင်ပြောင်းလဲအပြီး၌ ယခုကဲ့သို့ ရွေးကောက်ပွဲ စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဘေဂျင်းအပေါ် သစ္စာခံသူများသာ ဟောင်ကောင်တွင် အုပ်ချုပ်ရေးရာထူး ရယူနိုင်အောင် ဥပဒေသစ်များက ဖန်တီးထားသည်။
ရှေ့ပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အုပ်ချုပ်ရေးမှူး လေးဦးလုံးသည်လည်း ဘေဂျင်းစိတ်ကြိုက် ခန့်အပ်ခဲ့သူများသာ ဖြစ်သည်။
ဂျွန်လီသည် ၂၀၁၉ ခုနှစ်တွင် ဟောင်ကောင်ဆန္ဒပြပွဲကာလအတွင်း တစ်စစထင်ရှားလာခဲ့သူ ဖြစ်သည်။ လုံခြုံရေးအကြီးအကဲ ဖြစ်သူ ဂျွန်လီသည် ထိုစဉ်က ဆန္ဒပြပွဲများအား မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များဖြင့် ဖြိုခွဲခဲ့သလို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သူလည်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသည် ၂၀၂၀ ခုနှစ်တွင် ဂျွန်လီ၊ ကယ်ရီလမ်းနှင့် အခြားသော ဟောင်ကောင်နှင့် တရုတ်ပြည်မမှ အရာရှိများအား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ် အရေးယူခဲ့သည်။