- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဟောင်ကောင်သားများ ကနေဒါသို့ ရွှေ့ပြောင်းအခြေချမှု ၁၉၉၈ နောက်ပိုင်း အမြင့်ဆုံးရောက်ရှိ
ဟောင်ကောင်သားများ ကနေဒါနိုင်ငံသို့ ရွှေ့ပြောင်းအခြေချသည့် ပမာဏသည် ဟောင်ကောင်ကို ဗြိတိသျှတို့ တရုတ်လက်သို့ လွှဲပြောင်းပေးခဲ့ပြီး နောက်တစ်နှစ်ဖြစ်သော ၁၉၉၈ ခုနှစ်နောက်ပိုင်းတွင် တစ်ခါမျှ မကြုံဖူးသေးသည့် ပမာဏအထိ မြင့်တက်လာနေကြောင်း အချက်အလက်အသစ်များကို ကိုးကားပြီး Souch China Morning Post သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
01 Apr 2022

DMG ၊ ဧပြီ ၁
ဟောင်ကောင်သားများ ကနေဒါနိုင်ငံသို့ ရွှေ့ပြောင်းအခြေချသည့် ပမာဏသည် ဟောင်ကောင်ကို ဗြိတိသျှတို့ တရုတ်လက်သို့ လွှဲပြောင်းပေးခဲ့ပြီး နောက်တစ်နှစ်ဖြစ်သော ၁၉၉၈ ခုနှစ်နောက်ပိုင်းတွင် တစ်ခါမျှ မကြုံဖူးသေးသည့် ပမာဏအထိ မြင့်တက်လာနေကြောင်း အချက်အလက်အသစ်များကို ကိုးကားပြီး Souch China Morning Post သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဒုက္ခသည်များ ပြည်ဝင်ခွင့်နှင့် ကနေဒါနိုင်ငံသား ခံယူခွင့် (IRCC) ၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် ကနေဒါ၌ အမြဲတမ်းနေထိုင်ခွင့် ရရှိသူဟောင်ကောင်သား စုစုပေါင်း ၃၄၄၄ ဦးရှိခဲ့သည်။ ဤအရေအတွက်သည် ကပ်ဘေးမတိုင်မီ ၂၀၁၉ ခုနှစ်ထက် နှစ်ဆပိုများပြီး ၂၀၁၀ ခုနှစ်ထက် ၁၅ ဆ ပိုမြင့်တက်သွားခြင်း ဖြစ်သည်။
ဟောင်ကောင်တွင် ၂၀၁၉ ခုနှစ်က အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများကို နှိမ်နင်းမှု၊ တရုတ်အစိုးရက ၂၀၂၀ ခုနှစ်တွင် အမျိုးသားလုံခြုံရေးဥပဒေတစ်ရပ် ပြဌာန်းမှုတို့အပေါ် တုံ့ပြန်သည့်အနေနှင့် ကနေဒါအစိုးရသည် ဟောင်ကောင်လူငယ်များ ကနေဒါသို့ လာနိုင်အောင် လမ်းကြောင်းများ ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါလမ်းကြောင်းအပြင် အခြားသော ဗီဇာအမျိုးအစားများနှင့် ရွှေ့ပြောင်းအခြေချမှု ပုံစံများဖြင့်လည်း ဟောင်ကောင်မှ ကနေဒါသို့ ဝင်ရောက်မှုများ အများအပြားရှိကြောင်း သတင်းတွင် ဖော်ပြသည်။
ပြီးခဲ့သည့်နှစ်တွင် ကနေဒါ၌ ပညာသင်ကြားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်များ ရရှိသူ ဟောင်ကောင်သားအရေအတွက်သည် ၁၉၀၆၄ ဦးရှိသည်။ ၎င်းတို့အနက် ရ၅၉၂ ဦးမှာ အလုပ်ပါမစ်သစ် ရရှိကြခြင်း ဖြစ်သည်။
ဟောင်ကောင်တွင် တရုတ်အစိုးရက ဒဏ်ခတ်အရေးယူမှုများ၊ အစိုးရအပေါ် အဖျက်အမှောင့် ပြုလုပ်မှုများ၊ အကြမ်းဖက်မှု၊ ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုများကို တုံ့ပြန်မည့် အမျိုးသားလုံခြုံရေး ဥပဒေသစ်တစ်ရပ် ပြဌာန်းခဲ့ချိန်မှစ၍ ဟောင်ကောင်လူဦးရေ အများအပြားသည် ပြည်ပသို့ ထွက်ခွာလျက်ရှိသည်။
တရုတ်၏ ဥပဒေသည် သဘောထားကွဲလွဲသူများကို ဖိနှိပ်ကာ ဟောင်ကောင်၏ လွတ်လပ်မှုကို တစ်စစ လျော့နည်းစေလျက်ရှိကြောင်း ဝေဖန်သူများက ထောက်ပြလျက်ရှိသည်။