- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဟောင်ကောင်မှာ နှာခေါင်းစည်းမတပ်မနေရ စည်းကမ်းကို ၃ နှစ်အတွင်း ပထမဆုံးရုပ်သိမ်း
ဒေသတွင်းကိုဗစ်ရောဂါ အခြေအနေ၊ တုပ်ကွေးနှင့် အခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးမွှားကူးစက်နှုန်းများ ကျဆင်းလာမှုတို့အပေါ် အခြေခံပြီး ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
28 Feb 2023
ဟောင်ကောင်သားများနှင့် ပြည်ပခရီးသွားများသည် မတ်လ ၁ ရက်နေ့မှစတင်၍ နှာခေါင်းစည်းမတပ်ဘဲ သွားလာနိုင်တော့မည်ဖြစ်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီက ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြောကြားလိုက်သည်။
သို့သော်လည်း သက်ကြီးစောင့်ရှောက်ရေး ဂေဟာများနှင့် ဆေးရုံများကဲ့သို့သော အစိုးရလုပ်ငန်း လည်ပတ်ရာရုံးအချို့တွင်မူ နှာခေါင်းစည်း မတပ်မနေရ စည်းကမ်းကို လိုက်နာရဦးမည်ဟု ဂျွန်လီက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ဒေသတွင်းကိုဗစ်ရောဂါ အခြေအနေ၊ တုပ်ကွေးနှင့် အခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးမွှားကူးစက်နှုန်းများ ကျဆင်းလာမှုတို့အပေါ် အခြေခံပြီး ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဟု သူကပြောသည်။
“အခြေအနေကို လွှမ်းခြုံပြီး ထိန်းချုပ်ထားနိုင်ပါပြီ။ နှာခေါင်းစည်းမတပ်မနေရ စည်းကမ်းကို ရုပ်သိမ်းဖို့အတွက် အကောင်းဆုံးအချိန်ပါပဲ” ဟု သူကပြောသည်။
ဟောင်ကောင်တွင် နှာခေါင်းစည်းမတပ်မနေရ စည်းကမ်းကို ၂၀၂၀ ခုနှစ် ဇူလိုင်လတည်းက ချမှတ်ခဲ့ခြင်းဖြစ်ရာ ယခုအခါ ၃ နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။ အဆိုပါစည်းကမ်းအရ ကျေးလက် ပန်းခြံများသို့ သွားရောက်လည်ပတ်သူများ၊ ကာယကစားသူများမှလွဲ၍ လူတိုင်းသည် နေအိမ်ပြင်ပတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ပြီးသွားလာရသည်။