- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
စပိန်တွင် Lockdown ကြောင့် ပြည်သူ ၉ သိန်းခန့် အလုပ်လက်မဲ့ဖြစ်
စပိန်တွင် အိမ်ပြင်မထွက်ရအမိန့်ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူ ၉ သိန်းနီးပါးရှိကြောင်း အာဏာပိုင်များက ဧပြီလ ၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
03 Apr 2020
စပိန်တွင် အိမ်ပြင်မထွက်ရအမိန့်ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူ ၉ သိန်းနီးပါးရှိကြောင်း အာဏာပိုင်များက ဧပြီလ ၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
ယခုကဲ့သို့ ယာယီအလုပ်လက်မဲ့ ဖြစ်မှုသည် ၂၀၀၉ ဇန်နဝါရီတွင် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအကျပ်အတည်း ပြဿနာကြောင့် ဝန်ထမ်း ၃ သိန်းခွဲခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ရမှုထက် ပိုများနေကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
နိုင်ငံ၏ လူမှုဖူလုံရေးရန်ပုံငွေအတွက် ပေးသွင်းနေသော အလုပ်သမားဦးရေသည်လည်း မတ်လကုန်တွင် ၈၉၈၈၂၂ ဦးအထိ ကျဆင်းသွားကြောင်း ကြာသပတေးနေ့က အစိုးရထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရသည်။
စပိန်အစိုးရသည် နိုင်ငံတွင်း ပျံ့နှံ့နေသည့် ကိုရိုနာဗိုင်းရပ်စ်အား တိုက်ဖျက်ရန်အတွက် မတ်လ ၁၂ ရက်နေ့တွင် တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေညာကာ ဝန်ထမ်းများကိုလည်း အိမ်မှလုပ်ဆောင်ကြရန် ပြောကြားခဲ့သည်။ အရေးကြီးသော အလုပ်သမားများမှလွဲ၍ ကျန်သောသူများအား ဧပြီလလယ်အထိ အိမ်၌သာနေထိုင်ကြရန် တားမြစ်ခဲ့သည်။
အလုပ်သမားရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းဇယားများအရ ဆိုလျှင် အလုပ်လက်မဲ့ ဖြစ်သူများအနက် ဆောက်လုပ်ရေးအလုပ်သမားများမှာ အများဆုံးဖြစ်သည်။
စပိန်တွင် ဧပြီလ ၃ ရက် နေ့လယ်ပိုင်းအထိ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရသူ တစ်သိန်းကျော်ရှိပြီး သေဆုံးသူ စုစုပေါင်းမှာ ၁၀၃၄၈ ဦးရှိသည်။
နေ့စဉ် တစ်ရက်လျှင် လူ ၈၀၀ ထက် မနည်း သေဆုံးနေသည်မှာလည်း ဧပြီလ ၃ ရက်နေ့အထိ ၆ ရက်ဆက်တိုက် ရှိနေပြီဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် ဧပြီလ ၃ ရက် နေ့လယ်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစုစုပေါင်း တစ်သန်းနီးပါး ရှိနေပြီဖြစ်ကာ သေဆုံးသူဦးရေမှာ ၄ သောင်းခွဲဝန်းကျင် ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။