- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ဘင်္ဂလားဒေ့ရှ်တွင် ထိပ်တန်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တစ်ခုအား အစိုးရက လုပ်ငန်းလည်ပတ်ခွင့် ရုပ်သိမ်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် အိုဒီကာအား ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည့် လုပ်ရပ်များ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲလိုက်ပြီး လုပ်ငန်းလည်ပတ်ခွင့် ရပ်ဆိုင်းလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
07 Jun 2022
DMG ၊ ဇွန် ၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် အိုဒီကာအား ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည့် လုပ်ရပ်များ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲလိုက်ပြီး လုပ်ငန်းလည်ပတ်ခွင့် ရပ်ဆိုင်းလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရ၏ NGO ရေးရာ စောင့်ကြည့်ရေးဗျူရိုက ဇွန်လ ၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် အမိန့်စာအား အိုဒီကာက ယမန်နေ့က ဖော်ပြခဲ့သည်။
အိုဒီကာ၏ လုပ်ရပ်များသည် လက်ခံနိုင်စရာမရှိဟု အမိန့်တွင် ဖော်ပြထားသလို တရားလက်လွတ် သတ်ဖြတ်မှုများ၊ ပျောက်ဆုံးမှုများနှင့် လူသတ်မှုများနှင့် ပတ်သက်သည့် အချက်အလက်အလွဲများကို ဖော်ပြနေသည်ဟုလည်း အမိန့်ကြေညာချက်၌ ဖော်ပြထားသည်။
အိုဒီကာသည် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ၁၉၉၄ ခုနှစ်တည်းက မှတ်တမ်းတင်လာခဲ့သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများနှင့် အနီးကပ်ပူးပေါင်းကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ထောင်နှင့်ချီသော တရားလက်လွတ် သတ်ဖြတ်မှုများနှင့် အခွင့်ထူးခံ အထူးချေမှုန်းရေးရဲတပ်ဖွဲ့ (RAB) ၏ လက်ချက်ဖြင့် အစဖျောက်ခံခဲ့ရသူများကိုပါ မှတ်တမ်းတင်လျက်ရှိသည့် အဖွဲ့အစည်းဖြစ်သည်။
“ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းမှတ်ပုံတင် ရုပ်သိမ်းခံလိုက်ရပြီဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒီကိစ္စကို တရားနည်းလမ်းတကျ တုံ့ပြန်သွားမှာပါ” ဟု အိုဒီကာ၏ အတွင်းရေးမှူး အာဒီလာရာမန်ခန်က အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်တာဟာ ရာဇဝတ်မှု မဟုတ်ပါဘူး” ဟုလည်း သူက ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုသည် ပြီးခဲ့သောနှစ် ဒီဇင်ဘာတွင် နိုင်ငံတော်ရဲချုပ်အပါအဝင် RAB နှင့် ၎င်း၏ ထိပ်တန်းအရာရှိကြီး ခုနစ်ဦးကို ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ လူရာပေါင်းများစွာ လက်စဖျောက်ခံရမှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အရေးယူရခြင်းဖြစ်ကြောင်း အမေရိကန်က ထုတ်ပြန်ခဲ့သည်။