- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ထိုင်ဝမ်ရေလက်ကြားသည် နိုင်ငံတကာရေကြောင်းပိုင်နက်ဟု တရုတ်ကို အမေရိကန် ချေပပြောဆို
တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်ကျွန်းကို ပိုင်းခြားထားသည့် ထိုင်ဝမ်ရေလက်ကြားသည် နိုင်ငံတကာ ရေပိုင်နက်ဖြစ်သည်ဆိုသည့် ထိုင်ဝမ်၏ အဆိုကို အမေရိကန်ပြည်ထောင်စုက ထောက်ခံပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
16 Jun 2022
DMG ၊ ဇွန် ၁၆
တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်ကျွန်းကို ပိုင်းခြားထားသည့် ထိုင်ဝမ်ရေလက်ကြားသည် နိုင်ငံတကာ ရေပိုင်နက်ဖြစ်သည်ဆိုသည့် ထိုင်ဝမ်၏ အဆိုကို အမေရိကန်ပြည်ထောင်စုက ထောက်ခံပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တစ်ဆက်တည်းမှာပင် တရုတ်၏ ရေလက်ကြားနေရာတွင် မဟာဗျူဟာမြောက် ဖြတ်သန်းခွင့်ကို တိုင်းပြည်အချုပ်အခြာအာဏာ တစ်ခုအနေဖြင့် ကျင့်သုံးရန် တောင်းဆိုမှုကို ပြန်လည်ခုခံချေပခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် တရုတ်အစိုးရသည် ကွန်မြူနစ်များကို စစ်ရှုံးပြီး နောက် ၁၉၄၉ ခုနှစ်တွင် ထိုင်ဝမ်သို့ ထွက်ပြေးခဲ့ရသည်။ ထိုအချိန်မှစ၍ ထိုင်ဝမ်ရေလက်ကြား အရေးသည် မကြာခဏဆိုသကဲ့သို့ စစ်ရေးတင်းမာမှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်းတစ်ခု ဖြစ်လာခဲ့သည်။
လွန်ခဲ့သည့်နှစ်များအတွင်း အမေရိကန်စစ်သင်္ဘောများနှင့် ၎င်း၏မဟာမိတ်များဖြစ်သော ဗြိတိန်နှင့် ကနေဒါ စစ်သင်္ဘောများလည်း ရေလက်ကြားကိုဖြတ်၍ ရံဖန်ရံခါ ခုတ်မောင်း သွားလာခဲ့ခြင်းကြောင့် တရုတ်အစိုးရကို အမျက်ထွက်စေခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တနင်္လာနေ့ထုတ်ပြန်ချက်တွင် “ထိုင်ဝမ် ရေလက်ကြား သည် တရုတ် နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်နက်ဖြစ်ကြောင်း၊ အုပ်ချုပ်ခွင့်နှင့် တရားစီရင်ပိုင်ခွင့်ရှိကြောင်း” ကြေ ညာခဲ့ပြီး “နိုင်ငံအချို့မှ ထိုင်ဝမ်ရေလက်ကြားကို ‘နိုင်ငံတကာရေပိုင်နက်’ ဟု ခေါ်တွင်နေမှုသည် မှားယွင်းသော သတ်မှတ်ချက်တစ်ခုသာ ဖြစ်ကြောင်း” ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က “ထိုင်ဝမ်ရေ လက်ကြားသည် နိုင်ငံတကာရေကြောင်း ဖြတ်သန်းနိုင်သည့် နေရာ တစ်ခုဖြစ်ပါတယ်။ ဒါဟာ ထိုင်ဝမ်ရေလက်ကြားဟာ နိုင်ငံတကာဥပဒေအောက်မှာ လွတ်လွပ်စွာ သွားလာခွင့်နှင့် ပျံသန်းခွင့်တွေအပါအဝင် ပင်လယ်ပြင် လွတ်လပ်စွာသွားလာခွင့်ကို အာမခံပေးထားသည့် ရေပိုင်နက်တစ်ခုလည်း ဖြစ်တဲ့သဘော သက်ရောက်ပါတယ်” ဟု အင်္ဂါနေ့တွင် ရိုက်တာသတင်းဌာနသို့ မေးလ်မှတဆင့် ဖြေကြားထားသည်။
ကမ္ဘာ့နိုင်ငံများသည် “ထိုင်ဝမ်ရေလက်ကြားတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို လိုလားပြီး ကျွန်တော် တို့အနေနဲ့လည်း ပိုမိုတိုးတက်လာမည့် အင်ဒို-ပစိဖိတ်ဒေသ၏ နယ်စပ်လုံခြုံရေးနှင့် သာယာဝပြောရေးမှာ ဒီနေရာဟာ အဓိကကျတဲ့အခန်းကဏ္ဍမှာ ပါဝင်နေတယ်လို့ သတ်မှတ်ထားပါတယ်” ပရိုက်စ်က ထည့်သွင်းပြောကြားထားသည်။
“တရုတ်နိုင်ငံ၏ ထိုင်ဝမ်အရေးတွင် ရန်လိုသောလေသံနှင့် နိုင်ထက်စီးနင်းပြုမူမှုများကို အမေရိကန်အနေဖြင့် စိုးရိမ်ပူပန်မိကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံ တကာဥပဒေ ခွင့်ပြုထားသည့်နေရာတိုင်းတွင် ရေကြောင်းသွားလာခြင်း၊ လေယာဉ်ပျံသန်းခြင်းနှင့် စစ်ရေးလေ့ကျင့်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ၎င်းတွင် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားလာခြင်းလည်း ပါဝင်မည်ဖြစ်ကြောင်း” သူကထပ်လောင်းပြောကြားခဲ့သည်။