- ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်ကောင်စီ လက်နက်ကြီးများ ကျရောက်
- မြန်မာလူဦးရေ တစ်သန်းကျော်အတွက် ရိက္ခာထောက်ပံ့မှုကို ဧပြီလမှ စ၍ WFP ရပ်ဆိုင်းမည်
- ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်နှင့် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ် တွေ့ဆုံ
- ကျောက်ဖြူ၊ ကြတ္တိန်ရွာကို စစ်ကောင်စီ ဗုံးကြဲမှု ၅ ကြိမ်အထိရှိလာ
- ညောင်ကျိုးစခန်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများ တပ်ဆုတ်
တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် နေရာ ၅ ခုကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဝင်ရောက်တိုက်ခိုက်
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်(DSTA) အပါအဝင် နေရာ ၅ ခုကို ယနေ့ သြဂုတ်လ ၁၅ ရက် နံနက် ၅ နာရီခန့်တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA )မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်အိုက်ကျော်က အတည်ပြုပြောကြားသည်။
15 Aug 2019

သြဂုတ် ၁၅၊ စစ်တွေ
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်(DSTA) အပါအဝင် နေရာ ၅ ခုကို ယနေ့ သြဂုတ်လ ၁၅ ရက် နံနက် ၅ နာရီခန့်တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်အိုက်ကျော်က အတည်ပြုပြောကြားသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သည့် ရက္ခိုင့်တပ်တော်(AA)၊ ကိုးကန့်အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်(MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) အဖွဲ့တို့ပူးပေါင်းပြီး ပြင်ဦးလွင်တွင် ၂ နေရာနှင့် နောင်ချိုဘက်တွင် ၃ နေရာကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပြင်ဦးလွင်မှာတော့ DSTA ကျောင်းမှာ တစ်နေရာရယ်၊ မြို့ရှောင်လမ်းတိုးဂိတ်မှာ တစ်နေရာ၊ နောင်ချိုဘက်ကျတော့ မြို့အဝင်နားက တိုးဂိတ်ရယ်။ ဂုတ်ထိအထက်နားက တစ်နေရာရယ်။ နောက်ထပ် ရာဖောင်လမ်းမှာ တစ်နေရာဖြစ်တယ်။ ဖြစ်တာကတော့ မနက် ၅ နာရီနဲ့ ၅ နာရီခွဲလောက်မှာ၊ ကျွန်တော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ AA ၊ MNDAA၊ TNLA သုံးဖွဲ့ပူးပေါင်းအဖွဲ့ဖြစ်တယ်” ဟု ဗိုလ်မှူးမိုင်အိုက်ကျော်က DMG ကို ပြောသည်။
ယခုတိုက်ခိုက်မှုသည် တပ်မတော်ဘက်မှ စစ်ရေးဖိအားများ လုပ်ဆောင်လာခြင်းကြောင့် တုန့်ပြန်ရခြင်းဖြစ်ကြောင်း ဗိုလ်မှူးမိုင်အိုက်ကျော်က ဆိုသည်။
“ဖြစ်တဲ့အကြောင်းရင်းကတော့ ကျွန်တော်တို့ဆီမှာ တောက်လျှောက် စစ်တပ်ဘက်က ထိုးစစ်တွေ ပြုလုပ်လာတဲ့အတွက် တိုက်ပွဲတွေက ပိုပြီးပြင်းထန်လာတယ်။ အဲဒါကြောင့် အတွင်းဘက်မှာ လှုပ်ရှားမှုက တော်တော်လေးတက်လာတဲ့အတွက် ကျွန်တော်တို့က ခုခံကာကွယ်စစ် အသွင်ပြောင်းပြီးမှ ဒီတိုက်ပွဲကို ပြန်လည်ပြုလုပ်တာဖြစ်တယ်။ ” ဟု ၎င်းကပြောသည်။
တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီအား DMG မှ ဆက်သွယ်မေးမြန်းရာတွင် သတင်းထုတ်ပြန်ခြင်းကို စောင့်ဆိုင်းရန် ပြောဆိုသည်။
“ကျွန်တော်တို့ ခဏနေရင် သတင်းထုတ်ပြန်ပေးပါမယ်။ သတင်းလေးကိုစောင့်ပေးပါ ” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။
ရက္ခိုင့်တပ်တော်(AA) ကလည်း တပ်မတော်ဘက်မှ မဟာမိတ်တပ်ဖွဲ့များ၏ နယ်မြေများတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေမှုများကြောင့် စစ်ရေးအရတုန့်ပြန်ရခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျနော်တို့ ညီနောင်မဟာမိတ်တွေနဲ့အတူ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ရှိတယ်ဆိုတာကို ဖော်ပြနေတာပဲ။ ရန်သူဘက်က ကျနော်တို့ရဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေရဲ့ နယ်မြေတွေထဲကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့ဥစ္စာကြောင့် ကျနော်တို့ဘက်ကလည်း လိုအပ်တဲ့ စစ်ရေးအရ တုန့်ပြန်မှုတွေကို လုပ်ဆောင်ရတာဖြစ်တယ်” ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုတွင် သေဆုံး၊ ဒဏ်ရာရရှိသူများရှိကြောင်း သတင်းထွက်ပေါ်နေသော်လည်း လက်ရှိအချိန်ထိ သေဆုံး၊ ဒဏ်ရာရရှိမှုအခြေအနေကို တိကျစွာမသိရသေးပေ။
Related Post: