- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
ရှမ်းမြောက်တိုက်ပွဲကြောင့် ရခိုင်ဂဏန်းလုပ်ငန်း အခက်တွေ့
“ရှုံးတာပေါ့ လမ်းမှောကြာသွားတာ။ သွားလို့လည်းမရဘူး လမ်းပိတ်ထားတယ်ဆိုတော့။ အပေါ်မှာလမ်းပိတ်ထားတာဆိုတော့ ဂဏန်းတွေ လမ်းမှာသေကုန်တာ။ ဟိုရောက်တော့ သေလည်းသေတယ် ပုပ်တယ်ဆိုတော့ တစ်ခါတည်း မြေမြှုပ်တာပဲရှိတယ်”
05 Sep 2019
ကျော်ဌေး | DMG
စက်တင်ဘာ ၅ ၊ စစ်တွေ
ရှမ်းပြည်နယ်၊မြောက်ပိုင်း တပ်မတော်နှင့်ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် လမ်းများပိတ်နေသဖြင့် ရခိုင်ဂဏန်းလုပ်ငန်း လုပ်ကိုင်သူများအတွက် အခက်အခဲဖြစ်နေကြသည်။
ရခိုင်ထွက် ဂဏန်းများကို မူဆယ်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တရုတ်နိုင်ငံကို အများဆုံးတင်ပို့နေ ကြခြင်းဖြစ်ပြီး လက်ရှိတွင် ရှမ်းမြောက်တိုက်ပွဲကြောင့် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့နေသည့်အတွက် ဂဏန်းလုပ်ငန်းရှင်များ အခက်အခဲဖြစ်ပေါ်နေကြခြင်းဖြစ်ကြောင်း ဂဏန်းလုပ်ငန်း လုပ်ကိုင်သူ ကိုဇော်ထွန်းကပြောသည်။
“ကျွန်တော်တို့ ပို့တာကတော့မူဆယ်ပေါ့ ဂဏန်းဈေးကွက်ကတော့ ဒီမှာတော့အောက်မှာ ဈေးမြှင့်နေတယ်။ အပေါ်မှာစစ်ဖြစ်နေတော့ ရက်ကြာနေတယ်”ဟုပြောသည်။
ကုန်သွယ်ရေးလမ်းများ ပိတ်ဆို့နေသဖြင့် လမ်းတွင် ဂဏန်းများသေဆုံးခြင်းများ ဖြစ်ပေါ်ကာ ဂဏန်းလုပ်ငန်း ရှင်များ အရှုံးပေါ်နေကြကြောင်းလည်း ကိုဇော်ထွန်းကဆိုသည်။
“ရှုံးတာပေါ့ လမ်းမှာကြာသွားတာ။ သွားလို့လည်းမရဘူး လမ်းပိတ်ထားတယ်ဆိုတော့။ အပေါ်မှာလမ်းပိတ်ထားတာဆိုတော့ ဂဏန်းတွေ လမ်းမှာသေကုန်တာ။ ဟိုရောက်တော့ သေလည်းသေတယ် ပုပ်တယ်ဆိုတော့ တစ်ခါတည်း မြေမြှုပ်တာပဲရှိတယ်”ဟုပြောသည်။
သြဂုတ်လ ၁၅ ရက်နေ့က ညီနောင်မဟာမိတ်သုံးဖွဲ့မှ ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်အပါဝင် နေရာငါးခုကို တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ကြား ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့တွင်လည်း တိုက်ပွဲများဖြစ်ပေါ်ခဲ့သည်။