- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တော်လှန်ရေးတပ်များ နယ်မြေဒေသအလိုက် ဟန်ချက်ညီထိုးစစ်များ ဆင်နွှဲလာ
တော်လှန်ရေးအင်အားစုများ၏ တော်လှန်ရေးအရှိန်မှာ ဆက်လက်အားကောင်းနေပြီး နယ်မြေဒေသအလိုက် ဟန်ချက်ညီသည့် စစ်ဆင်ရေးများရှိလာနိုင်ကြောင်း BNI က သုံးသပ်ထားသည်။
26 Dec 2024
DMG ၊ ဒီဇင်ဘာ ၂၆
နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်အရှိန်မြင့်လာမှုနှင့်အတူ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း ၈၉ မြို့အထိ ရှိလာကြောင်း နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (BNI) ၏ အစီရင်ခံစာအရ သိရသည်။
ကချင်တွင် ၁၃ မြို့၊ ကရင်နီနှင့် ရှမ်း(တောင်)တွင် ၆ မြို့၊ ကရင်နှင့် ပဲခူး (အရှေ့) တိုင်းတွင် ၄ မြို့၊ ချင်းတွင် ၁၅ မြို့၊ စစ်ကိုင်းတွင် ၅ မြို့၊ မန္တလေးတွင် ၄ မြို့၊ ရခိုင်တွင် ၁၈ မြို့နှင့် ရှမ်းမြောက်တွင် ၂၄ မြို့ ဖြစ်သည်။
သိမ်းပိုက်ထားသည့် မြို့များတွင် မြို့နယ်အဆင့် ၂၉ ရာခိုင်နှုန်း၊ မြို့အဆင့် ၅၁ ရာခိုင်နှုန်း၊ ခရိုင်အဆင်မြို့ ၁၀ ရာခိုင်နှုန်းနှင့် မြို့နယ်ခွဲအဆင့် ၂ ရာခိုင်နှုန်းပါဝင်ကြောင်း ဒီဇင်ဘာလနောက်ဆုံးပတ်ထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။
တော်လှန်ရေးအင်အားစုများ၏ တော်လှန်ရေးအရှိန်မှာ ဆက်လက်အားကောင်းနေပြီး နယ်မြေဒေသအလိုက် ဟန်ချက်ညီသည့် စစ်ဆင်ရေးများရှိလာနိုင်ကြောင်း BNI က သုံးသပ်ထားသည်။
“လက်ရှိတွေ့နေရတဲ့ မြေပြင်အခြေအနေ၊ တစ်ဦးကိုတစ်ဦး အပြန်အလှန် စစ်ရေးအောင်မြင်မှုတွေကို အသိအမှတ်ပြု ဂုဏ်ပြုနေတာတွေက စစ်ဝင်စားစရာ တွေ့ရတယ်။ ဒီထက်ပူးပေါင်းဆောင်ရွက်မှုတွေ စစ်ရေးအရ နယ်မြေဒေသအလိုက် စစ်ကောင်စီကို ဖိအားပေးနိုင်မယ့် ဟန်ချက်ညီထိုးစစ်တွေ ရှိလာနိုင်တဲ့ အနေအခြေမျိုးကိုလည်း တွေ့ရတယ်။ ဒါကြောင့်မို့ ရှေ့အလားအလာက တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးလှုပ်ရှားမှု၊ ထိုးစစ်အခြေအနေတွေက ရှေ့ဆက်အားကောင်းနေမယ်လို့ သုံးသပ်တယ်” ဟု BNI - Myanmar Peace Monitor တာဝန်ခံက ပြောသည်။
ဒီဇင်ဘာလအတွင်း တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်အရှိန်မှာ အပြင်းထန်ဆုံးအခြေအနေသို့ ရောက်ရှိမှုနှင့်အတူ စစ်ကောင်စီ၏ တပ်စခန်း၊ မြို့သိမ်းတိုက်ပွဲကြီးများကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ကြသည်။
အထူးသဖြင့် ရခိုင်နှင့် ချင်းပြည်နယ်တွင် တွေ့မြင်ခဲ့ရပြီး အာရက္ခတပ်တော်က တိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်အပါအဝင် တောင်ကုတ်၊ မောင်တောမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ခဲ့သလို ချင်းညီနောင်အဖွဲ့ကလည်း ချင်းပြည်နယ်၊ မင်းတပ်နှင့် ကန်ပလက်မြို့တို့ကို သိမ်းပိုက်ခဲ့သည်။
နိုင်ငံတဝန်းတော်လှန်ရေးအင်အားစုများ၏ စစ်ရေးလှုပ်ရှားမှုမှာ တစ်ဖက်တွင် မြို့သိမ်းဖြစ်စဉ်များရှိနေပြီး အခြားတစ်ဖက်တွင် စခန်းသိမ်းဖြစ်စဉ်များကို တွေ့လာရသဖြင့် ထိုဖြစ်စဉ်နှစ်ခုဆုံချက်သည် စစ်ကောင်စီအတွက် ဘက်ပေါင်းစုံက ဖိအားတစ်ခုဖြစ်နေသည်။
တရုတ်ဖိအားကြောင့် ရှမ်းမြောက်ဒေသတွင် ကိုးကန့်တပ်နှင့် တအာင်းတပ်တို့ အပစ်ရပ်ထားခြင်းသည် တော်လှန်ရေးအင်အားစုများအတွက် သက်ရောက်မှုရှိသော်လည်း ပိုကောင်းသည့်သက်ရောက်မှု ဖြစ်လာသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
“အထူးသဖြင့် BPLA တို့လို ၁၀၂၇ မှာ ပါဝင်ဆင်နွှဲခဲ့တဲ့အဖွဲ့တွေက တပ်ရွေ့လာကြတယ်။ ဒီလိုမျိုး တခြားတော်လှန်ရေးအဖွဲ့တွေလည်း နယ်မြေအပြောင်းအလဲတွေ လုပ်လာကြတယ်။ ဒါကြောင့် တရုတ်ဖိအားက တော်လှန်အင်အားစုတွေအပေါ် သက်ရောက်မှုရှိမယ့် တစ်ဖက်မှာ တော်လှန်အင်အားစုတွေ ပိုပြီး စုဖွဲ့မှုဖြစ်လာနိုင်တယ်။ နယ်မြေဒေသအလိုက် ဖြန့်ကျက်ပြီး စစ်ကောင်စီကို ထိုးစစ်ဆင်လာနိုင်တယ်။ အခုလည်းရှိနေတယ်။ တရုတ်ဖိအားက နွေဦးတော်လှန်ရေးအတွက် အရွေ့တစ်ခုကို ပိုတွန်းအားပေးလိုက်သလို ဖြစ်သွားတယ်” ဟု မြန်မာ့အရေး လေ့လာစောင့်ကြည်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းမှုအကျိုးဆက်အဖြစ် တော်လှန်ရေးအင်အားစုများ၏ ပြင်းထန်သော ခုခံတော်လှန်မှုကြောင့် အထိနာနေရပြီး တစ်ခါမှမကြုံတွေ့ဖူးသည့် နယ်မြေဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေသည်။