- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
KIA ထံ ဖမ်းဆီးခံထားရသည့် သတင်းသမားနှစ်ဦး ပြန်လွတ်လာ
သတင်းထောက် နှစ်ဦးအား စက်တင်ဘာ ၂၉ နှင့် ၃၀ ရက်နေ့တွင် KIA က ဖမ်းဆီးသွားခြင်းဖြစ်ပြီး တစ်လခန့်အကြာတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
28 Oct 2024

DMG ၊ အောက်တိုဘာ ၂၈
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ဖားကန့်တိုက်နယ် တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည့် သတင်းထောက်နှစ်ဦးမှာ ယမန်နေ့ အောက်တိုဘာ ၂၇ ရက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ ဖားကန့်အခြေစိုက် သတင်းသမားများဖြစ်သည့် ကိုနောင်ရိုးနှင့် ကိုတာလင်းမောင်တို့ ဖြစ်ကြပြီး ၎င်းတို့ ပြန်လည်လွတ်မြောက်လာကြောင်းကို သတင်းထောက် ကိုနောင်ရိုးက သူ၏ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။
"ကျနော်နဲ့ ကိုတာလင်းမောင် နေကောင်း၊ ကျန်းမာစွာနဲ့ ပြန်လည်လွတ်မြောက်ခဲ့ပါပြီ။ ကူညီစောင့်ရှောက်ပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ" ဟု ရေးသားထားသည်။
အဆိုပါ သတင်းထောက် နှစ်ဦးအား စက်တင်ဘာ ၂၉ နှင့် ၃၀ ရက်နေ့တွင် KIA က ဖမ်းဆီးသွားခြင်းဖြစ်ပြီး တစ်လခန့်အကြာတွင် ယခုကဲ့သို့ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
ကိုတာလင်းမောင်မှာ CDM ပြုလုပ်ထားသူဖြစ်ပြီး ကိုနောင်ရိုးသည် ဖမ်းဆီးထောင်ချမှုမှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည်။
၎င်းတို့နှစ်ဦး ဖမ်းဆီးခံထားရချိန်တွင် ပြန်လွှတ်ပေးရန်နှင့် ဖမ်းဆီးထားခြင်းအပေါ် ရှုတ်ချကြောင်း လွတ်လပ်သော မြန်မာသတင်းစာ ဆရာများအစည်းအရုံး (IMJA)နှင့် Red News Agency သတင်းဌာနအပါဝင် အခြားသတင်းမီဒီယာသမားများက တောင်းဆိုခဲ့ကြသည်။