- ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်ကောင်စီ လက်နက်ကြီးများ ကျရောက်
- မြန်မာလူဦးရေ တစ်သန်းကျော်အတွက် ရိက္ခာထောက်ပံ့မှုကို ဧပြီလမှ စ၍ WFP ရပ်ဆိုင်းမည်
- ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်နှင့် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ် တွေ့ဆုံ
- ကျောက်ဖြူ၊ ကြတ္တိန်ရွာကို စစ်ကောင်စီ ဗုံးကြဲမှု ၅ ကြိမ်အထိရှိလာ
- ညောင်ကျိုးစခန်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများ တပ်ဆုတ်
ကျောက်ဖြူတွင် စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရ
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်၊ နံနက် ၇ နာရီကျော်က စိုင်ခြုံကျေးရွာကနေ (ဒေသအခေါ်) လမ်းကွေ့ နေရာသို့ ဆိုင်ကယ်တစ်စီးတည်းဖြင့် သွားစဉ် ရှောက်ချောင်းကျေးရွာအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
11 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၁၁
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်တိုက်နယ်၊ ရှောက်ချောင်းကျေးရွာတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
သေဆုံးသွားသူမှာ စိုင်ခြုံကျေးရွာမှ အသက် ၅၇ နှစ်အရွယ် ဦးအောင်သန်း ဖြစ်ပြီး ဒဏ်ရာရရှိသွားသူမှာ တစ်ရွာတည်းနေ အသက် ၅၅ နှစ်အရွယ် ဦးသန်းမြင့်နှင့် နောက်ထပ် အမျိူသမီးတစ်ဦးတို့ ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်၊ နံနက် ၇ နာရီကျော်က စိုင်ခြုံကျေးရွာကနေ (ဒေသအခေါ်) လမ်းကွေ့ နေရာသို့ ဆိုင်ကယ်တစ်စီးတည်းဖြင့် သွားစဉ် ရှောက်ချောင်းကျေးရွာအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
" သူတို့ကို ရှောက်ချောင်းရွာအဝင်းနားမှာ စစ်ကောင်စီက ပစ်ခတ်တာပါ။ အဲဒီနားမှာ ရောက်နေတဲ့ နောက်ထပ် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရသွားတယ်။ ဦးအောင်သန်းကတော့ ကျည် ၄ ချက် ထိပြီး အဲဒီနေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်။ ကျန်တဲ့နှစ်ယောက်က ဒဏ်ရာကိုယ်စီရသွားတာ " ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
သေဆုံးသူ ဦးအောင်သန်း၏ ရုပ်အလောင်းကို စစ်ကောင်စီက ဓညဝတီရေတပ်ဌာနချုပ်သို့ သယ်ယူသွားပြီး ဒဏ်ရာရသူနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ယင်းနေ့တွင် ရှောက်ရှောင်းကျေးရွာအနီး သစ်ပုတ်တောင်တိုက်နယ်ရှိ စိုင်ခြုံ၊ ကပ်သပြေ၊ ပျားတဲ စသည့် ကျေးရွာများတွင် ဓညဝတီရေတပ်ဌာနချုပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀၀ ခန့်သည် ကင်းပုန်းဝပ်ခြင်း၊ စစ်ကြောင်းထိုး သွားလာခြင်းများ ပြုလုပ်ခဲ့ပြီး ဒေသခံအချို့ကို ဖမ်းဆီးသွားကြောင်း ပြောသည်။
" ပျားတဲရွာမှာဆိုရင် ဒေသခံတွေကို စုပြီး နေပူထဲမှာ တစ်နေကုန် ထိုင်ခိုင်းခဲ့တယ်။ ပြီးအရင် အဲဒီရွာက အမျိုးသား ၃ ယောက်ကိုပါ ဖမ်းဆီးသွားတယ် " ဟု သစ်ပုတ်တောင်တိုက်နယ်မှ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူ ၃ ဦးကိုလည်း ဓညဝတီရေတပ်ဌာနချုပ်သို ခေါ်ယူသွားကြောင်း သိရပြီး ဖမ်းဆီးခံရသူများ၏ အသေးစိတ်ကို DMG က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းထိုးခြင်း၊ ကင်းပုန်းဝပ်ခြင်းအပါအဝင် ကျေးရွာများတွင် ယာယီစခန်းချ နေထိုင်မှုများ ရှိလာနေသဖြင့် ပျားတဲ၊ ကပ်သပြေ၊ ရှောက်ရှောင်းကျေးရွာမှ ဒေသခံများမှာ ထွက်ပြေတိမ်းရှောင်နေကြရသည်။
" ပုံမှန်ဆိုရင် အင်အား ၅၀ လောက်နဲ့ တစ်လမှာ တစ်ခေါက်လောက်တော့ ပုံမှန်စစ်ကြောင်းထိုး သွားလာတာ ရှိပါတယ်။ ဒါပေမဲ့ ဇန်နဝါရီ လလယ်ပိုင်းကနေ စပြီး စစ်ကြောင်းထိုးတာဆိုရင် ၃ ခါတောင် ရှိပြီ။ အင်အားကလည်း ၁၀၀ ကျော် လောက်ပါလာတယ်" ဟု တိမ်းရှောင်နေသူ ပျားတဲကျေးရွာသား တစ်ဦးက ပြောသည်။
လက်ရှိ ကျောက်ဖြူမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးရှိ ကျေးရွာ ၁၀ ကျော်အပါအဝင် တရုတ်စီမံကိန်းရှိရာ မဒေးကျွန်းတို့ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး အာရက္ခတပ်တော်ကလည်း စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်နှင့် အမှတ် (၃၂) ရဲတပ်ရင်းအနီးကို ချည်းကပ်ပိတ်ဆို့ထားသဖြင့် စစ်ရေးတင်းမာလျက်ရှိသည်။