- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အရပ်သားများအား လေကြောင်းတိုက်ခိုက်မှုမပြုလုပ်ရန် မသန်စွမ်းသူများ တောင်းဆို
စစ်ကောင်စီအနေဖြင့် အရပ်သားများအားဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုမပြုလုပ်ရန် ယနေ့ ယနေ့ (ဒီဇင် ဘာ ၃) တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းများနေ့တွင် မသန်စွမ်းသူများက တောင်းဆိုလိုက်ကြသည်။
03 Dec 2024
DMG၊ ဒီဇင်ဘာ ၃
စစ်ကောင်စီအနေဖြင့် အရပ်သားများအားဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုမပြုလုပ်ရန် ယနေ့ ယနေ့ (ဒီဇင် ဘာ ၃) တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းများနေ့တွင် မသန်စွမ်းသူများက တောင်းဆိုလိုက်ကြသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် မြေမြှုပ်မိုင်းအပါအဝင် စစ်ကျန်လက်နက် အန္တရာယ်နှင့်အတူ စစ်ကောင်စီ၏ လေ ကြောင်းတိုက်ခိုက်မှုများကြောင့် မသန်စွမ်းသူဦးရေတိုးလာနေသည်။
စစ်ရေး ပဋိပက္ခပြင်းထန်နေသည့် ရခိုင်ဒေသတွင်လည်း စစ်ကောင်စီက အရပ်သားနေထိုင်ရာ မြို့/ရွာများကို ပစ်မှတ်ထားတိုက်ခိုက်နေ၍ နေ့စဉ်ထိခိုက်သေဆုံးမှုများရှိနေသည်။
“စစ်ဖြစ်လို့ လူတွေ ဒုက္ခဖြစ်တာကို နားလည်တယ်။ ဒါပေမယ့် စစ်ရှုံးတိုင်း အရပ်သားကိုပဲ ဦးတည်ပြီး ဗုံးကြဲနေ တာကိုတော့ လက်မခံနိုင်ဘူး။ ဒီပြည်သူတွေက ကိုယ့်လက်ကိုယ့်ခြေကို အမှီပြုပြီးစား သောက်နေရတာ။ ခုလို ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးလိုက်ရတော့ လုပ်စားရတာ အဆင်မပြေတော့ဘူး။ ဒါကြောင့် စစ်ကောင်စီက လေ ယာဉ်နဲ့ ဗုံးကြဲ တာတွေကို ရပ်ပေးစေချင်တယ်” ဟု မသန်စွမ်းတစ်ဦး ဖြစ်သည့် ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာမှ မခိုင်ခိုင်မာက ပြောသည်။
မခိုင်ခိုင်မာသည် ပြီးခဲ့သည့် ၂၀၂၄ မေလအတွင်းက တောထဲသို့ ထင်းခုတ်သွားစဉ် မိုင်းထိကာ ခြေထောက် တစ် ဖက် ဆုံးရှုးခဲ့ရသူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်ထိ ဆေးကုသမှုခံယူနေရဆဲဖြစ်သည်။
ရခိုင်ပြည် မသန်စွမ်းသူများအဖွဲ့၏ စာရင်းအရ ၂၀၂၃ ရခိုင် တိုက်ပွဲစတင်ချိန်မှစ၍ တိုက်ပွဲကာလ ၁၁ လအတွင်း မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် မောင်တောမြို့နယ်တွင် မသန်စွမ်း သူဦးရေ ၇၂၀ ကျော်အထိ တိုးလာနေပြီး ယခင် စစ်ရေးကာလအတွင်း အရေအတွက်၏ နှစ်ဆကျော် ရှိနေသည်။
ရခိုင်တွင် အကြောင်းအမျိုးမျိုးကြောင်း မသန်စွမ်းသူအများ အပြားရှိနေသော်လည်း လက်ရှိကာလ မသန်စွမ်း ဦးရေ တိုးလားရခြင်းမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မြေမြှုပ်မိုင်း အန္တရာယ်တို့ကြောင့် အများဆုံးဖြစ်သည်။
“ဒီကာလမှာ လေကြောင်းတိုက်ခိုက်မှုတွေက နေ့စဉ်ဆိုသလို ရှိနေတဲ့အနေထားမှာ မသန်စွမ်းတွေက သာမန် လူ တွေနဲ့ မတူဘဲ ပိုပြီး ဒုက္ခရောက်နေကြပါတယ်။ စားသောက်နေထိုင်ရေးက အစပေါ့နော်။ ဒါကြောင့် ဒီနေ့မှာ တောင်းဆို ချင်တာက မသန်စွမ်းသူတွေဟာ နည်းမျိုးစုံနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာကြောင့် သူတို့မှာ ဘာ အခွင့် အရေးမှ မရှိကြတော့ဘဲ အားလုံးက ဆုံးရှုံးနေပြီ။ မသန်စွမ်သူတွေကို စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အစ ကူညီပေးကြဖို့ တောင်းဆိုချင်တယ်” ဟု ရခိုင်မှ မသန်စွမ်းအရေး ကူညီနေသူတစ်ဦးက ပြောသည်။
ယခင် စစ်ရေးကာလအလွန် မသန်စွမ်းသူများနှင့် ပတ်သက်၍ လူမှုကူညီရေး အဖွဲ့အစည်းများက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကုစားမှုများအပြင် ငွေကြေးထောက်ပံ့ပေးမှုများရှိခဲ့သော်လည်း လက်ရှိတွင် ထိုသို့ ကူညီထောက် ပံ့မှုများမရကြပေ။
စစ်ရေးကာလအတွင်း မသန်စွမ်းဖြစ်ခဲ့ရသူ အမျိုးသမီး၊ ကလေးငယ်နှင့် အိမ်ထောင်ဦးစီးအများ အပြား ပါဝင်နေပြီး အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်တို့ကြောင့် မိသားစု စားဝတ်နေရေးအကျပ် အတည်းများကြားတွင် အခက်အခဲများစွာကို ရင်ဆိုင်ဖြတ်သန်းနေကြရသည်။