ရခိုင်မှာ စားနပ်ရိက္ခာပြဿနာ အဖြေရှာကြမည်

လူသည် အာဟာရဖြင့်တည်ဆောက်ထားသည့် ခန္ဓာကိုယ်ဖြစ်သည့်အတွက် အစာအာဟာရကို နေ့စဉ်ပုံမှန်စားသောက်ရန် အထူးလိုအပ်လှသည်။ အစာအာဟာရသည် ခန္ဓာကိုယ်အတွက် ဆေးလည်းဖြစ် သည့်အတွက် မျှတစွာစားသုံးရန်လိုအပ်သည်။ အစာအာဟာရသည် အရေးကြီးသည့်အတွက် ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်ဟု ကျွနု်ပ်တို့တွင် ဆိုရိုးစကားလည်းရှိသည်။ သို့သော်လည်း လူတို့သည် ထမင်းတနပ် မစားရသည်နှင့် ခန္ဓာကိုယ်သည် ဆာလောင်ခြင်းဒဏ်ကို မခံမရပ်နိုင်ကြပေ။

By စိမ်းညိုအောင် 07 Jul 2018

DMG / DNJ

စိမ်းညိုအောင် ရေးသားသည်။

လူတိုင်းသည် မမွေးဖွားမီ မိခင်ဝမ်းတွင်းနေ ကာလရှိစဉ်ကတည်းကမှသည် သေဆုံးသည်အထိ အစာအာဟာရ လိုအပ်သည်။ လူသည် အာဟာရဖြင့်တည်ဆောက်ထားသည့် ခန္ဓာကိုယ်ဖြစ်သည့်အတွက် အစာအာဟာရကို နေ့စဉ်ပုံမှန်စားသောက်ရန် အထူးလိုအပ်လှသည်။ အစာအာဟာရသည် ခန္ဓာကိုယ်အတွက် ဆေးလည်းဖြစ် သည့်အတွက် မျှတစွာစားသုံးရန်လိုအပ်သည်။ အစာအာဟာရသည် အရေးကြီးသည့်အတွက် ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်ဟု ကျွန်ုပ်တို့တွင် ဆိုရိုးစကားလည်းရှိသည်။ သို့သော်လည်း လူတို့သည် ထမင်းတနပ် မစားရသည်နှင့် ခန္ဓာကိုယ်သည် ဆာလောင်ခြင်းဒဏ်ကို မခံမရပ်နိုင်ကြပေ။ ဆာလောင်ခြင်းသည် အကြီးမားဆုံးသော ရောဂါဖြစ်သည်။

“ ရခိုင်ပြည်နယ်၏ စားနပ်ရိက္ခာဖူလုံမှု အခြေအနေကို စိုက်ပျိုးရေးဌာနနှင့် နိုင်ငံတကာအဖွဲ့များ ပူးပေါင်းပြီး စစ်တမ်းကောက်ယူမည် ” ဟု အကြောင်းအရာကို ဖွံ့ဖြိုးတိုးတက်ရေးသတင်းဂျာနယ်၏ အတွဲအမှတ်-၈၅ တွင် ဖတ်ရှုခဲ့ရသည်။ ယင်းသည် မြန်မာနိုင်ငံ၏ ဒုတိယအဆင်းရဲဆုံး ပြည်နယ်ဖြစ်သည့် ရခိုင်ပြည်နယ်အတွက် စားနပ်ရိက္ခာဖူလုံမှုကို အထောက်အကူတစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည်သည်။

လူတို့သည် အစာအာဟာရပြည့်စုံစွာ မစားရသည့်အတွက် ကျန်းမာရေးချို့တဲ့သောကြောင့် ရောဂါဘယများ ဖြစ်ကာ နှစ်စဉ်သေဆုံးမှုများလည်း ရှိနေကြောင်းသိရှိရသည်။ ၎င်းအပြင် ငယ်စဉ်ကတည်းက အစာအာဟာရ ပြည့်ဝစွာမစားခဲ့ရသော ကလေးငယ်များသည် မှတ်ဉာဏ်၊ ဉာဏ်ရည်ချို့တဲ့ကြကြောင်းလည်း သိရှိရသည်။ လူသားတိုင်းသည် နေ့စဉ်စားသုံးနိုင်ရန်၊ အလုပ်လုပ်နိုင်ရန်နှင့် ကျန်းမာစေရန်အတွက် အစားအစာလုံ လောက်စွာရရှိရန် အခွင့်အရေးရှိရမည်။ ယင်းအတွက် အစားအစာဖူလုံစေရန်နှင့် စိတ်ချရသော အစားအစာ များဖြစ်စေရန် ကျွနု်ပ်တို့က နည်းလမ်းကောင်းများကို ရှာတွေ့ကြရမည်။ ထို့ကြောင့် အစာအာဟာရ ပြည့်စုံစွာ စားသုံးရခြင်းနှင့် အနာဂတ်မျိုးဆက်သစ်တို့၏ အခန်းကဏ္ဍသည် တိုင်းပြည်အတွက် လွန်စွာအရေးကြီးလှသည်။ ဉာဏ်ရည်ဉာဏ်သွေးကောင်းပါမှ နောင်အနာဂတ်တွင် တိုင်းပြည်တာဝန်များကို ထမ်းရွက်နိုင်ကြမည်ဖြစ်သည်။ ဉာဏ်ရည်နိမ့်လျှင် အဘယ်သို့ခေါင်းဆောင်နိုင်မည်နည်း။

ယနေ့အချိန်ကာလတွင် ကျွန်ုပ်တို့နေ့စဉ် စားသုံးနေသော အစာအာဟာရအများစုသည် ရခိုင်ဒေသထွက် စားသောက်ကုန်များ မဟုတ်တော့သည်ကို လူတိုင်းသိရှိပါလိမ့်မည်။ ကျွန်ုပ်တို့ ရခိုင်လူမျိုးများသည် ငယ်စဉ်ကတည်းက မိမိတို့ ဒေသထွက်အစားအစာများကို စားသုံးခဲ့ကြပြီး ကြီးပြင်းလာခဲ့ကြသည်။ သို့သော်လည်း ယခုအခါ ရခိုင်ရိုးမတစ်ဘက်ခြမ်းဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်၊ တရုတ်နယ်စပ်၊ ထိုင်းနယ်စပ် စသည့်ဒေသများမှ ဝင်ရောက်လာသော အစားအစာနှင့် စားသောက်ကုန်ပစ္စည်းများကို အားထား မှီခိုစားသောက်နေကြရသည်မှာ ဆယ်စုနှစ်များတိုင်ခဲ့ပါပြီ။ ၎င်းအစားအစာများသည် Genetically Modified Organism (GMO)  ခေါ် မူရင်းမျိုးဗီဇကို ဓါတုနည်းပညာဖြင့် ပြုပြင်ဖန်တီးထုတ်လုပ်ထားသော အစားအစာ များဖြစ်သည်။ ၎င်းတို့သည် မူရင်းအစားအစာ မဟုတ်တော့။ အခြားသော အပင်၊ တိရစ္ဆာန်၊ ဗက်တီးရီးယားတမျိုးမျိုး၏ မျိုးဗီဇကို သိပ္ပံပညာရှင်များက ရောစပ်ဖော်ထုတ်ထားခြင်းဖြစ်သည်။ ဥပမာ - ခရမ်းချဉ်သီး၏ အမျိုးအစားမျိုးဗီဇနှင့် ငါး၏မျိုးဗီဇကို ပေါင်းစပ်ကာ မျိုးဗီဇပြုပြင်ထားသော ခရမ်းချဉ်သီးအဖြစ် ထုတ်ယူထားခြင်းဖြစ်သည်။  (Example: Some kinds of tomatoes are genetically modified organism that have tomato genes and genes taken from a fish.)GMO udk tjcm; enf;rsm;jzifh Biotechnology, Genetic Engineering, Terminator Technology, Transgenic Organism, နည်းပညာ များဟုလည်း ခေါ်သေးသည်။ မျိုးဗီဇပြုပြင်ထားသော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများသည် စီးပွားရေးသမားများအတွက် တွက်ခြေကိုက် အသုံးဝင်သော်လည်း လူသားတို့၏ကျန်းမာရေးနှင့် သဘာ၀ ဘဝများအတွက် အန္တရာယ်ရှိသည်။ မူရင်းမျိုးစိတ် မျိုးဗီဇများနေရာတွင် ပြုပြင်ထားသောမျိုးဗီဇများ ဝင်ရောက်လာသည့်အတွက် ပိုးမွှားများကျရောက်သော အန္တရာယ်များမှလည်း ကာကွယ်နိုင်စွမ်း မရှိတော့ပေ။ မျိုးဗီဇပြုပြင်ထားသော မျိုးစိတ်များကြောင့် မူရင်းမျိုးဗီဇ မျိုးစိတ်များကို အန္တရာယ်ဖြစ်စေသည့်အပြင် ကြီးထွား ခြင်းနှင့် မျိုးစေ့ရရှိခြင်းတို့တွင် အခက်တွေ့စေသည်။ ဤသည်မှာ အင်းဆက်၊ ပျား၊ ပိတုန်း၊ ငှက်များနှင့် ဝတ်မှုန်ကူးသည့်အခါ ဒေသမျိုးစိတ်ကို ပျက်စီးစေတတ်သောကြောင့်ဖြစ်သည်။ ဒေသခံ တောင်သူအများစု သည် အနာဂတ်အတွက် စိုးရိမ်စိတ်ရှိကြ၍ မျိုးဗီဇပြုပြင်ခြင်းများအား မနှစ်သက်ကြပါ။ သို့သော်လည်း စွမ်းအား၊ အာဏာမရှိသည့် အောက်ခြေပြည်သူများ ဖြစ်ကြသည့်အ တွက် မည်သို့မျှ မတတ်နိုင်ကြပါ။ ထို့ကြောင့် စွမ်းအားရှိသူ ငွေကြေးရှိသူက အားရှိ၍နေသည်။ မျိုးဗီဇပြုပြင်ခြင်းအတွက် နည်းပညာသည်လည်း သူတို့ထံတွင်ရှိ၍ ရောင်းချခြင်းနှင့် ဈေးနှုန်းများကိုလည်း သူတို့ထိန်းချုပ်ထားသေးသည်။ ထိုအခါ စားသုံးသူများ ပြည်သူများအတွက် အခက်အခဲရှိလာတော့သည်။

ဤသို့ဖြင့် မျိုးဗီဇပြုပြင်နည်းပညာရပ်များသည် ကမ္ဘာလုံးချီ (Globalization) ဖြစ်လာသည့်အတွက် ကျွန်ုပ်တို့မြန်မာနိုင်ငံသို့လည်း ရောက်ရှိပြန့်ပွားလာခဲ့ရာ ရခိုင်ပြည်နယ်သို့လည်း ထိုအစားအစာများ ရောက်ရှိနေခြင်းဖြစ်သည်။ ရခိုင်သူ၊ ရခိုင်သားများလည်း စားသုံးနေကြခြင်းဖြစ်သည်။ ယခင်က ဆန်ရေစပါးနှင့် သား၊ ငါး၊ သီးနှံအတွက်ဖူလုံသော ရခိုင်ပြည်နယ်သည် ယခုအခါ ပြည်မနှင့်အခြားမှ တင်သွင်းလာသော အစားအစာများကို မှီခိုအားထားနေရပြီ ဖြစ်သည်။

စစ်တွေ မြို့မဈေးကြီး သားငါးဈေးတန်းတွင် ရေချိုငါးတန်၊ ငါးကြင်း၊ စီပီကြက်များ ရောင်းချနေသည်ကို တွေ့မြင်နေရသည်။ ၎င်းဟင်းဈေးတန်းတွင်လည်း ပန်းသီး၊ လိမ္မော်သီးလောက်ရှိသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ငရုပ်ပွသီး၊ အုန်းသီးလုံးလောက်ရှိသည့် ခရမ်းသီး စသည်တို့ကိုလည်း တွေ့မြင်နေကြရသည်။ ၎င်းတို့အားလုံးသည် မျိုးဗီဇပြုပြင်ထားသော GMO အစားအစာများဖြစ်ကြသည်ကို ပြည်သူများ သိရှိစေချင်သည်။ ယင်းအပြင် ဝက်သားများသည်လည်း အလျင်အမြန် အသားတိုးအောင် ဝဆေးများကျွေးထားသောကြောင့် မျိုးဗီဇမသန့်တော့ပေ။ GMO trsd; အမျိးအစားတမျိုးပင်ဖြစ်သည်။ ယခင်က စစ်တွေမြို့မဈေးကြီးတွင် ပင်လယ်ငါးများကို မျိုးစုံမြင်တွေ့ခဲ့ရသည်။ ယခုအခါ ဈေးကောင်းရသော ပင်လယ်ငါးများကို နိုင်ငံခြားသို့ ပို့ကုန်အဖြစ် ရောင်းချကြေသောကြောင့် ဈေးတွင်ရောင်းချခြင်း နည်းပါးလာခဲ့သည်။ ငါးဈေးကွက်၌ နာမည်ကြီးသော ငါးညို့ငါးသည် လာမည့် (၂၀၅၀) တွင် မမြင်တွေ့နိုင်တော့ဟု ပညာရှင်တို့ကဆိုသည်။ ဈေး၌ရောင်းချသော တချို့ငါးများကိုလည်း ဈေးကြီး၍ ဆင်းရဲသူများ မဝယ်စားနိုင်ကြတော့။ ဆင်းရဲသည့်အတွက် အဟာရရှိသော ငါးများကို မဝယ်စားနိုင်။ မဝယ်စား နိုင်တော့ အာဟာရချို့တဲ့။ အာဟာရချို့တော့ ရောဂါဖြစ်။ နောက်ဆုံးတော့ အဆုံးသတ်သံသရာက သေခြင်းမှတစ်ပါး မရှိပါ။

(ရသေ့တောင်ဆိပ်ကမ်းမှ အရောင်းဈေးသည်များ။ ဓာတ်ပုံ - ပျံလွှား)

မျိုးဗီဇပြုပြင်ထားသော စီပီကြက်၊ ရေချိုငါးတန်၊ ငါးကြင်း အစရှိသည့် သား၊ငါးဈေးကွက်သည် ရခိုင်ပြည်နယ် စစ်တွေမြို့ တမြို့တည်းမဟုတ်ဘဲ မြို့နယ်အသီးသီးသို့ တင်ပို့ရောင်းချနေကြသည်။ ဒေသထွက် သား၊ ငါး၊ ပုစွန်တို့သည် ဈေးကြီးသည့်အတွက် သာမန်လူများ ဝယ်မစားနိုင်ကြသည့်အပြင် ရှားပါးလာခြင်းကြောင့်လည်း ဒေသထွက်ပင်လယ်ငါးများနေရာတွင် အစားထိုးလာကြခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့တတ်နိုင်သော တနည်းအားဖြင့် မျိုးမစစ်တော့သော (Hybirds) စီပီကြက်၊ ရေချိုငါးတန်၊ ငါးကြင်းနှင့်  မျိုးမစစ်တော့သော အသီးအရွက်၊ အစာအာဟာရများ စသည်တို့ကို စားသုံးလာကြရသည်။ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များ၌ အသားဈေး၊ အသီးအရွက် ဈေးနှုန်းများကို ဆိုင်းဘုတ်ချိတ်ပြီး သတ်မှတ်ထားခြင်းများရှိသော်လည်း ရောင်းချသူများသည် မိမိတို့ထင်သလို ဈေးတင်ရောင်းချခြင်းများ ရှိနေသည်။ ၎င်းတို့ကို စစ်ဆေး၊ ထိန်းသိမ်း၊ အရေးယူကြခြင်းလည်း မရှိပါ။ ရခိုင်ပြည်နယ်အတွင်း အသားငါး၊ အသီးအရွက်များဈေးနှုန်းသည် နှစ်စဉ်မြင့်တက်လျက်ရှိနေသည်။ ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း မျိုးစပ်ထားသော စပါးမျိုးစိတ်များ ဝင်ရောက်စိုက်ပျိုးလာကြသည့်အတွက် မူရင်းဒေသ မျိုးများအားလုံးနီးပါး ပျောက်ကွယ်လျက်ရှိနေသည်။ ကျွနု်ပ်တို့ ဒေသထွက် မူရင်းဆန်စပါးများကို မစားသောက်ရသည်မှာ ကြာခဲ့ပြီ။

ရခိုင်ဒေသရှိ အိမ်ရှင်မအများစုသည် အစားအစာများ ချက်ပြုတ်ရာတွင် ဈေးနှုန်းသက်သော စားအုန်းဆီကို အသုံးပြုကြသည်။ စားအုန်းဆီကြောင့် ခန္ဓာကိုယ်၏ ကိုလက်စထရောဓာတ် မြင့်တက်၍ ကျန်းမာရေးကို ထိခိုက်စေသည်ဟုဆိုသည်။ ယင်းကြောင့် မသုံးမဖြစ်သုံးရလျှင်လည်း လျော့သုံးသင့်သည်။ မုန့်၊ အစားအစားအသောက်များကို ထုပ်ပိုးရောင်းချကြရာတွင်လည်း သက်တမ်းကုန်၊ မကုန်(Expired Date) ကိုလည်း ရောင်းသူကလည်း သတိမထား၊ ဝယ်ယူသူများကလည်း သတိမထားကြပါ။ ပြည်သူအများဆိုလျှင် သိရှိရမှန်းလည်း မသိရှိကြပါ။ ယင်းအတွက်ကြောင့် ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေတတ်သည်။

မျိုးဗီဇပြုပြင်ထားသော GMO များကို စားသုံးကြသည့်အတွက် လုပ်သားပြည်သူများသည် အဝလွန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးတိုးခြင်း၊ ကင်ဆာရောဂါ၊ အရေပြားရောဂါ စသော ရောဂါဘယများ ဖြစ်ပွားနိုင်သည်။ ပညာရှိသတိဖြစ်ခဲ ဆိုသည်နှင့်အညီ သတိနှင့်ဉာဏ် ဆင်ခြင်သုံးသပ်ပြီး နေထိုင်စားသောက်ကြရမည်။ ကျွန်ုပ်ဆိုလျှင် GMO အစားအစာများကို လုံးဝမစားပါ။ ဒေသထွက် သားငါး၊ အသီးအနှံတို့ကိုသာ စားသုံးသည်။  တခါတရံ ခရီးသွားရသည့်အခါတွင်လည်း ထို GMO များကို ရှောင်ကြဉ်သည်။

GMOs အစားအစာများနှင့်ဆက်နွယ်၍ အန္တရာယ်ရှိသည်မှာ အစားအသောက်များတွင် မိသားစုတိုင်းလိုလို သုံးစွဲနေသော အချိုမှုန့်အကြောင်းပင်ဖြစ်သည်။ အချိုမှုန့်ဆိုသည်မှာ ဓါတုဗေဒနာမည် အားဖြင့်Monosodium Glutamate (MSG) ဟုခေါ်သည့် ဒြပ်ပေါင်းတစ်ခုဖြစ်သည်။ ၎င်းသည် ပုံမှန်သုံးသင့်သည့် ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား၊ များများစားးစား ရေရှည်စားလျှင် အန္တရာယ်ရှိသည်ဟု ပညာရှင်တို့ကဆိုသည်။ Good Manufacturing Practice (GMP)  ဟုခေါ် သော ကမ္ဘာ့အဆင့်ထုတ်လုပ်မှုအဆင့်ကောင်း GMP စနစ်၏ အစားအသောက်များ ထုတ်လုပ် သောနေရာတွင် “ အချိုမှုန့်လုံးဝမပါ ”ဟုဆိုသည်။ အချိုမှုန့်စားသုံးခြင်းကြောင့် ဆီးချို၊ သွေးတိုး၊ နှလုံး သွေးကြောပိတ်၊ ဉာဏ်ရည်ချို့တဲ့ခြင်း၊ မျိုးပွားစွမ်းရည်ကျဆင်းခြင်း၊ ယားယံခြင်း၊ ခေါင်းကိုက်ခြင်း အစရှိသည့် ရောဂါများကို ဖြစ်ပွားနိုင်သည်။ ဂျာမနီနိုင်ငံတွင် အချိုမှုန့်သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသား အဆင့် ကြေငြာချက်များ၊ ဥပဒေများ ထုတ်ခဲ့ရသည်။ မြန်မာနိုင်ငံအတွင်းသို့ အချိုမှုန့်ကို ထုတ်လုပ်တင်သွင်း သော တရုတ်၊ ထိုင်း အစရှိသော နိုင်ငံတို့သည် မြန်မာပြည်သူများ ဉာဏ်ရည်ထိုင်းမှိုင်းစေရန် ရည်ရွယ်ချက်ရှိရှိ အနုနည်းဖြင့် တိုက်ခိုက်နေခြင်း တစ်မျိုးလည်းဖြစ်သည်။

လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ဆိုပြီး တလွဲမှတ်ယူထားကြသည်။ ယင်းကြောင့် ဆားထည့်လွန်လို့ ငန်သွားလျှင် အချိုမှုန့်များများထပ်ထည့်ကြသည်။ အမှန်က ဆားက Sodium Chloride အချိုမှုန့်က Monosodium Gultamate ဖြစ်သောကြောင့် နှစ်ခုလုံးက ဆိုဒီယမ် (Sodium) ဆားဓါတ်ဖြစ်ကာ နှစ်ခုပြိုင်စားသုံးလျှင် သွေးတွင်းဆိုဒီယမ်မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကိုဖြစ်စေသည်။ ထို့ကြောင့် သွေးတိုးရောဂါ ကာကွယ်သူများနှင့် သွေးတိုးရှိသူများသည် အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်သည်။ ရယ်ဒီမိတ်အစားအသောက်များ အားလုံးနီးပါးမှာ အချိုမှုန့်ပါရှိပြီးသား ဆိုသည်ကို သတိရကြပါ။ ရိုးရာဟင်းခတ်အမွှေးအကြိုင်များ (ပုစွန်ခြောက်၊ငါးပိ) စသည်တို့ကို ပြန်လည်စားသုံးသင့်ပါသည်။ ကျွနု်ပ်တို့၏ ရှေးအစဉ်အဆက်ဘိုးဘွားများသည် ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့ကြသည်မှာ အချိုမှုန့် မစားခဲ့ကြခြင်းကြောင့်ဟု ဆိုရပေမည်။ 

ဤကဲ့သို့ ရခိုင်ပြည်နယ် စားနပ်ရိက္ခာအခက်အခဲ ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်းသည် အသိပညာအားနည်းခြင်း၊ ကုန်ဈေးနှုန်း မြင့်တက်နေခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ စီးပွားရေးလက်ဝါးကြီး အုပ်ကြခြင်းကြောင့် ဖြစ်သည်။ ဒေသမှထွက်ရှိသော သား၊ ငါး သယံဇာတများကို စီးပွားရေးသမားများက လက်ဦးမှုရယူကာ အခြားနေရာများသို့ တင်ပို့ရောင်းချခြင်းဖြစ်သည်။ “ ကုလားပုစွန် လေယာဉ်စီးလို့ ရခိုင်သားတိမှာ ကုန်းကြောင်းပြီးရေ။ တခါတရီ မြို့ကိုရောက်ကေ ဆိုက္ကားစီးလို့ ဂုဏ်မြင့်ကတ်တေ” ဟု ကိုလရောင်၏ သီချင်းတပုဒ်ကလည်း လုပ်ငန်းရှင်များက စီးပွားရေးကို လက်ဝါးကြီးအုပ်ထားသောကြောင့် ရခိုင်ပြည်သူတို့၏ဘ၀ ဆင်းရဲမွဲတေခြင်းနှင့် မဟုတ်သည့်ကိစ္စရပ်များတွင် ဂုဏ်ယူနေကြခြင်းကို ဖော်ညွှန်း နေသည်။ ဒေသတွင်း ရိက္ခာဖူလုံပါမှ အခြားဒေသများသို့ တင်ပို့ရောင်းချသင့်သည်။ ရခိုင်ပြည်နယ်အတွင်းမှ တောင်သူများအနေဖြင့် စိုက်ပျိုးရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်သင့်သည်။ အစိုးရအနေဖြင့်လည်း နည်းပညာနှင့် ငွေကြေးအင်အားတချို့ကို ပံ့ပိုးပေးသင့်သည်။ ခေတ်မီနည်းပညာနှင့် စက်ကိရိယာများကို ပံ့ပိုးသင့်သည်။                 

ရခိုင်တွင် နှစ်စဉ်မိုးများစွာရွာသွန်းသော်လည်း ဆည်၊ တာတမံများ မရှိသလောက်ပင်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးအတွက် ရေသည် မရှိမဖြစ် လိုအပ်သည်ဖြစ်ရာ ရေလုံလောက်မှုရှိစေရန်အတွက်လည်း ဆောင်ရွက်သင့်သည်။ ရခိုင်ပြည်သူများကလည်း စားနပ်ရိက္ခာ ဖူလုံရန်အတွက် တနိုင်တပိုင်မှသည် စီးပွားဖြစ်ဖြန့်ဖြူး ထုတ်လုပ်နိုင်အောင် ဆောင်ရွက်သင့်သည်။ ဓာတ်မြေသြဇာများကို အသုံးပြုခြင်းမှ ရှောင်ရှားပြီး သက်ရှည်ကျန်းမာရေးနှင့်ညီညွတ်သည့် သဘာဝမြေသြဇာနှင့် စိုက်ပျိုးခြင်း (Organic Farming) ကို အားပေးလုပ်ဆောင်သင့်သည်။

မည်သို့ပင်ဆိုစေကာမူ မိမိတို့ထံ မျိုးဗီဇပြုပြင်ထားသော အစားအစာများ ရောက်ရှိလာသည်ကို အသိတရားရှိရှိဖြင့် ရှောင်သင့်သည်ကိုရှောင်ပြီး ဆောင်သင့်သည်ကိုဆောင်ကာ အသက်ရှင်နေထိုင် ကြရမည်ဖြစ်သည်။ နည်းပညာအားသာသော ယနေ့ခေတ်တွင် အသုံးဝင်သည်များကို နည်းလမ်းယူ အသုံးပြုကြပြီး အသုံးမဝင်သည်များကို စွန့်ပယ်ကာ မိမိဒေသအတွက် အကျိုးရှိရှိကြိုးစားနိုင်ကြလိမ့်မည်ဟု ယုံကြည်မိသည်။

(၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင်ထွက်ရှိသော  Development News Journal ၏ အမှတ် (၈၈) တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။)