- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
AA ၏ အရှိန်မြင့်ထိုးစစ်ကြောင့် ဘူးသီးတောင်တိုက်ပွဲ ပြင်းထန်နေ
ရခိုင်ပြည်၊ ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁၅)ကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ထိုးစစ်များကြောင့် တိုက်ပွဲများပြင်းထန်နေကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်သည်။
27 Apr 2024

DMG ၊ ဧပြီ ၂၇
ရခိုင်ပြည်၊ ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁၅)ကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ထိုးစစ်များကြောင့် တိုက်ပွဲများပြင်းထန်နေကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်သည်။
စကခ(၁၅)နှင့် လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၅၆၅ တွင် စစ်ကောင်စီ နှင့် AA တို့ တိုက်ပွဲပြင်းထန်နေပြီး အခြားတပ်စခန်းများရှိသည့် နေရာများတွင်လည်း တိုက်ပွဲဖြစ်ပွားမှုများရှိကြောင်း ဒေသခံများက ပြောသည်။
“စကခ(၁၅)ဘက်က လက်နက်ကြီးပစ်သံတွေ ကြားရသလို ၅၆၅ တပ်ရင်းကိုလည်း AA က ဒရုန်းဗုံးနဲ့ တိုက်ခိုက်တာတွေ ရှိပါတယ်။ စစ်ကောင်စီက လက်နက်ကြီးအပြင် လေယာဉ်နဲ့ဗုံးကြဲမှုတွေ အများကြီးလုပ်တယ်” ဟု ဘူးသီးတောင်ဒေသခံတစ်ဦးက ပြောသည်။
စကခ (၁၅) သည် ရခိုင်ပြည်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းစစ်ဌာနချုပ်(နပခ) လက်အောက်ခံဌာနချုပ် ဖြစ်သည်။ စကခ(၁၅) အောက်တွင် ခြေမြန်တပ်ရင်း (ခမရ) ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅၊ ၅၅၁၊ ၅၅၂၊ ၅၆၄၊ ၅၆၅ အပါအဝင် ခြေလျင်တပ်ရင်း(ခလရ) ၂၃၃၊ ၂၃၄၊ ၂၆၃ နှင့် အမြောက်တပ်ရင်း (အမတ) ၃၇၈ တို့ ရှိသည်။
ယင်းအထဲမှ ၅၅၂ နှင့် ၅၆၄ တပ်ရင်းများကို AA က အပြီးသတ်သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် တပ်စခန်းများကို သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။
“ဘူးသီးတောင်တိုက်ပွဲက တခြားဒေသတွေနဲ့မတူဘဲ ကွဲပြားနေတဲ့ အခြေနေရှိနေတယ်။ AA ကလည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဆောင်နေရတဲ့ အပိုင်းတွေရှိတယ်” ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
တိုက်ပွဲပြင်းထန်နေမှုနှင့်အတူ မတူညီသော လူ့အဖွဲ့အစည်းများအကြား လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခများ ဖြစ်ပွားလာစေရန် စစ်ကောင်စီက ဖန်တီးနေသဖြင့် ဧပြီလ ၂၆ ရက်မှစ၍ ဘူးသီးတောင်၊ မောင်တောဒေသတွင် ည (၇) နာရီမှ နံနက် (၆) နာရီအထိ ညမထွက်ရအမိန့်ကို AA ထုတ်ပြန်ထားသည်။
လက်ရှိတွင် စစ်ကောင်စီနှင့် AA တို့သည် ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲမြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်နေသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစတင်သည့် ရခိုင်တိုက်ပွဲ ၅ လကျော်အတွင်း ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထားသည်။