ကျေးရွာသစ်တည်ဆောက်ဖို့ လွှတ်တော်သို့ သင်္ဘောကွေ့ကျေးရွာသားတွေ တင်ပြ

26 Jul 2018

အစိုးရက နိုင်ငံတကာဖိအားကြောင့် သင်္ဘောကွေ့ကျေးရွာကို ဖျက်သိမ်းလိုက်တာကြောင့် တိုင်းရင်းသားတွေမှာ နေစရာအခက်အခဲဖြစ်နေတဲ့အတွက် ဇူလိုင်လ ၁၈ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌထံ ကျေးရွာသစ်တည်ဆောက်ပေးဖို့ ရွာသားတွေ တင်ပြတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ 

ရခိုင်တွင် ခရုမှတစ်ဆင့် ရောဂါကူးစက်

ခိုင်ရိုးလ 26 Jul 2018

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က စတင်တွေ့ရှိခဲ့တဲ့ ရေချိုခရုကတစ်ဆင့် ကူးစက်တတ်တဲ့ သံကောင်ရောဂါဟာ ကလေးတွေမှာ အများဆုံးဖြစ်တတ်ပြီး မြောက်ဦးနဲ့ ပေါက်တောမြို့နယ်တွေမှာ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

ALD မှ ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းသူကို ANP ကိုယ်စားလှယ်လောင်း ကန့်ကွက်

25 Jul 2018

ရခိုင်ဒီမိုကရေစီအချုပ်ချုပ်ပါတီ (ALD) က အရွေးခံမယ့် ဦးသိန်းမောင်ကို ရခိုင်အမျိုးသားပါတီ(ANP) က အရွေးခံမယ့် ဦးမောင်လှမြင့်က ရွေးကောက်ပွဲကော်မရှင်ထံ စာပို့ကန့်ကွက်ထားပြီး ဦးသိန်းမောင်ဟာ ရခိုင်အမျိုးသားပါတီဝင်ဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတစ်ခုတည်းနဲ့ ကန့်ကွက်ထားတာလို့ သိရပါတယ်။

ကျောက်ဖြူ SEZ မှ ဒေသခံများ၏ ရပိုင်ခွင့်များကို တောင်းဆို

25 Jul 2018

ကျောက်ဖြူ SEZ တည်ဆောက်မယ့်ကိစ္စနဲ့ ပတ်သက်လို့ ဇူလိုင်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ကျောက်ဖြူမြို့နယ်အတွင်းက တောင်သူလယ်သမားတွေနဲ့ ရေလုပ်သားတွေဟာ တွေ့ဆုံပွဲတစ်ရပ်ကိုပြုလုပ်ခဲ့ပြီးတော့ တွေ့ဆုံပွဲရလဒ်အဖြစ် အချက် ၁၆ ချက်ပါဝင်တဲ့ သဘောထားထုတ်ပြန်ချက်ကို တောင်းဆိုထုတ်ပြန်ခဲ့ကြ ပါတယ်။

ဒေါက်တာအေးမောင်တို့အမှု တရားလိုသက်သေတွေကို စစ်ဆေးပြီးစီး

ခိုင်ရိုးလ 24 Jul 2018

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို စွဲဆိုထားတဲ့အမှုသုံးခုထဲက အမှုနှစ်ခုရဲ့ တရားလိုသက်သေတွေကို ဇူလိုင်လ ၂၃ ရက်နေ့မှာ စစ်ဆေးမှုပြီးစီးခဲ့ပြီလို့ ဒေါက်တာအေးမောင်ရဲ့ အမှုလိုက်ရှေ့နေဆီက သိရပါတယ်။ 

ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေးကိစ္စတွေကို ဆွေးနွေး

18 Jul 2018

ရခိုင်ပြည်နယ်ကနေရပ်စွန့်ခွာများ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဇူလိုင် ၁၇ ရက်နေ့မှာ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ဦးဆောင်တဲ့ ဝန်ကြီးဌာနအဖွဲ့နဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

သတင်း - နေဝင်းစံ

ကျောက်ဖြူအဝေးပြေးကားကွင်း ပြောင်းရွှေ့မည်ဆိုသည့်သတင်းကြောင့် ဒေသခံများစိုးရိမ်နေ

18 Jul 2018

အဝေးပြေးကားဂိတ်ကို မြို့နဲ့(၃) မိုင်ခန့် ဝေးကွာတဲ့နေရာသို့ ပြောင်းရွှေ့လိုက်မယ်ဆိုရင် ကုန်တင်ကုန်ချ၊ သယ်ယူပို့ဆောင်ရေးစရိတ်တွေ ဈေးမြင့်တက်လာနိုင်သလို ခရီးသွားပြည်သူတွေအတွက်လည်း အဆင်မပြေနိုင်ဘူးလို့ အဝေးပြေးကားကွင်း ဂိတ်မှူးတွေက ပြောဆိုကြပါတယ်။

သတင်း - ခိုင်မင်း(ကျောက်ဖြူ)

ရခိုင် ခရိုင်မြို့ ၅ မြို့တွင် CCTV တပ်ဆင်သွားမည်

18 Jul 2018

ရခိုင်ပြည်နယ်ရဲ့ ခရိုင်မြို့တွေဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မောင်တောနဲ့ မြောက်ဦးမြို့တွေမှာ လုံခြုံရေးပိုမိုကောင်းမွန်လာစေဖို့ CCTV ကင်မရာတွေ တပ်ဆင်ပေးသွားမယ်လို့ သိရပါတယ်။

သတင်း - ခိုင်မင်း (ကျောက်ဖြူ)

ဟိန္ဒူဘာသာဝင်များ၏ ဘုရားရှင် ရှရီ ဂျဂနားသ် ပန်းရထားဆွဲပွဲ ကျင်းပ

15 Jul 2018

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဇူလိုင်လ(၁၄)ရက်နေ့ ညနေပိုင်းက ဟိန္ဒူဘာသာဝင်တွေရဲ့ ဘုရားရှင်ကို ပူဇော်ကျင်းပသော ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ ရှရီ ဂျဂနားသ် ရသ်ယာသရာ ပန်းရထားဆွဲ ပွဲတော်ကြီးကို ၁၆ ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား စတဲ့မြို့နယ်တွေက ဟိန္ဒူဘာသာဝင် တစ်သောင်းခန့် လာရောက်ဆင်နွဲခဲ့ကြတယ်လို့ သိရပါတယ်။

အဝေးရောက်ရခိုင်တွေ အိမ်ကိုပြန်လာနိုင်ဖို့ ကျောက်ဖြူ SEZ ကို ထောက်ခံကြိုဆို

15 Jul 2018

အဲဒီထောက်ခံကြိုဆိုပွဲကို ကျောက်ဖြူခရိုင်ဒေသခံတိုင်းရင်းသားများ ဖွံ့ဖြိုးရေးအသင်းက ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး အထူးစီးပွားရေးဇုန် ပြုလုပ်မယ့်နေရာမှာ ပါဝင်သွားတဲ့ မြေပိုင်ရှင်တွေလည်း ထောက်ခံကြိုဆိုခဲ့ကြကာ အဲဒီအခမ်းအနားကို လူပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

သတင်း - နေရောင်မင်း (စစ်တွေ)

မောင်တောအဝေးသင်ဌာနခွဲ လျှောက်လွှာထုတ်ယူသူ ၅၃ ဦးနှင့် လျှောက်လွှာတင်သူ ၁၀ ဦးအထိရှိလာ

13 Jul 2018

မောင်တောခရိုင်အတွင်းဖွင့်လှစ်သင်ကြားမယ့် အဝေးသင်တက္ကသိုလ်ဌာနခွဲကို တက်ရောက်နိုင်ရန်အတွက် လျှောက်လွှာတွေကို မောင်တောခရိုင် ပညာရေးမှူးရုံးက ထုတ်ပေးလျှက်ရှိရာ ဇူလိုင်လ ၁၃ ရက်နေ့ အထိ လျှောက်လွှာ ထုတ်ယူသူ ၅၃ ဦးနှင့် လျှောက်လွှာ လာတင်တဲ့ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးရှိ တယ်လို့ သိရပါတယ်။

ရခိုင်အစိုးရအဖွဲ့ ဦးတင်မောင်ဆွေရဲ့ အသုံးချခံမဖြစ်ဖို့ ဦးအောင်သန်းဝေပြော

11 Jul 2018

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ယခင်အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေရဲ့ အသုံးချခံမဖြစ်ဖို့ လိုတယ်လို့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ စစ်တွေမြို့မိ၊မြို့ဖအဖွဲ့ဝင်ဦးအောင်သန်းဝေက ဇူလိုင်လ ၁၁ ရက်နေ့ ဒုတိယအကြိမ်ရုံးထုတ်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

သင်္ဘောကွေ့ကျေးရွာရှိ နေအိမ်တွေကို အစိုးရမှ ယနေ့ အပြီးသတ်ဖြိုဖျက်နေ

10 Jul 2018

 သင်္ဘောကွေ့ကျေးရွာမှာရှိနေတဲ့ နေအိမ် ၄၈ လုံးကို အစိုးရမှ ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ကစပြီး အပြီးသတ်ဖြိုဖျက်နေကာ အဲဒီမှာနေထိုင်တဲ့ တိုင်းရင်းသားတွေကို အခြားနေရာသို့ ပြောင်းရွှေ့ပေးနေတယ်လို့ သိရပါတယ်။ အစိုးရကတော့ တိုင်းရင်းသားတွေကို အရင်ကစီစဉ်ထားတဲ့အတိုင်း အင်းဒင်ကျေးရွာသို့ ပြောင်းရွှေ့မှာ ဖြစ်သလို၊ အခြားနေရာသို့ သွားလိုလျှင်လည်း စီစဉ်ပေးမယ်လို့ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောပါတယ်။

ရခိုင်မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းသူ ၄ ဦးသာရှိ

စိမ်းကိုကို 10 Jul 2018

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်အတွင်း လစ်လပ်နေတဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဝင်ရောက်ရွေးချယ်ခံနိုင်ဖို့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ အရေအတွက်မှာ ဇူလိုင်လ ၁၀ နေ့အထိ ၄ ဦးသာရှိတယ်လို့ စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။

သတင်း - စိမ်းကိုကို

ဒေါက်တာအေးမောင် ၁၆ ကြိမ်မြောက်ရုံးချိန်းမှာ တရားလိုပြသက်သေကို စစ်ဆေး

ခိုင်ရိုးလ 09 Jul 2018

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို ဒီကနေ့ဇူလိုင်လ ၉ ရက်နေ့မှာ (၁၆)ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး သူတို့နှစ်ဦးကိုစွဲဆိုထားတဲ့အမှု ၃ မှုလုံးမှာ တရားလိုပြသက်သေဖြစ်တဲ့ ရသေ့တောင်ရဲစခန်းက ရဲတပ်ကြပ်ကြီး ယဉ်လှကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

မောင်တော UNDP ရုံးကို လာမည့်သီတင်းတစ်ပတ်အတွင်း ဖွင့်လှစ်မည်

05 Jul 2018

 မောင်တောမှာ တစ်နှစ်ကျော်ကြာ ရပ်နားထားခဲ့ရတဲ့ UNDP ရဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်လုပ်ဆောင်နိုင်ဖို့အတွက် လာမယ့်သီတင်းပတ်အတွင်း UNHCR ရဲ့ ခြံဝန်းအတွင်းမှာ UNDP ရုံးဖွင့်လှစ်ဖို့ ရှိတယ်လို့ သိရပါတယ်။

သတင်း- နေရောင်မင်း (စစ်တွေ)

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း ကြိုဆိုထောက်ခံပွဲ ပြုလုပ်မည်

04 Jul 2018

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း ကြိုဆိုထောက်ခံပွဲကို လာမယ့်ဇူလိုင်လ ၁၄ ရက်နေ့မှာ ပြုလုပ် သွားမှာဖြစ်တယ်လို့ ကြိုဆိုထောက်ခံပွဲကိုဦးဆောင်မယ့် ကျောက်ဖြူခရိုင် ဒေသခံတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဆီက သိရပါတယ်။

သတင်း - ခိုင်မင်း (ကျောက်ဖြူ)

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်းတင်သွင်းခြင်းမရှိသေး

စိမ်းကိုကို 03 Jul 2018

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အမည်စာရင်းတင်သွင်းတာတွေမရှိသေးဘူးလို့ စစ်တွေခရိုင်ရွေးကာက်ပွဲ ကောက်မရှင်အဖွဲ့ခွဲရုံးကသိရပါတယ်။

သတင်း - စိမ်းကိုကို

သိုင်းချောင်းကျေးရွာအုပ်စုမှာ သားဖွားဆရာမတစ်ဦး အစားထိုးချထားပေးရန် လိုလား

02 Jul 2018

 ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာအုပ်စုမှာ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်ရန်အတွက် သူနာပြု၊ သားဖွားဆရာမတစ်ဦး အစားထိုးခန့်ထားဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

သတင်း - ခိုင်မင်း (ကျောက်ဖြူ)

တောဖျားချောင်းက ရေနစ်မြုပ်ကျေးရွာများကို ကယ်ဆယ်ရေးပစ္စည်းများ သွာရောက်ပေးအပ်

ခိုင်ရိုးလ 30 Jun 2018

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက မိုးအဆက်မပြတ်ရွာသွန်းပြီး၊ လေပြင်းတိုက်ခတ်မှုတွေကြောင့် ရေနစ်မြုပ်ခံခဲ့ရတဲ့ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသအတွင်း ကျေးရွာတွေကို ပိုးရွှီပြင်မဟာမိတ် လူမှုကူညီရေးအသင်းမှ ဇွန်လ ၃၀ ရက်နေ့က ကယ်ဆယ်ရေးပစ္စည်းတွေကို သွားရောက်ပေးအပ်ခဲ့ပါတယ်။

သတင်း - ခိုင်ရိုးလ

Showing 41-60 of 349 items.