- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
ANP လူငယ်ခေါင်းဆောင်ဟောင်း ကိုဂန်ဘာရီနှင့် ရခိုင်လူငယ် ၃ ဦး ရန်ကုန်တွင်ဖမ်းဆီးခံရ
ကိုဂန်ဘာရီမှာ ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုကော်မတီဝင် Youth Wing ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး လူမှုရေးကိစ္စရပ်များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူလည်း ဖြစ်သည်။
01 Jun 2024

DMG ၊ ဇွန် ၁
ရခိုင်အမျိုးသားပါတီ(ANP)၏ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ ကိုဂန်ဘာရီနှင့် ရခိုင်လူငယ် ၃ ဦးကို မေလ ၃၁ ရက် ညည့်အချိန်တွင် ရန်ကုန်မြို့ရှိ နေအိမ်အတွင်း စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးသွားကြောင်း သိရသည်။
ကိုခင်ဝင်းမောင်(ခေါ်) ကိုဂန်ဘာရီ အသက် (၃၄)နှစ်နှင့်အတူ လူငယ် ၃ ဦးမှာ လှိုင်မြို့နယ်၊ နေအိမ်အတွင်းရှိနေစဉ် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု သိရသည်။
“သူဖမ်းဆီးခံရတယ်လို့ သတင်းရတယ်။ သူနဲ့အတူနေတဲ့ ၃ ယောက်လည်း ပါသွားတယ်။ အသေးစိတ်ကိုတော့ ကျနော်တို့လည်း စုံစမ်းနေဆဲပါ” ဟု ANP ဥက္ကဌ ဦးသာထွန်းလှက ပြောသည်။
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခကြောင့် ဒေသခံပြည်သူများမှာ AA ထိန်းချုပ်နယ်မြေနှင့် ရန်ကုန်မြို့တွင် စစ်ဘေးတိမ်းရှောင်နေကြပြီး ကိုဂန်ဘာရီမှာလည်း ရန်ကုန်မြို့၌ စစ်ဘေးတိမ်းရှောင်နေသူတစ်ဦး ဖြစ်သည်။
ကိုဂန်ဘာရီနှင့် နီးစပ်သူတစ်ဦးက “သူအဖမ်းခံရတာ ဟုတ်ပါတယ်။ ဖုန်းခေါ်လို့လည်း မရတော့ဘူး။ Facebook အကောင့်လည်း မရှိတော့ဘူး။ မနေ့ညနေက ဖမ်းဆီးသွားတာဆိုပြီး သိရပါတယ်။ ဘယ်မှာထိန်းသိမ်းထားလဲ စုံစမ်းနေဆဲပါ” ဟု ပြောသည်။
ကိုဂန်ဘာရီမှာ ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုကော်မတီဝင် Youth Wing ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး လူမှုရေးကိစ္စရပ်များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူလည်း ဖြစ်သည်။