- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဧရာဝတီတိုင်းသို့ စစ်မီးကူးစက်လာသဖြင့် ချောင်းသာတွင် ခရီးသွားဝင်ရောက်မှု ရပ်ဆိုင်း
ချောင်းသာမြို့နှင့် မိုင် ၈ ခန့်သာ ကွာဝေးသည့် ရွှေသောင်ယံမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် ပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်နေသည်။ ယင်းကြောင့် ချောင်းသားကမ်းခြေကို ခရီးသွားဝင်ရောက်မှုမှာ လုံးဝရပ်တန့်သွားပြီး ဟိုတယ်အချို့မှာလည်း ပိတ်ထားသည့် အခြေအနေရှိကြောင်း သိရသည်။
23 Jan 2025
DMG၊ ဇန်နဝါရီ ၂၃
လက်ရှိ စစ်ပွဲများသည် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အထိ ကျယ်ပြန့်လာပြီးနောက် နာမည်ကျော် ချောင်းသာကမ်းခြေသို့ ခရီးသွားဝင်ရောက်မှု လုံးဝမရှိသလောက်ဖြစ်နေကြောင်း ဒေသခံများ၊ ဟိုတယ်နှင့် နီးစပ်သူများထံမှ သိရသည်။
ချောင်းသာမြို့နှင့် မိုင် ၈ ခန့်သာ ကွာဝေးသည့် ရွှေသောင်ယံမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် ပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်နေသည်။ ယင်းကြောင့် ချောင်းသားကမ်းခြေကို ခရီးသွားဝင်ရောက်မှုမှာ လုံးဝရပ်တန့်သွားပြီး ဟိုတယ်အချို့မှာလည်း ပိတ်ထားသည့် အခြေအနေရှိကြောင်း သိရသည်။
“ကမ်းခြေမှာ ဈေးရောင်းသူတွေလည်း မရှိတော့ဘူး။ မြို့ခံအများစုကလည်း ပုသိမ်ဖက်တို့၊ ရန်ကုန်ဖက်တို့ကို တိမ်းရှောင်မှုတွေ ရှိနေကြတယ်။ တိုက်ပွဲဖြစ်နေတဲ့ ရွှေသောင်ယံနဲ့ ချောင်းသာဆိုတာက နီးနီးလေးပဲဆိုတော့ တိုက်ပွဲက အချိန်မရွေးဖြစ်လာနိုင်တယ်” ဟု ချောင်းသာကမ်းခြေက ဟိုတည်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် ချောင်းသာတွင်ရှိသည့် ဟိုတယ်အချို့က ကုန်ပစ္စည်းများကို ရန်ကုန်ဖက်ကို ရွှေ့ပြောင်းမှုများလည်းရှိလာကြပြီ ဒေသခံများက ပြောကြသည်။
ချောင်းသာကမ်းခြေတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ခရစ်စမတ်ကာလတုန်းက ခရီးသွားဝင်ရောက်မှု သောင်းနှင့်ချီရှိခဲ့ပြီး တစ်လနီးပါးအကြားမှာ ဟိုတယ်များကို ပိတ်သိမ်းလာကြရခြင်းဖြစ်သည်။
သို့သော်လည်း ပိတ်သိမ်းလာကြသည့် ဟိုတယ်အချို့ကို စစ်ကောင်စီ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့က အတင်းဖွင့်ခိုင်းမှုများရှိနေပြီး မဖွင့်ပါက နိုင်ငံပိုင်သိမ်းဆည်းသွာမည်ဟု ဖိအားပေးမှုများရှိနေကြောင်း မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ပုသိမ်တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒေသခံတွေက ရန်ကုန်ကို ကြိုတင်စစ်ဘေးရှောင်တဲ့ကြတဲ့အတွက် စစ်ကောင်စီရဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက ပိတ်ထားတဲ့ ဟိုတယ်၊ တည်ခိုခန်းနဲ့ ဆိုင်ခန်းတွေကို ပြန်ဖွင့်ရမယ်ဆိုပြီး ဖိအားပေးနေတာတွေ ရှိတယ်။ စစ်ကောင်စီက မြို့မှာ ပုံမှန်ဖြစ်အောင်ဆိုပြီး အဓမ္မဖိအားပေးလုပ်ဆောင်နေပေမယ့် ချောင်းသာမှာတော့ မြို့ခံ အနည်းငယ်လောက်ပဲရှိတော့တယ်” ဟု ၎င်းကပြောသည်။
အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက ရွှေသောင်ယံမြို့ရှိ ဘောမိကျေးရွာကို ဇန်နဝါရီ ၁၈ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက ရွှေသောင်ယံမြို့တွင်းမှာ အင်အားဖြည့်တင်းနေ၍ နှစ်ရေး စစ်ရေးတင်းမာမှုရှိနေသည်ဟု ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
အလားတူ စစ်ကောင်စီက ချောင်းသာမြို့တွင် ကြည်းတပ်၊ ရေတပ်တို့ဖြင့် ခံစစ်ပြင်ဆင်နေသည့်အတွက် မြို့ခံ အများစုမှာလည်း နေရပ်စွန်ခွာနေကြသည်။
“စစ်ကောင်စီက ချောင်းသာမှာ ကြည်းတပ်ရော ရေတပ်ပါ အထိုင်ချပြီး ခံစစ်ပြင်ထားတာ။ ရွှေသောင်ယံဖက်က ဒဏ်ရာရှိလာတဲ့ စစ်သားတွေကိုလည်း ချောင်းသာမှာ ဆေးကုသမှုလုပ်နေတယ်။ ဒဏ်ရာပြင်းထန်ရင်တော့ ပုသိမ်ကိုပို့တယ်။ မြို့ခံအများစုကတော့ စစ်ဘေးရှောင်နေကြပြီ” ဟု ချောင်းသာမြို့နယ်တွင်း ရောက်ရှိနေသည့် ရခိုင်စစ်ရှောင်တစ်ဦးက ပြောသည်။
ရခိုင် - ဧရာဝတီတိုင်းအစပ်၊ ပွိုင့်(၃၆၉)ကုန်းနှင့် ဧရာဝတီတိုင်း ရေကြည်မြို့ ချင်းစုကျေးရွာအနီးတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း အာရက္ခတပ်တော်က ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။