- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
သာပေါင်းတွင် စစ်ကောင်စီနှင့် AA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်
သဲဖြူကျေးရွာနှင့် ၂ ဖာလုံခန့်ကွာဝေးသည့် ကင်းပွန်းချဉ်တောင်တန်းတွင် တိုက်ပွဲဖြစ်ပွားနေကြခြင်းဖြစ်ပြီး စစ်ကောင်စီက စက်တပ်လေထီးများဖြင့် ခုခံတိုက်ခိုက်နေသည်။
28 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်း သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းကစပြီး စစ်ကောင်စီနှင့် AA ပူးပေါင်းတပ်ဖွဲ့များအကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
သဲဖြူကျေးရွာနှင့် ၂ ဖာလုံခန့်ကွာဝေးသည့် ကင်းပွန်းချဉ်တောင်တန်းတွင် တိုက်ပွဲဖြစ်ပွားနေကြခြင်းဖြစ်ပြီး စစ်ကောင်စီက စက်တပ်လေထီးများဖြင့် ခုခံတိုက်ခိုက်နေသည်။
“တိုက်ပွဲက မနေ့က မနက်ပိုင်းမှာ စပြီးထိတွေ့ဖြစ်ကြတာ။ သဲဖြူမှာက ကျားခေါင်းကျေးရွာအနီးကို စစ်ကောင်တပ်စခန်းကို သိမ်းပိုက်ကတည်းက သဲဖြူကို တပ်ဆုတ်ပြီးတော့ စစ်ကောင်စီက ခံစစ်စခန်း ပြုလုပ်ထားတာ။ ဒီနေ့ မနက်ပိုင်းအထိ အဲဒီစခန်းအနီးမှာ တိုက်ပွဲဖြစ်နေတုန်းပဲ” ဟု တိုက်ပွဲအခြေနေသိသူ တစ်ဦးက ပြောသည်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများကို သာပေါင်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ(၃၀၈) တပ်ရင်းက လက်နက်ကြီး ပစ်ကူပေးပစ်ခတ်မှုအပြင် ကျုံပျော်မြို့အခြေစိုက် ခလရ(၃၆) တပ်ရင်းကလည်း စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။
တိုက်ပွဲဖြစ်နေသည့်နေရာမှာ သာပေါင်း - သဲဖြူ - မကျီးဇင် ကားလမ်းတွင်ဖြစ်သည်။ ယင်းကြောင်း အနီးနားရှိ လှော်တော်၊ သစ်ဖြူ၊ ကျားခေါင်း၊ သစ်ဝမ်းပူ၊ သစ်ဆင်၊ သာပေါင်းလေး၊ သဲဖြူ၊ ဖိုချောင်း၊ ကြက်သွန်းကွင်း၊ လှေကြီး တက် စသည့်ကျေးရွာများက ထောင်နှင့်ချီသည့် ဒေသခံများမှာ သာပေါင်းမြို့အပါဝင် ဘေးလွတ်ရာကို ထွက်ပြေးနေကြရသည်ဟု သိရသည်။
ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားလာသို့ စစ်ကောင်စီ၏ သာပေါင်း အခြေစိုက် ခမရ (၃၀၈) တပ်ရင်းက စစ်ကူအင်အားအချို့ကို ကားဖြင့်ပို့ဆောင်နေကြောင်းလည်း မြေပြင်အခြေအနေ သိရှိသူများက ပြောသည်။
“ဒီနေ့မပိုင်းမှာတော့ လက်နက်ကြီးပစ်ခတ်သံတချို့ ကြားနေရသေးတယ်။ မနေ့ကလောက်တော့ အများကြီး မဟုတ်ဘူး။ သာပေါင်းဖက် စစ်ကားတွေအဲဒီ တိုက်ပွဲဖြစ်နေတဲ့ဖက်ကို သွားနေတာတွေရှိတယ်။ အဓိကတော့ စစ်ကူအင်အားနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတဲ့ပုံပေါက်တယ်” ဟု သာပေါင်းရောက် စစ်ဘေးရှောင် တစ်ဦးက ပြောသည်။
ယင်းအပြင် လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် သဲဖြူကျေးရွာနီးရှိ သာပေါင်းလေး၊ အနန်းကုန်း၊ ခွေးကုတ် ကျေးရွာအနီးတို့တွင် စစ်ကောင်စီက ခံစစ်ပြင်ဆင်နေမှုများရှိသည်ဟု သိရသည်။
သာပေါင်း - မကျီးဇင် ကားလမ်းပေါ်တွင် ဖေဖော်ဝါရီလ အစောပိုင်းကလည်း နှစ်ဖက်ထိတွေတိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီ၏ ကျားခေါင်းတပ်စခန်းကို အာရက္ခတပ်တော်ဖက်က သိမ်းပိုက်ထားသည်။
ဧရာဝတီတိုင်းကို အာရက္ခတပ်တော်က မဟာမိတ်တပ်များသည် ဇန်နဝါရီလအစောပိုင်းကတည်းက ဝင်ရောက် တိုက်ခိုက်နေပြီး သားပေါင်း၊ ရေကြည်နှင့် ပုသိမ်မြို့နယ်တို့ရှိ ကောင်စီ၏ တပ်စခန်းအချို့ကို သိမ်းပိုက်ထားသည်။