- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
ကျားဖြန့်နှိမ်နင်းရေး အထူးအရာရှိတစ်ဦး တရုတ်အစိုးရ ခန့်အပ်
မြန်မာနယ်စပ်မြို့များရှိ ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်နှိမ်နင်းရေးအတွက် တရုတ်အစိုးရက အများအပြည်သူလုံခြုံရေး တရုတ်လက်ထောက်ဝန်ကြီး လျူကျွမ်းယီကို အထူးအရာရှိအဖြစ် ခန့်အပ်လိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
19 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၁၉
မြန်မာနယ်စပ်မြို့များရှိ ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်နှိမ်နင်းရေးအတွက် တရုတ်အစိုးရက အများအပြည်သူလုံခြုံရေး တရုတ်လက်ထောက်ဝန်ကြီး လျူကျွမ်းယီကို အထူးအရာရှိအဖြစ် ခန့်အပ်လိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အသက် ၆၀ အရွယ် လျူကျွမ်းယီသည် ရာဇဝတ်မှု စုံစမ်းစစ်ရေးရေးတွင် လူသိများသူ တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း တရုတ်အစိုးရ၏ ရာဇဝတ်မှုတိုက်ဖျက်ရေး စီမံကိန်းများကို ဦးဆောင်ခဲ့သူဖြစ်ကာ ရှုပ်ထွေးသည့် အမှုပေါင်း ထောင်ချီ ကိုင်တွယ်ဖြေရှင်းခဲ့သူလည်း ဖြစ်သည်။
လက်ရှိတွင် သူသည် လက်ထောက်ဝန်ကြီး၊ တရုတ်ပြည် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး၊ ပ ဉ္စမမြောက်ဗျူရို ညွှန်ကြားရေးဌာန (Fifth Bureau Command Centre) ညွှန်ကြားရေးမှူး ရာထူးများကိုပါ ပူးတွဲထမ်းဆောင်လျက်ရှိသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းက တရုတ်သရုပ်ဆောင် ဝမ်ရှင်းတစ်ယောက် ငွေလိမ်ဂိုဏ်းများထံတွင် ဖမ်းဆီးခံရပြီး ပြန်လွတ်လာချိန် နောက်ပိုင်းမှစ၍ လျူကျွမ်းယီကို ထိုင်းနှင့် အာရှမီဒီယာများတွင် မကြာခဏ မြင်တွေ့လာရသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သူသည် ထိုင်းနိုင်ငံ ဆိုက်ဘာမှုခင်း စုံစမ်းစစ်ရေးရေးဌာန အကြီးအကဲ တိုင်ရွန်ဖျူဖွန်နှင့် တွေ့ဆုံပြီး မြဝတီရှိ ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် အလားအလာများကို ဆွေးနွေးခဲ့သည်။ အဆိုပါခရီးစဉ်အတွင် လျူကျွမ်းယီသည် ထိုင်း-မြန်မာ နယ်စပ်သို့ သွားရောက်ပြီး ရွှေကုက္ကိုနှင့် KK Park နေရာများသို့ပါ နယ်စပ်မှ လေ့လာခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။
ယခုသီတင်းပတ်အတွင်း၌လည်း လျူကျွမ်းယီသည် မြဝတီမြို့နှင့် ရွှေကုက္ကိုမြို့သို့ သွားရောက်ခဲ့သည့်အတွက် မီဒီယာများတွင် အထူးအလေးပေး ဖော်ပြမှုများ ရှိခဲ့သည်။