- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
ကံပိုင်ရပ်ကွက်မှ အသက် ၂၉ နှစ်အရွယ် ကိုမင်းဝေသည် ယခင် စစ်ကောင်စီ၏ တပ်မဌာနချုပ် စကခ (၅) တပ်ဦးဘုန်းတော်ကြီးကျောင်းအနီး ဝါးခုတ်သွားစဉ် မိုင်းနင်းမိ၍ ညာဖက်ခြေထောက် ပြတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။
15 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၁၅ ရက်)၊ နေ့လယ် ၂ နာရီကျော်တွင် မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသားတစ်ဦး ခြေတစ်ဖက် ပြတ်ထွက်သွားခဲ့သည်ဟု သိရသည်။
ကံပိုင်ရပ်ကွက်မှ အသက် ၂၉ နှစ်အရွယ် ကိုမင်းဝေသည် ယခင် စစ်ကောင်စီ၏ တပ်မဌာနချုပ် စကခ (၅) တပ်ဦးဘုန်းတော်ကြီးကျောင်းအနီး ဝါးခုတ်သွားစဉ် မိုင်းနင်းမိ၍ ညာဖက်ခြေထောက် ပြတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ၎င်းကို နီးစပ်ရာ ဆေးခန်း၌ ဆေးဝါးကုသပေးနေကြောင်း သိရသည်။
ဖေဖော်ဝါရီ ၆ ရက်ကလည်း ကံပိုင်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးမှာ စစ်ကောင်စီတပ်စွဲ နေထိုင်ခဲ့သည့် ခမရ - ၃၄၆ တပ်ရင်းအနီး ထင်းခုတ်သွားစဉ် မိုင်းနင်းမိကာ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့သည်။
ရခိုင်တွင် AA က ထိန်းချုပ်နယ်မြေအတွင်း မိုင်းရှင်းလင်းရေး လုပ်ငန်းများ လုပ်နေသော်လည်း နေရာတိုင်း မဖြစ်နိုင်သေးသဖြင့် မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကို ဒေသခံများ ဆက်လက် ရင်ဆိုင်ကြုံတွေ့ နေကြရဆဲ ဖြစ်သည်။