- ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
- မြန်မာပြည်သူများအား ထောက်ပံ့နိုင်ရန် ဘက်ပေါင်းစုံနှင့်ဆွေးနွေးမည်ဟု WFP ကိုယ်စားလှယ်သစ် ပြော
- တိုက်ပွဲကြားပိတ်နေသည့် တောင်ကုတ်မြို့ခံများကို AA ကယ်ထုတ်နေ
- သန်းခေါင်စာရင်း ၆၃ ရာခိုင်နှုန်းကျော် ကောက်ယူထားပြီဟု စစ်ခေါင်းဆောင်ပြော
- ကလေးသူငယ်များကို စာနာပေးဖို့ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့တွင် တောင်းဆို
ရခိုင်တွင် စပါးရိတ်သိမ်းခ ဈေးကြီး၍ လယ်သမားများ အခက်တွေ့
မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မင်းပြား စသည့် မြို့နယ်များတွင် လယ် ၁ ဧကကို စပါးရိတ်သိမ်းခြွေလှေ့စက် ငှားရမ်းခ ငွေကျပ် ၃၀၀,၀၀၀ အထိ ဈေးမြင့်တက်နေသည်။
20 Nov 2024
DMG ၊ နိုဝင်ဘာ ၂၀
စစ်ရေးပဋိပက္ခဖြစ်ပွားနေသော ရခိုင်ဒေသတွင် စပါးရိတ်သိမ်းခ ဈေးကြီးမြင့်နေမှုကြောင့် အခက်အခဲဖြစ်နေကြောင်း လယ်သမားများက ပြောကြသည်။
မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မင်းပြား စသည့် မြို့နယ်များတွင် လယ် ၁ ဧကကို စပါးရိတ်သိမ်းခြွေလှေ့စက် ငှားရမ်းခ ငွေကျပ် ၃၀၀,၀၀၀ အထိ ဈေးမြင့်တက်နေသည်။
“တစ်ဧကကို ရိတ်သိမ်းခ သုံးသိန်းတောင်းတယ်။ ထွက်လာတဲ့စပါးကိုရောင်းပြီး ရိတ်သိမ်းခပေးလိုက်ရင် ဘာမှမကျန်တော့ဘူး” ဟု ကျောက်တော်နယ်ခံ လယ်သမား ဦးလှမောင်က ပြောသည်။ ပြီးခဲ့သည့်နှစ်က လယ် ၁ ဧကကို ရိတ်သိမ်းခြွေလှည့်ခ ငွေကျပ် ၂ သိန်းကျော်အထိသာ ရှိခဲ့သည်။
ရိတ်သိမ်းခြွေလှေ့စက် ငှားရမ်းခ ကြီးမြင့်သည့်အပြင် လက်ဖြင့် ရိတ်သိမ်းရန်အတွက်လည်း လုပ်သားငှားရမ်းခ စရိတ်ကြီးမြင့်ခြင်း၊ လုပ်သားရှားပါးခြင်းများကို ကြုံနေကြရသည်။
“ဆီဈေးကြီးတာနဲ့ စက်ပစ္စည်းရှာမရတာတွေကြောင့် စက်နဲ့မရိတ်သိမ်းနိုင်ဘူး။ လုပ်သားခလည်း နေ့စားပေးတာဆိုတော့ တစ်ယောက်အတွက် တစ်နေ့ကို (ဒေသအခေါ်) စပါး ၅ တောင်းပေးရတယ်။ ပြီးတော့ ခြွေလှေ့ခတွေ ကျန်သေးတော့ အမြတ်မထွက်တော့ဘူး” ဟု ရသေ့တောင်မြို့နယ်မှ လယ်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုနှစ် ရခိုင်တောင်သူများမှာ ဓာတ်မြေဩဇာနှင့် စက်သုံးဆီ ဈေးနှုန်းမြင့်တက်ခြင်းအပြင် အခြားသွင်းအားစု စရိတ်ကြီးမားသည့် အခက်အခဲများကြားမှ စပါးစိုက်ပျိုးထားကြခြင်းဖြစ်ပြီး ရိတ်သိမ်းချိန်တွင်လည်း ရိတ်သိမ်း ခြွေလှည့်ခစရိတ် ကြီးမားသည့် စိန်ခေါ်မှုကို ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ရိတ်သိမ်းသိုလှောင်ထားသည့် စပါးများမှာလည်း စစ်ရေးပဋိပက္ခများအကြား အလုံးစုံ အရောင်းမထွက်၍ လယ်သမားများမှာ အခက်အခဲဖြစ်နေကြသည်။
“လယ်တစ်ဧကကို စပါးစိုက်ပျိုးတဲ့ အချိန်ကနေ ရိတ်သိမ်းပြီးတဲ့အချိန်ထိ ရင်းနှီးငွေ သိန်းနှစ်ဆယ်အထက် ကုန်တယ်။ ထွက်လာတဲ့စပါးနဲ့ ဈေးကိုက်ကြည့်တော့ မကျန်တဲ့အပြင် အရှုံးပဲ ရှိတယ်။ လယ်သမားလုပ်ရတာ စိတ်ပျက်လာပြီ။ တခြားအလုပ်လည်းမရှိဘူး” ဟု မြောက်ဦးမြို့နယ်မှ လယ်သမား ဦးပန်းလှအောင်က ပြောသည်။
ရခိုင်တွင် လယ်ဧက ၁၂ သိန်းကျော်ရှိသည့်အထဲမှ ပြီးခဲ့သည့်နှစ်က ဧက ၉ သိန်းခန့်သာ စိုက်ပျိုးနိုင်ခဲ့သည်။
ယခုနှစ်တွင်လည်း စစ်ရေးနှင့် သွင်းအားစုစရိတ် ကြီးမြင့်ခြင်းကြောင့် စိုက်ပျိုးဧက လျော့ချစိုက်ပျိုးခဲ့ရသဖြင့် စပါးအထွက်နှုန်းကျဆင်းပြီး ပြည်တွင်းရိက္ခာဖူလုံရေးကို ထိခိုက်နိုင်သည်ဟု သုံးသပ်နေကြသည်။