- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
တရုတ်ကြားဝင်မှုကို လက်ခံပြီး အပစ်ရပ်တော့မည်ဟု MNDAA ပြော
စစ်ကောင်စီနှင့် တရုတ်တို့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း တရုတ်က ရှမ်းမြောက်ဒေသတွင် အပစ်ခတ်ရပ်စဲဖို့ ထုတ်ပြောပြီး ရက်အနည်းငယ်အကြာ စက်တင်ဘာ ၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်လာခြင်းဖြစ်သည်။
19 Sep 2024

DMG ၊ စက်တင်ဘာ ၁၉
ရှမ်းမြောက်ဒေသ အင်အားကြီးတော်လှန်ရေးတပ် MNDAA က ချက်ချင်းအပစ်ရပ်ပြီး တရုတ်ကြားဝင်စေ့စပ်မှုကို လက်ခံပူးပေါင်းမည်ဟု ထုတ်ပြန်လိုက်သည်။
တရုတ်နိုင်ငံအနေဖြင့် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာသော မြန်မာနိုင်ငံ၏ အခြေအနေများကို ကြားဝင်စေ့စပ် ဖြေရှင်းပေးရန်နှင့် မိမိတို့အနေဖြင့်လည်း ချက်ချင်းပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့် တက်ကြွစွာပူးပေါင်းကာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေးလမ်းစဉ်ဖြင့် ပဋိပက္ခများကို အဖြေရှာဖြေရှင်းသွားမည်ဟု ဆိုထားသည်။
အဆိုပါ ထုတ်ပြန်ချက်ကို စစ်ကောင်စီနှင့် တရုတ်တို့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း တရုတ်က ရှမ်းမြောက်ဒေသတွင် အပစ်ခတ်ရပ်စဲဖို့ ထုတ်ပြောပြီး ရက်အနည်းငယ်အကြာ စက်တင်ဘာ ၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်လာခြင်းဖြစ်သည်။
MNDAA အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် စစ်ရေး၊ နိုင်ငံရေး မပူးပေါင်းကြောင်းနှင့် မန္တလေး၊ တောင်ကြီးတို့ကို ဝင်ရောက်တိုက်ခိုက်ခြင်း မလုပ်ကြောင်း ဆိုသည်။ သို့သော် မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့် မူဝါဒကို ဆက်ပြီးကိုင်စွဲသွားမည်ဟု ဆိုသည်။
ယင်းအပြင် MNDAA သည် မြန်မာနိုင်ငံထဲမှ ခွဲမထွက်ဘဲ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး မူအတိုင်း ရပ်တည်သွားမည်ဟု ပြောသည်။
၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်သည့် MNDAA နှင့် တအာင်းတပ် TNLA တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့အားလုံးနီးပါးကို သိမ်းပိုက်ခဲ့ပြီးနောက် ရှမ်းမြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ အဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် ကြိုးစားနေကြောင်း တရုတ်အစိုးရက သြဂုတ်လကုန်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး ဦးဆောင်တပ်ဖွဲ့တစ်ခုဖြစ်သည့် TNLA ကိုလည်း ထိုးစစ်များ ချက်ချင်းရပ်တန့်ရန် တရုတ်က ဖိအားပေးခဲ့သည်။ သို့သော်လည်း TNLA ကတော့ တရုတ်ဖိအားကို လက်မခံဘဲ နောင်ချိုတွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။