- ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်ကောင်စီ လက်နက်ကြီးများ ကျရောက်
- မြန်မာလူဦးရေ တစ်သန်းကျော်အတွက် ရိက္ခာထောက်ပံ့မှုကို ဧပြီလမှ စ၍ WFP ရပ်ဆိုင်းမည်
- ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်နှင့် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ် တွေ့ဆုံ
- ကျောက်ဖြူ၊ ကြတ္တိန်ရွာကို စစ်ကောင်စီ ဗုံးကြဲမှု ၅ ကြိမ်အထိရှိလာ
- ညောင်ကျိုးစခန်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများ တပ်ဆုတ်
ကျောက်တော် ကန်စောက်တောင်အနီး မိုင်းနင်းမိ၍ လူငယ်တစ်ဦး သေဆုံး
အသက် (၂၄) နှစ်အရွယ် ကိုအောင်စိုးပိုင်မှာ အဖော်တစ်ဦးနှင့်အတူ ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းအချိန် ကန်စောက်တောင်ခြေရင်းရှိ အမှတ် (၅၃၉) တပ်ရင်းအနီး၌ ထင်းခုတ်ရန်သွားစဉ် မိုင်းနင်းမိသွားပြီး သေဆုံးသွားခြင်း ဖြစ်သည်။
07 Dec 2024

DMG ၊ ဒီဇင်ဘာ ၇
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ပန်းဖဲချောင်းကျေးရွာမှ လူငယ်တစ်ဦးမှာ မြေမြှုပ်မိုင်းနင်းမိမှုကြောင့် သေဆုံးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
အသက် (၂၄) နှစ်အရွယ် ကိုအောင်စိုးပိုင်မှာ အဖော်တစ်ဦးနှင့်အတူ ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းအချိန် ကန်စောက်တောင်ခြေရင်းရှိ အမှတ် (၅၃၉) တပ်ရင်းအနီး၌ ထင်းခုတ်ရန်သွားစဉ် မိုင်းနင်းမိသွားပြီး သေဆုံးသွားခြင်း ဖြစ်သည်။
“ညာဘက်ခြေထောက် ပြတ်ထွက်သွားတယ်။ ဒဏ်ရာရတော်တော်ပြင်းတော့ အရေးပေါ်ဆေးကုသဖို့ ဆေးရုံသို့သွားတဲ့လမ်းမှာပဲ ဆုံးသွားတယ်” ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့်နေရာမှာ စစ်ကောင်စီတပ်နေထိုင်ခဲ့သည့် နေရာဖြစ်ပြီး စစ်ရေးကာလ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းအများအပြား ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။
အလုပ်အကိုင်ရှားပါးမှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ရခိုင်ဒေသခံများမှာ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ရင်ဆိုင်နေရပြီး ဝမ်းရေးအတွက် တောတောင်သို့သွားရောက်ကာ ဟင်းရှာ၊ ထင်းခုတ် စသည့် ကြုံရာကျပန်းလုပ်ကိုင်ကြရာမှ မိုင်းအန္တရာယ် ခြိမ်းခြောက်ခံနေရသည်။
ကျောက်တော်ဒေသခံ လူငယ်တစ်ဦးက “စကစက တိုက်ပွဲတွေပြီးသွားတဲ့ နေရာတွေကိုလည်း အခုချိန်ထိ ဒုက္ခပေးနေတုန်းပဲ။ သူတို့က စခန်းအထိုင်ချတဲ့ နေရာတွေမှာ ပတ်ပတ်လည် မိုင်းတွေထောင်ထားတယ်။ ပြီးတော့ တပ်စခန်းနေရာအများစုက လက်လုပ်လက်စားတွေအတွက် ဟင်းရှာထင်းခုတ်ပြီး ရှာဖွေစားကြတဲ့ နေရာတွေဆိုတော့ ဒေသခံတွေအတွက်ကတော့ အသက်အန္တရာယ်နဲ့ နီးနီးလေးပဲ” ဟု ပြောသည်။
တိုက်ပွဲကာလ စစ်ကောင်စီတပ်စခန်းများနှင့် အနီးပတ်ဝန်းကျင်နေရာများ၊ ယာယီတပ်စွဲနေထိုင်ခဲ့သည့် နေရာများတွင် မြေမြှုပ်မိုင်းများကျန်ရှိနေပြီး ဒေသခံများမှာ ဝမ်းရေအတွက်သွားလာလှုပ်ရှားစဉ် မိုင်းနင်းမိ၍ သေဆုံးဒဏ်ရာ ရရှိသူအများအပြား ရှိနေသည်။
ရခိုင်တိုက်ပွဲ ၁၀ လတာအတွင်း မြေမြှုမိုင်းနှင့် စစ်ကျန်လက်နက်အပါအဝင် လေကြောင်း၊ လက်နက်ကြီး တို့ကြောင့် မသန်စွမ်းသူဦးရေ ၇၂၀ ကျော်ထိလာသည်ဟု ရခိုင်ပြည်နယ် မသန်စွမ်းသူများအဖွဲ့၏ စာရင်းအရ သိရသည်။