- ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်ကောင်စီ လက်နက်ကြီးများ ကျရောက်
- မြန်မာလူဦးရေ တစ်သန်းကျော်အတွက် ရိက္ခာထောက်ပံ့မှုကို ဧပြီလမှ စ၍ WFP ရပ်ဆိုင်းမည်
- ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်နှင့် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ် တွေ့ဆုံ
- ကျောက်ဖြူ၊ ကြတ္တိန်ရွာကို စစ်ကောင်စီ ဗုံးကြဲမှု ၅ ကြိမ်အထိရှိလာ
- ညောင်ကျိုးစခန်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများ တပ်ဆုတ်
ရခိုင်ဝန်ကြီးချုပ် ဦးညီပု စီးနင်းလာသည့် ရဟတ်ယာဉ်တိုက်ခိုက်ခံရ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ စီးနင်းလိုက်ပါလာသည့် ရဟတ်ယာဉ် ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီကျော်ခန့်က ရသေ့တောင်မြို့နယ်၊ အိုးဖောက်ကျေးရွာ၏ ပေ (၁၀၀၀)ခန့်အကွာတွင် စက်သေနတ်များဖြင့် ပစ်ခတ်ခံရသည်ဟု အမည်မဖော်လိုသည့် တပ်မတော်အရာရှိတစ်ဦးက DMG သို့ပြောသည်။
19 Feb 2020

ချလူးအောင် | DMG
ဖေဖော်ဝါရီ ၁၉၊ ဘူးသီးတောင်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ စီးနင်းလိုက်ပါလာသည့် ရဟတ်ယာဉ် ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီကျော်ခန့်က ရသေ့တောင်မြို့နယ်၊ အိုးဖောက်ကျေးရွာ၏ ပေ (၁၀၀၀)ခန့်အကွာတွင် စက်သေနတ်များဖြင့် ပစ်ခတ်ခံရသည်ဟု အမည်မဖော်လိုသည့် တပ်မတော်အရာရှိတစ်ဦးက DMG သို့ပြောသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဝန်ကြီးချုပ် ဦးညီပု နှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် ဒဏ်ရာရထားသည့် ကျောင်းသား၊ကျောင်းသူများကို ကူညီထောက်ပံ့ရန်အတွက် စစ်တွေမှ ဘူးသီးတောင်မြို့သို့ သွားရောက်ခြင်းဖြစ်သည်။
ထိုသို့ပစ်ခတ်စဉ် ရဟတ်ယာဉ်ကို ကျည်တစ်ချက်ထိမှန်သွားသောကြောင့် အပူအအေးလှိုင်းပျက်စီးသွားသဖြင့် ဘူးသီးတောင်မြို့ ဗျူဟာ၌ ပြန်လည်ပြုပြင်ခဲ့ရသည်ဟု အမည်မဖော်လိုသည့် တပ်မတော်အရာရှိတစ်ဦးက ပြောသည်။ ဝန်ကြီးနှင့်အဖွဲ့ မည်သူမျှ ထိခိုက်မှုမရှိပေ။
“တပည့်တော်တို့ အန္တရာယ်ကြုံခဲ့ပါတယ်။ သတင်းတွေ ဘုန်းဘုန်းတို့ကြားမှာပါ။ သတင်းပေါ်လာရင်ကြားပါလိမ့်မယ်။ အရမ်းကို အန္တရာယ်ကြီးပါတယ်။ အရေးကြီးဆုံးကတော့ ငြိမ်းချမ်းရေးပါပဲ ” ဟု ဒေါက်တာဝင်းမြတ်အေးက ဆရာတော်များကို လျှောက်ခဲ့သည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က လက်နက်ကြီးကျည်ထိမှန်သွားသည့် ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး စစ်ဘေးရှောင်များထံလည်း သွားရောက်အားပေးစကား ပြောကြားခဲ့သည်။