- တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အပေါ် ရိုက်ခတ်လာသည့် အာရက္ခတပ်တော်အောင်ပွဲ
- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
ရခိုင်ဒေသထွက် ပုရစ်ကောင်များ ဈေးကောင်းရလာ
ကုန်ဈေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှုနှင့် ရင်ဆိုင်နေကြရသည့် ရခိုင်ဒေသခံများမှာ ရာသီအလိုက်ထွက်ရှိသည့် ဒေသအစားအစာများကိုရှာဖွေကာ ဝမ်းရေးအတွက် ရုန်းကန်လာနေကြသည်။
29 Oct 2024

DMG ၊ အောက်တိုဘာ ၂၉
ရခိုင်ဒေသထွက် ရာသီစာ အစားအစာတစ်မျိုးဖြစ်သည့် ပုရစ်ကောင်များ ဈေးကောင်းရလာသဖြင့် ပုရစ်ဖမ်းပြီး ရောင်းချသူများအနေဖြင့် ဝမ်းရေးအတွက် တစ်ဖက်တစ်လှမ်းက အဆင်ပြေနေကြသည်။
" ပုရစ်က တစ်နှစ်မှ တစ်ခါစားရတာဆိုတော့ လူတွေအများကြီး ကြိုက်ကြတယ်။ စားကြတယ်။ တစ်ရက်ကို ကောင်ရေ နှစ်ထောင်နီးပါး ရောင်းရတယ်။ အဲဒါကြောင့် ရောင်းအားက ကောင်းတယ်လို့ ပြောလို့ရတယ်" ဟု ကျောက်တော်မြို့နယ်မှ ပုရစ်ရောင်းချသူ ဒေါ်မသန်းဌေးက ပြောသည်။
ယခင်နှစ်များက ပုရစ်ကောင်ရေ တစ်ရာလျှင် ငွေကျပ် တစ်သောင်းကျော်သာ ရှိခဲ့သော်လည်း ယခုနှစ်တွင် ပုရစ်ကောင်ရေ တစ်ရာလျှင် ငွေကျပ် နှစ်သောင်းမှ နှစ်သောင်းခွဲအထိ ဈေးရရှိနေသည်။
ဆောင်းဦးပေါက်ရာသီတွင် ပုရစ်ထွက်ချိန် အကောင်ကျများပြီး ဈေးကောင်းရရှိသဖြင့် ပုရစ်ဖမ်းယူ ရောင်းချသူလည်း များပြားနေကြောင်း သိရသည်။
"ပုရစ်ကို မနက်အစောကြီးသွားပြီး တောတောင်အနီးတွေမှာ ရှာရတယ်။ အခုက ဆောင်းအဝင်ဆိုတော့ ပုရစ်က များများစားစား မရသေးဘူး။ နေရာစုံ ရှာရတယ်" ဟု ကျောက်တော်မြို့မှ ပုရစ်ဖမ်းယူ ရောင်းချသူ တစ်ဦးက ပြောသည်။
ပုရစ်ကောင်များကို သမားရိုးကျ မြေတူး၍သော်လည်း၊ တွင်းထဲသို့ ရေသွင်း၍သော်လည်း ဖမ်းယူကြသည့်အပြင် မီးထွန်း၍လည်း ဖမ်းယူကြသည်။
ရခိုင်ဒေသတွင် ကုန်ဈေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှုနှင့် ရင်ဆိုင်နေကြရပြီး ဒေသခံများမှာ ရာသီအလိုက်ထွက်ရှိသည့် ဒေသအစားအစာများကိုရှာဖွေကာ ဝမ်းရေးအတွက် ရုန်းကန်လာနေကြခြင်း ဖြစ်သည်။
" ဒီအခြေအနေမှာ လူဦးရေများတဲ့ မိသားစုတစ်စု နပ်မှန်ဖို့က အတော်လည်း ခက်ခဲတဲ့အချိန်ဖြစ်တယ်။ အခုလို ရာသီအလိုက် ဒေသအစားအစာတွေရလို့ ရှာဖွေလုပ်ကိုင်သူတွေအတွက် တစ်နေ့တာ အဆင်ပြေမှုတွေ ဖြစ်ကြတယ်။ ဒေသမှာ ဘာတစ်ခုမှ မထွက်၊ ရှာဖွေလုပ်ကိုင်စရာလည်း မရှိရင်တော့ ဝမ်းရေးက မလွယ်ဘူး" ဟု လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီက ရခိုင်ဒေသကို လမ်းခရီးပိတ်ဆို့ထားသဖြင့် ဒေသခံများမှာ လူမှုစီးပွား ဘဝရပ်တည်ရေးအတွက် အဘက်ဘက်တွင် စိန်ခေါ်မှုများစွာရှိနေကြပြီး ကြုံရာကျပန်းအလုပ်များကို နည်းမျိုးစုံနှင့် ရှာဖွေလုပ်ကိုင်နေကြရသည်။