- စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
- AA ကို သတင်းပေးသည်ဟုဆိုကာ ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၂၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- နတ်ရေကန်ဗျူဟာ မကျရေး လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတို့ဖြင့် စစ်ကောင်စီ အကြိတ်အနယ် ခုခံနေ
- ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေ ICC ဝရမ်းဖြင့် အဖမ်းခံရ
- ကျောက်ဖြူ၊ ကပ်သပြေရွာကို စစ်ကောင်စီ ဗုံးကြဲ၍ နေအိမ်များ မီးလောင်
OIC အထူးကိုယ်စားလှယ်နှင့် မွတ်ဆလင်လက်နက်ကိုင်များ ဘင်္ဂလားဒေ့ရှ်တွင် တွေ့ဆုံ
အစ္စလာမ်မစ်နိုင်ငံများအဖွဲ့ (OIC) အထူးကိုယ်စားလှယ် Ibrahim Khairat နှင့် မွတ်ဆလင်လက်နက်ကိုင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဖေဖော်ဝါရီလအတွင်း တွေ့ဆုံခဲ့ကြောင်း မေ ၂ ရက်က ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်း ဖော်ပြချက်အရ သိရသည်။
03 Mar 2025

DMG ၊ မတ် ၃
အစ္စလာမ်မစ်နိုင်ငံများအဖွဲ့ (OIC) အထူးကိုယ်စားလှယ် Ibrahim Khairat နှင့် မွတ်ဆလင်လက်နက်ကိုင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဖေဖော်ဝါရီလအတွင်း တွေ့ဆုံခဲ့ကြောင်း မေ ၂ ရက်က ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်း ဖော်ပြချက်အရ သိရသည်။
ထိုသို့ တွေ့ဆုံရာ၌ မွတ်ဆလင်လက်နက်ကိုင် ပူးပေါင်းအဖွဲ့ခေါင်းဆောင် ဒိလ်မာမတ် အပါအဝင် RSO အဖွဲ့ ဝင်များ၊ မွတ်ဆလင်အရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့များ၊ စစ်ကောင်စီနှင့် ပူးပေါင်း၍ AA ကို တိုက်ခိုက်ခဲ့သူများပါဝင်ခဲ့ကြောင်း Dhaka Tribune သတင်းတွင် ဖော်ပြသည်။
OIC အထူးကိုယ်စားလှယ်သည် ဘင်္ဂလားဒေ့ရှ် ခရီးစဉ်၌ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အထူးကိုယ်စားလှယ်၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည့် အထောက်အထားများအရ အတည်ပြုနိုင်ခြင်း ဖြစ်ကြောင်းလည်း Dhaka Tribune က ဆိုထားသည်။
မွတ်ဆလင်များအား လူမျိုးတုံးသတ်ဖြတ်မှုကြောင့် တရားစွဲဆိုခံထားရသော စစ်ကောင်စီနှင့် ပူးပေါင်းသည့် မွတ်ဆလင် လက်နက်ကိုင်များကို OIC အထူးကိုယ်မှ တွေ့ဆုံခဲ့မှုအပေါ် မေးခွန်းထုတ်မှုများ ရှိနေကြသည်။
"မွတ်ဆလင်တွေကို အမျိုးမျိုး အကြမ်းဖက်ခဲ့တဲ့ စစ်ကောင်စီကို ICJ မှာ ဂမ်ဘီယာကို တရားစွဲခိုင်းပြီ အခု စစ်ကောင်စီနဲ့ ပေါင်းနေတဲ့ မွတ်ဆလင်လက်နက်ကိုင်တွေနဲ့ အေးဆေးတွေ့တယ်ဆိုတော့ သူတို့ကို OIC က လက်ခံတယ်လို့ ယူဆလို့ရတာပေါ့။ ရခိုင်မြောက်ပိုင်းကို AA က တည်ငြိမ်ဖို့ ကြိုးပမ်းနေချိန်မှာ မွတ်ဆလင် လက်နက်ကိုင်တွေနဲ့ တွေ့တာက မတည်ငြိမ်စေချင်တဲ့ သဘောမျိုးရှိလို့လား ဆိုတာပဲ မေးလိုက်ချင်တယ်" ဟု ထိုင်းနိုင်ငံအတွင်း ပဋိပက္ခနှင့် ငြိမ်းချမ်းရေး ဘာသာရပ်အား လေ့လာနေသူ တစ်ဦးက ပြောသည်။
မွတ်ဆလင်လက်နက်ကိုင်များနှင့် OIC အထူးကိုယ်စားလှယ်တို့တွေ့ဆုံမှုတွင် မည့်သို့ဆွေးနွေးချက်များ ရှိခဲ့သည်ကို တရားဝင် ထုတ်ပြန်ထားခြင်း မတွေ့ရပေ။
အစ္စလာမ်မစ်နိုင်ငံများအဖွဲ့ (OIC) သည် ရခိုင်မြောက်ပိုင်း မွတ်ဆလင်အရေးနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် ကူညီပေးနေခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်က အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် ဂမ်ဘီယာနိုင်ငံ၏ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှုတွင် OIC မှ အဓိက ကြိုးကိုင်ခဲ့သည်။
တစ်ဖက်တွင် ARSA၊ RSO၊ ARA နှင့် Rohingya Islami Mahaaz (Arakan) တို့ ပူးပေါင်းပြီး အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန်အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း မွတ်ဆလင်ဒုက္ခသည်စခန်းတွင် အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းများ ပြုလုပ်နေသည်။
"OIC အနေနဲ့ လူ့အခွင့်အရေးကိုလေးစားရင် ရခိုင်မြောက်ပိုင်းမှာ အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ချိုးဖောက်နေတဲ့ မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တွေကို အသိအမှတ်မပြုသင့်ဘူး။ OIC က အသိအမှတ်ပြုလိုက်ရင် ရခိုင်မြောက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ဖို့ အကြမ်းဖက်တာတွေကို အသိအမှတ်ပြုလိုက်သလိုဖြစ်မှာ။ ဒီတော့ ရခိုင်မြောက်ပိုင်းက မွတ်ဆလင်တွေရော၊ ဟိန္ဒူတွေရော တခြားမျိုးနွယ်စုတွေရော အေးချမ်းမှာမဟုတ်ဘူး" ဟု လူ့အခွင့်အရေးလှုပ်ရှားသူ ကိုမြတ်ကိုက ပြောသည်။
နယ်စပ်ဒေသတစ်ခုလုံးအား အာရက္ခတပ်တော် (AA)က ထိန်းချုပ်ထားချိန် မတ် ၁ ရက်တွင် ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားခရိုင်၊ အိုကီးယားတွင် နယ်ခြားစောင့် (BGB) တပ်ရင်းသစ်တစ်ခု တိုးချဲ့ဖွင့်လှစ်လိုက်သည်။
မွတ်ဆလင်လက်နက်ကိုင် တပ်ဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အခြေစိုက်လှုပ်ရှားနေသော်လည်း ရခိုင် -ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံမှုအပြည့်အဝရှိနေသည်ဟု မတ် ၁ ရက်က ကျင်းပသည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGF) တပ်ရင်းသစ်ဖွင့်ပွဲတွင် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးအကြံပေး အငြိမ်းစား ဒု - ဗိုလ်ချုပ်ကြီး မိုဟာမက် ဂျာဟန်ဂျီအာလမ်ချောင်ဒရီ က ပြောကြားခဲ့သည်။
ယင်းအပြင် နယ်စပ်လုံခြုံရေးကိစ္စနှင့်ပတ်သတ်၍ အာရက္ခတပ်တော် (AA)၊ စစ်ကောင်စီတို့ နှစ်ဖွဲ့လုံးနှင့် ဆက်ဆံနေကြောင်းလည်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးအကြံပေးက ပြောဆိုခဲ့သည်။