- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
နယ်စပ်သို့ စိမ့်ဝင်လာသည့် မွတ်ဆလင်လက်နက်ကိုင်များကို AA လိုက်လံ ရှင်းလင်းနေ
ဘင်္ဂလားဒေ့ရှ်၊ ရခိုင်နယ်စပ် မောင်တောမြို့နယ်အတွင်းသို့ စိမ့်ဝင်လှုပ်ရှားလာသည့် မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့များကို အာရက္ခတပ်တော်က ယခုရက်ပိုင်းအတွင်း လိုက်လံရှင်းလင်းနေသဖြင့် တိုက်ပွဲများဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
20 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၂၀
ဘင်္ဂလားဒေ့ရှ်၊ ရခိုင်နယ်စပ် မောင်တောမြို့နယ်အတွင်းသို့ စိမ့်ဝင်လှုပ်ရှားလာသည့် မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့များကို အာရက္ခတပ်တော်က ယခုရက်ပိုင်းအတွင်း လိုက်လံရှင်းလင်းနေသဖြင့် တိုက်ပွဲများဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ARSA၊ RSO၊ ARA နှင့် Rohingya Islami Mahaaz (Arakan) တို့ ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ၂၀၂၅ နှစ်ဆန်းပိုင်းမှစပြီး နယ်စပ်တကြောရှိ တောတောင်များတွင် ယာယီစခန်းများတပ်စွဲလာနေသဖြင့် အာရက္ခတပ်တော်က လိုက်လံရှင်းလင်းနေခြင်းဟု AA နှင့် နီးစပ်သူများထံမှ သိရသည်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့မှစ၍ မောင်တော - ကြိမ်ချောင်း၊ တောင်ပြို - ကြိမ်ချောင်း၊ မီးတိုက် - တောင်ပြို စသည့် လမ်းပိုင်းတို့အကြား ရံဖန်ရံခါ တိုက်ပွဲများရှိနေပြီး မွတ်ဆလင်ပူးပေါင်းအဖွဲ့တို့ကလည်း ခြုံခိုတိုက်ခိုက်မှုများ ရှိနေသည်။
“မောင်တောမှာ ARSA နဲ့ တိုက်ပွဲဖြစ်တာကတော့ မကြာမကြာပါပဲဗျာ။ အဲ ARSA အဖွဲ့က လစ်ရင်လစ်သလို အမြဲတမ်းဖန်တီးပြီးတော့ အကြမ်းဖက်မှုတွေ ကျူးလွန်တာပေါ့” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ AA ကို တိုက်ခိုက်နေသည့် မွတ်ဆလင် လက်နက်ကိုင်အုပ်စုကို ဒီလ်မာမတ် ဆိုသူက ဦးဆောင်နေခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုကြသည်။
အဆိုပါ အုပ်စုသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ကုန်သွယ်နေကြသည့် ဒေသခံစီးပွားရေးသမားများထံမှ ဆက်ကြေးလိုချင်နေပြီး ရခိုင်ပြည်အတွင်း ကုန်စည်စီးဆင်းမှုတို့ကို နှောင့်ယှက်လိုခြင်းကြောင့် AA ၏ အုပ်ချုပ်မှုယန္တယားကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ကုန်သည်များက ဆိုကြသည်။
“အာဆာက ဘာလို့တိုက်ခိုက်လဲ ဆိုတော့ နိုင်ငံရေး၊ စီးပွားရေးတွေကို အနှောင့်အယှက်ပေးချင်တာရယ်။ ဘင်္ဂ လား ဒေ့ရှ်ပိုင် ကျွန်းပေါ်ကနေပြီး ကုန်သည်တွေဆီက ဆပ်ကြေးတွေကောက်နေတော့ ကုန်သည်တွေက အဲဘက်ကမသွားဘဲ မီးတိုက်တို့ တောင်ပြိုတို့ ကုန်းလမ်းကပဲသွားကြတယ်။ အဲတော့ သူတို့က ဆပ်ကြေးမရတာကြောင့် မီးတိုက်ဖက်တွေမှာ မတည်ငြိမ်အောင် AA ကို တိုက်တာလို့ပဲထင်ပါတယ်” ဟု အထက်ပါ မောင်တောဒေသခံက ဆက်ပြောသည်။
ဒီလ်မာမတ်သည် AA ကို မောင်တောဒေကနေ တိုက်ခိုက်ရန် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် အတင်းအဓ္ဓမစစ်သားစုဆောင်း၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း စစ်သင်တန်းများပေးနေကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဒါကာထရီဗျူး သတင်းတွင်ဖော်ပြသည်။
အလားတူ မွတ်ဆလင်လက်နက်ကိုင် အန္တရာယ်မြင့်တက်နေသည့် မောင်တောမြို့နယ်က ကျေးရွာများတွင် ဒေသခံများလုံခြုံရေးအတွက် အာရက္ခတပ်တော်က စစ်သင်တန်းများပေးနေကြောင်း သိရသည်။
၎င်းအပြင် ဒေသခံများနှင့် ကုန်သည်များ ဘေးကင်းလုံခြုံစေရန် မောင်တောဒေသရှိ ကားလမ်းများတွင် စစ်ဆေးရေးဂိတ်များချထားပြီး အန္တရာယ်ရှိသည့် နေရာများသို့ မသွားရောက်စေရန်လည်း သတိပေးခြင်းများပြုလုပ်ထား ကြောင်းသိရသည်။
“မောင်တောက မေယုတောင်တန်းနဲ့နီးတော့ ARSA အန္တရာယ် AA က ဒေသခံတွေနဲ့ ကုန်သည်တွေ လုံခြုံရေးအတွက် စစ်ဆေးရေးဂိတ်တွေ တော်တော်များများချထားပြီး သေချာစစ်ဆေးတာတွေ လုပ်ပါတယ်။ တစ်ချို့ စစ်ကောင်စီတပ်စွဲခဲ့တဲ့ နေရာတွေကို မသွားဖို့ကိုလည်း သတိပေးတာတွေ လုပ်ဆောင်နေပါတယ်” ဟု ဒေသတွင်း လူမှုကူညီရေးလုပ်နေသူတစ်ဦးက ပြောသည်။
မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း မွတ်ဆလင်နက်ကိုင်များသည် စစ်ကောင်စီဘက်ကနေ အာရက္ခတပ်တော်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်ခဲ့ကြသော်လည်း အရေးနိမ့်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးခဲ့ပြီး ထပ်မံလူသစ်စုကာ ပြင်ဆင်နေခြင်းဖြစ်သည်။
ယင်းကြောင့် ရခိုင်ပြည် တစ်ခုလုံးနီးပါးသိမ်းပိုက်ထားသည့် AA သည် ရခိုင်မြောက်ပိုင်းမှ မွတ်ဆလင်လက်နက်ကိုင်အုပ်စုကိစ္စ ဖြေရှင်းရေးသည် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြ သည်။
“အခုလည်း မွတ်ဆလင် “ရိုဟင်ဂျာ” အဖွဲ့တွေက ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို အမှုဆင်နေပြန်ပြီ။ ဒီနေ့ပဲ IIMM အဖွဲ့ကပြောပြီ “ခင်ဗျာတို့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်၊ ပြန်စီစစ်ပါဆိုပြီတော့” ဖြေရှင်းချက်ပေး ပါဆိုပြီး စစ်ကောင်စီနဲ့ AA ကိုလည်း လှမ်းအကြောင်းကြားပြီတဲ့” ဟု ဝါရင့်ရှေ့နေ ဦးကြီးမြင့် ကပြောသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှ ရခိုင်မြောက်ပိုင်း မွတ်ဆလင်ကိစ္စနှင့်ပတ်သတ်၍ IIMM အဖွဲ့အား စုံစမ်းဖော်ထုတ်ရေး အရေး ယူမှုကိစ္စတို့အားဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ ၂ သန်းခွဲထိ ထောက်ပံ့ပေးထားကြောင်း သိရသည်။
မောင်တောမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်က ဒီဇင်ဘာ ၈ ရက်နေ့က အလုံးစုံသိမ်းပိုက်ခဲ့ပြီး လက်ရှိတွင် ဒေသခံများ ပြန်လည်နေရာချထားရေးနှင့် အုပ်ချုပ်ရေးယန္တယားများကို လုပ်ဆောင်နေသည်။