- တရားမဝင်ငါးဖမ်းနေမှုများကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းရန် မျှော်လင့်ကြောင်း AA ပြော
- တရုတ် လက်နက်ကိုင်ကြေးစားတပ်ဖွဲ့ဝင် ၂၇ ဦးကို Power China စက်ရုံတွင် အခြေချထား
- ညောင်ကျိုး ကျပြီးနောက် ကပစ စက်ရုံများတွင် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
- နောက်နှစ် အိဒ်ပွဲတော်ကို ရခိုင်ပြည်တွင် ကျင်းပရအောင် ကြိုးပမ်းပေးမည်ဟု မွတ်ဆလင်ဒုက္ခသည်များကို မိုဟာမက်ယူနွတ်ပြော
- ULA ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ဖိတ်ခေါ်
စစ်မျက်နှာ ကျယ်ပြန့်လာသည့် ဧရာဝတီ
အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များ၏ ဇန်နဝါရီလ အစောပိုင်းကတည်းက စတင်ခဲ့သည့် ဧရာဝတီတိုင်း စစ်မျက်နှာသည် ရေကြည်၊ သာပေါင်း၊ ပုသိမ်မြို့နယ်တို့ကနေ လက်ရှိ လေးမျက်နှာမြို့နယ်အထိကို တိုက်ပွဲကျယ် ပြန့်လာနေခြင်းဖြစ်သည်။
19 Mar 2025

DMG ၊ မတ်လ ၁၉
ဧရာဝတီတိုင်းတွင် အာရက္ခတပ်တော်နှင့်ပူးပေါင်းတပ်များ၏ ထိုးစစ်မှာ နယ်မြေဧရိယာကျယ်ပြန်လာနေပြီး နေရပ်စွန့်ခွာနေသူများလည်း တိုးလာနေကြောင်း သတင်းရရှိသည်။
အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များ၏ ဇန်နဝါရီလ အစောပိုင်းကတည်းက စတင်ခဲ့သည့် ဧရာဝတီတိုင်း စစ်မျက်နှာသည် ရေကြည်၊ သာပေါင်း၊ ပုသိမ်မြို့နယ်တို့ကနေ လက်ရှိ လေးမျက်နှာမြို့နယ်အထိကို တိုက်ပွဲကျယ် ပြန့်လာနေခြင်းဖြစ်သည်။
လက်ရှိတွင် တိုက်ပွဲဧရိယာမှာ လေးမျက်နှာမြို့နယ် အထိရောက်ရှိလာနေပြီး စစ်ကောင်စီက ကျုံပျော်မြို့နယ်ဘက်က စစ်ကူပို့ဆောင်ရာကို ကြားဖြတ်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။
“ ဧရာဝတီတိုင်းဖက်မှာတော့ လက်ရှိက လေးမျက်နှာမြို့နယ်အထိ တိုက်ပွဲက ကျယ်ပြန့်လာတဲ့ အခြေအနေမှာရှိတယ်။ အဓိကတော့ စစ်ကောင်စီက ကျုံပျော်အခြေစိုက် ခလရ(၃၆)က စစ်ကူစစ်ကြောင်းတွေ ပို့ဆောင်ရာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြတာဖြစ်တယ် ” ဟု စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လတ်တလောတိုက်ပွဲများသည် ပုသိမ် - မုံရွာလမ်းမကြီး လေးမျက်နှာမြို့နယ် ချင်းလယ်ရွာ၊ ရေကြည်မြို့နယ် စောပြာရွာနှင့် ဆင်ကနီခုံရွာအနီးတို့မှာ ဖြစ်ပွားနေကြတာဖြစ်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်နေကြောင်း ဒေသခံများက ပြောသည်။
ထို့အတူ လတ်တလောတွင် စစ်ကောင်စီက စစ်ကြောင်းထိုးမှု၊ အရပ်သားများနှင့် စစ်ဘေးရှောင်များကို ဖမ်းဆီးမှုများကြောင့်လည်း နေရပ်စွန့် ခွာနေရသူများပြားနေကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ချင်းလယ်ကျေးရွာ၊ စောပြာကျေးရွာတို့မှာ အမတ(၃၄၄)တပ်ရင်းနှင့် အမှတ် (၅) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း အကြားတွင်တည်ရှိပြီး အမတ(၃၄၄)နှင့် ၁၃ မိုင်ဝန်းကျင် တကက (၅) နှင့် ၈ မိုင်ဝန်ကျင် အကွာအဝေးခန့်သာရှိကြောင်း သိရသည်။
CDM ဗိုလ်ကြီးဇင်ယော်က “ မြောက်စမ်း အမြောက်တပ်က ပုသိမ်- မုံရွာလမ်းဘေးမှာရှိတာဆိုတော့ အပေါ်ဖက် ပဲခူးတိုင်းဖက်နဲ့လည်း ချိတ်ဆက်တဲ့ နေရာမှာ ပွင့်သွားနိုင်တယ်။ သူ့အပေါ် ကြံခင်းမှာဆိုရင် တပ်မရှိဘူး။ အင်္ဂပူ ကွင်းကောက်မှာပဲ တပ်ရင်းရှိတယ်။ လက်ရှိမှာတော့ မြောက်စမ်းအမြောက်တပ်က ကျလုလု အခြေအနေ ဖြစ်နေပြီ။ ဒါပေမဲ့ ကျူံပျော်ဖက် စစ်ကူတွေပို့နေတာရှိတယ်။ ဒီတော့ မြောက်စမ်းအမြောက်တပ်ကို သိမ်းပိုက်ဖို့ ဆိုရင် ငါးသိုင်းချောင်း ရေနံသာ လမ် ပိုင်းကို ပိတ်ဆို့ဖြတ်တောက်လိုက်ရင် အမြောက်တပ်က ကျသလောက် နီးပါးဖြစ်သွာပြီ ” ဟု ပြောသည်။
စစ်ကောင်စီက မတ်လ ၁၈ ရက် ညနေပိုင်းကလည်း လေးမျက်နှာမြို့နယ်၊ ဝတ်ကုန်းကျေးရွာနှင့် တောရွာကျေးရွာကြားကို လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်အတွင်း တိုက်ပွဲကြောင့် ရခိုင် ရိုးမခြေအနီးမှာရှိသည့် ဝတ်ကုန်း၊ တောရွာ၊ လဲခုံကြီး၊ လဲခုံ လေး၊ ရှားတောစု၊ စမ်းကုန်း စသည့်ကျေးရွာများက ဒေသခံတစ်ထောင်ကျော်မှာလည်း မတ် ၁၇ ရက်ကတည်းက ဘေးလွတ်ရာ ပြောင်းရွှေ့နေကြရသည်။
ယင်းအပြင် ရေကြည် အမှတ်(၃၄၄) အမြောက်တပ်ရင်းကလည်း တိုက်ပွဲဖြစ်ရာ အနီးနားဖြစ်သော ၁၉ မိုင်၊ ရှမ်း တဲ၊ ကျောက်တိုင်ကွင်း၊ ကွင်းကလေးနှင့် ဆင်ကနီခုံကျေးရွာအနီးတို့ကို စစ်ကောင်စီက လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေကြောင်းသိရသည်။
ဧရာဝတီတိုင်းတွင် အာရက္ခတပ်တော်နှင့်ပူးပေါင်းတပ်များက ဗေဒါစစ်ဆေးရေးဂိတ်၊ မိဿလင်စစ်ဆေးရေးဂိတ်၊ မကျီးဇင်ရွာ၊ ဘောမိကျေးရွာအပါဝင် စစ်ကောင်စီတပ်စခန်းအချို့ကို သိမ်းပိုက်ရရှိထားကြသည်။