- မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
- လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
- ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် ဂွဒေသခံ ၁၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- ဂွသို့ တင့်ကားအပါအဝင် စစ်ကား အစီး ၂၀ ကျော်ဖြင့် အင်အားဖြည့်တင်း
- တရုတ်ကုမ္ပဏီ AVIC ထံမှ စစ်ကောင်စီ လေယာဉ်အသစ် ၈ စင်း ဝယ်ယူရရှိထား
ကမ္ဘာတွင် မှတ်တမ်းမတင်ရသေးသည့် မြွေစိမ်းမျိုးစိတ်သစ် တစ်မျိုးကို မြန်မာတွင်တွေ့ရှိ
ကမ္ဘာပေါ်ရှိ မြွေစိမ်းမျိုးစိတ်များထဲတွင် မှတ်တမ်းတင်ခြင်းမရှိသေးသည့် မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို မြန်မာနိုင်ငံတွင် တွေ့ရှိမှတ်တမ်းတင်ခဲ့ကြောင်း မြန်မာမျိုးရင်းများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (Native Species Conservation & Identification)မှ ထုတ်ပြန်ထားသည်။
23 Oct 2023
DMG ၊ အောက်တိုဘာ ၂၃
ကမ္ဘာပေါ်ရှိ မြွေစိမ်းမျိုးစိတ်များထဲတွင် မှတ်တမ်းတင်ခြင်းမရှိသေးသည့် မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို မြန်မာနိုင်ငံတွင် တွေ့ရှိမှတ်တမ်းတင်ခဲ့ကြောင်း မြန်မာမျိုးရင်းများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (Native Species Conservation & Identification)မှ ထုတ်ပြန်ထားသည်။
အဆိုပါ မြွေမျိုးစိတ်သစ်ကို သိပ္ပံအမည် Trimeresurus uetzi sp.nov ပေးထားပြီး မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်း၊ ပုခုက္ကူမြို့နယ်နှင့် ဂန့်ဂေါဒေသတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း Native Species Conservation & Identification အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်ထားသည်။
“မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အန္တရာယ်ထဲမှာတော့ ဒီမျိုးစိတ် မပါဘူး။ အကောင်ရေအားဖြင့်တော့ ထောင်ဂဏန်းလောက် ရှိသေးတယ်။ မြန်မာနိုင်ငံမှာ ဒီမျိုးစိတ်သစ်နဲ့ဆင်တဲ့ မြွေစိမ်းမြီးခြောက်မျိုးကွဲတွေ အများကြီးရှိတယ်။ ဒီမျိုးစိတ်က မျိုးကွဲတစ်ခုဖြစ်ပါတယ်” ဟု မြန်မာမျိုးရင်းများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (NSCI) တာဝန်ခံ ကိုဝင်းပိုင်ဦးက ပြောသည်။
မြွေစိမ်းမြီးခြောက် မျိုးစိတ်သစ်မှာ မြွေထီးများ၏ မျက်လုံးအရှေ့နှင့် မျက်လုံးအနောက်ဘက်တွင် အဖြူရောင်အလိုင်းပါရှိခြင်း၊ မျက်ဆံမှာ ကြေးရောင်ရှိပြီး မြွေအမတွင်မူ ရွှေစိမ်းရောင်ရှိခြင်း စသည့် ထူးခြားလက္ခဏာများရှိသည်။
အဆိုပါ မြွေစိမ်းမျိုးစိတ်သစ်မှာ မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရှိရသော White-lipped Pitviper (Trimeresurus albolabris) မျိုးစိတ်နှင့် ဆင်တူသော်လည်း ထူးခြားချက်အနေဖြင့် မြွေထီများ၏ မျိုးပွားအင်္ဂါမှာ အခြားမျိုးစိတ်များထက် တိုနေသည့်အတွက် မျိုးစိတ်သိစ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
“Trimeresurus uetzi မျိုးစိတ်သစ် ထွက်ပေါ်လာပြီး သူနဲ့မျိုးကွဲတူ Trimeresurus albolabris ရဲ့ ပျံနှံ့မှုနေရာ ပြောင်းလဲသတ်မှတ်လို့ရသွားတာဟာ ပညာရှင်တွေ နှစ်ရှည်ကြာမြင့်စွာ ခေါင်းစားအဖြေရှာ လာခဲ့ကြရတဲ့ မျိုးစိတ်ရှုပ်ထွေးမှုရဲ့ ကွက်လပ်တစ်ခုကို ဖြည့်ပေးလိုက်တာလို့ ပြောလို့ရပါတယ်။” ဟု မြန်မာနိုင်ငံ ဇဝမျိုးစိတ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (WOM) တာဝန်ခံ ကိုထွန်းမြတ်ဝင်းက ပြောသည်။
ယခုတွေ့ရှိထားသော မြွေစိမ်းမြီးခြောက်မျိုးစိတ်မှာ မြန်မာနိုင်ငံရှိ မြွေမျိုးစိတ်ထဲတွင် အဆိပ်ရှိသည့် မြွေမျိုးစိတ်အုပ်စုဝင်တစ်ခုလည်းဖြစ်ကြောင်း မြန်မာမျိုးရင်းများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အဖွဲ့၏ သုတေသနလေ့လာချက်အရ သိရသည်။
မြွေစိမ်းမြီးခြောက် မျိုးစိတ်သစ်ကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်မှစ၍ ဗီယက်နမ်နိုင်ငံသား Tan Van Nguyen က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၅ နှစ်ခန့်သုတေသနပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာပေါ်တွင် မျိုးစိတ်သစ်တစ်မျိုးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။