- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
မောင်တောမြို့နယ်တွင် ဟိန္ဒူ (၁၀၀၀)ကျော် သောက်သုံးရေအခက်အခဲဖြစ်နေ
လူဦးရေ (၁၀၀၀)ကျော်နေထိုင်သည့် မောင်တောမြို့နယ်၊ အောင်ဗလကျေးရွာအနီးက ဟိန္ဒူကျေးရွာမှာ သောက်သုံးရေအခက်အခဲဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
01 Feb 2020
ဝံသ(မောင်တော) | DMG
ဖေဖော်ဝါရီ ၁၊ မောင်တော
လူဦးရေ (၁၀၀၀)ကျော်နေထိုင်သည့် မောင်တောမြို့နယ်၊ အောင်ဗလကျေးရွာအနီးက ဟိန္ဒူကျေးရွာမှာ သောက်သုံးရေအခက်အခဲဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
ယင်းကျေးရွာတွင် အဝီစိရေတွင်းတစ်တွင်းသာရှိပြီး ရေအထွက်နည်းသောကြောင့် တစ်နာရီခန့်အကြာမှ ရေတစ်လုံးသာရရှိသည်ဟု ဟိန္ဒူအမျိူးသမီး မနီလာပါလာ က DMG သို့ပြောသည်။
"ဒီမှာရှိတဲ့ အဝီစိတွင်းက လက်နဲ့နှိပ်ပြီးသုံးရတာဆိုတော့ တစ်နာရီလောက်ခပ်မှ ရေတစ်အိုးခွက်ရပါတယ်။ ကိုယ်ဘာသာကိုယ်ရေတွင်းတူးရင်လည်း ရေငံတွေပဲရပါတယ်။ လောလောဆယ် အနားမှာရှိတဲ့ ရခိုင်ရွာကို တစ်နာရီလောက်သွားပြီး သောက်ရေခပ်နေရပါတယ်” ဟု ၎င်းကပြောသည်။
ယင်းကျေးရွာတွင်နေထိုင်သူများသည် မောင်တောဒေသတွင် ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် တမန်းသား၊ ခမောင်းဆိပ်၊ အီတလီယာ၊ လေးမိုင် စသည့်ကျေးရွာများမှ ပြောင်းရွှေ့လာကြသူများ ဖြစ်သည်။ ၎င်းတို့လက်ရှိနေထိုင်သော နေအိမ်များကို အိန္ဒိယအစိုးရမှ ဆောက်လုပ်လှူဒါန်းထားခြင်း ဖြစ်သည်။
"မြို့တွင်းကယ်ဆယ်ရေးစခန်းက ဒီကိုပြောင်းလာတာ လေးလကျော်ပါပြီ။ဘာမှ အဆင်မပြေပါဘူး။ လမ်းလည်း မကောင်းဘူး။ ရေလည်းမရှိဘူး။ စားဝတ်နေရေးလည်း အဆင်မပြေပါဘူး။ ဒီတိုင်းသာဆိုရင်နွေရောက် ရင်တော်တော်ဒုက္ခရောက်မှာ” ဟု ဟိန္ဒူလူကြီး ဦးမောင်လှက ပြောသည်။
အဆိုပါကျေးရွာတွင် အဝီစိရေတွင်းနှစ်တွင်း တူးဖော်လှူဒါန်းသွားရန် စီစဉ်နေကြောင်းနှင့် လက်ရှိတွင် တင်ဒါခေါ်နေသော အခြေနေတွင်သာ ရှိသေးသည်ဟု မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။