- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်ကောင်စီဖမ်းဆီးခဲ့သည့် စစ်တွေဒေသခံ လူငယ် ၃ ဦး မိသားစုနှင့် အဆက်သွယ်ပြတ်နေ
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျ (ကယ်ဆယ်ရေး) ရပ်ကွက်မှ လူငယ် ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီး ခဲ့ပြီးပြီးနောက် ယနေ့အချိန်ထိ လွတ်မြောက်လာခြင်းမရှိဘဲ မိသားစုနှင့် အဆက်သွယ်ပြတ်တောက် နေကြောင်း သိရသည်။
06 Jan 2025
DMG ၊ ဇန်နဝါရီ ၆
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျ (ကယ်ဆယ်ရေး) ရပ်ကွက်မှ လူငယ် ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီး ခဲ့ပြီးပြီးနောက် ယနေ့အချိန်ထိ လွတ်မြောက်လာခြင်းမရှိဘဲ မိသားစုနှင့် အဆက်သွယ်ပြတ်တောက် နေကြောင်း သိရသည်။
အသက် ၂၅ နှစ်အရွယ် ကိုနေမျိုးလင်း၊ အသက် ၁၅ နှစ်အရွယ်တစ်ဦးနှင့် အမည်စုံစမ်းဆဲတစ်ဦးတို့မှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇၊ ည ၇ နာရီခွဲအချိန်ခန့်တွင် မြို့ထဲမှ မိမိရပ်ကွက်သို့ ပြန်လာချိန်တွင် စစ်ကောင်စီ စစ်ကားနှင့်တွေ့၍ ဖမ်းဆီးခေါ်ဆောင်သွား ခြင်းဖြစ်သည်။
“စစ်ကားနဲ့ လမ်းမှာတွေ့ပြီးတွေ့ဖမ်းသွားတာလေ။ အဲဒီနောက်ပိုင်း ပျောက်သွားတာ။ ဆတ်ရိုးကျရပ် ကွက်မှာ ရှိတဲ့ ရဲဂိတ်တွေကို သွားမေးတယ်။ မသိဘူးလို့ပဲ ပြောတယ်။ မြို့ထဲက ရဲ စခန်းတွေမှာ သွားမေးပြီးပြီ ဘာမှ မသိ ရသေးဘူး” ဟု ဖမ်းဆီးခံရသူမိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် စစ်တွေမြို့တွင် ည ၉ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရ (၁၄၄) အမိန့်ထုတ်ပြန်ထား သော်လည်း ယင်းအချိန် မတိုင်မီ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုနည်းတူ ဒီဇင်ဘာ ဒုတိယ သီတင်းပတ်ကလည်း စက်ရုံစု (မီးလောင်ကွင်း) ရပ်ကွက်၌ နေထိုင်သည့် ဒေသခံအချို့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ထိ အဆက်သွယ်မရဖြစ်နေကြောင်း သိရသည်။
ယင်းအထဲတွင် ပေါက်တောမြို့နယ် ဆားပြင်ကျေးရွာမှ ဦးကျော်သန်းမောင်၏ သားဖြစ်သူ အသက် ၂၀ ကျော် အ ရွယ်လူငယ်နှင့်အတူ လူငယ်အချို့လည်း ပါဝင်ကြောင်း သိရသည်။
“သူက ဆားပြင်ကနေပြီး စစ်တွေမှာလက်သမား အလုပ်လာလုပ်နေတာ။ သူ့ကို ညအချိန် ဖမ်းသွားခဲ့ တာလေ။ ဘယ်ကို ခေါ်သွားမှန်း လည်းမသိဘူး။ မိသားစုဝင်တွေကတော့ အများကြီး စိုးရိမ်နေကြပါတယ် ” ဟု မိသားစုဝင်နှင့်နီးစပ် သူတစ်ဦးက ပြောသည်။
လက်ရှိ စစ်တွေမြို့တွင် ညအချိန် စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်များ၌ ဧည့်စာရင်း၊ အိမ်ထောင်စုစာရင်း အပြင် အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးမှုများရှိနေသည်။ ယင်းဖမ်းဆီးခံရသူများကို စစ်ကောင်စီက စစ်သင်တန်း ပေးနေသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။
စစ်တွေမြို့ခံ အမျိုးသမီး တစ်ဦးက “ ဒီဇင်ဘာလကတည်းက လမ်းမှာတွေ့တဲ့သူတွေကို ပေါ်တာဆွဲပြီး စစ်တပ်ထဲကို ပို့နေတယ်လို့ကြားတာ။ ဒါကြောင့် ညဖက် ၇ နာရီလောက်ဆိုလမ်းမှာ လူသွားလူလာတောင် မရှိတော့ဘူး” ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ နှစ်ဖက်အပြန်အလှန် ပစ် ခတ်ခြင်းများ ရှိနေသဖြင့် စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် နေထိုင်နေရသော စစ်တွေမြို့ခံများမှာ လုံခြုံ ရေးစိုးရိမ်မှုများ ရှိနေကြသည်။
စစ်တွေမြို့နယ်မှ အမြင့်ကျွန်း၊ ချီလည်ပင်း၊ သိန်းတန်၊ ကျားမသောက်၊ တောကန် စသည့်ကျေးရွာများနှင့် အနီး အနားတွင် ယခုရက်ပိုင်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများရှိနေပြီး အင်အားဖြည့်တင်းထားကြသည်။