- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
စစ်ကောင်စီ ထိန်းချုပ်ဆဲ ကျောက်ဖြူမြို့တွင် အုပ်စုဖွဲ့ နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်နေ
အရာရှိ၊ တိုးချဲ့နှင့် ပိုက်ဆိပ်ရပ်ကွက်မှ နေအိမ်များအား ဖြိုဖျက်ရောင်းချခံရမှု အများဆုံးဖြစ်နေပြီး တစ်မြို့လုံးအတိုင်းအတာဖြင့် လက်ရှိတွင် ဖြိုဖျက်ခံရသည့် နေအိမ် အလုံး ၂၀ ခန့်ရှိကြောင်း သိရသည်။
10 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၁၀
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် လူမရှိသည့် နေအိမ်များကို အုပ်စုဖွဲ့ကာ ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းများအား ခိုးယူမှုအပြင် နေအိမ်အလုံးလိုက် ဖျက်ယူရောင်းချမှု စသည့် ရာဇဝတ်မှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။
အရာရှိ၊ တိုးချဲ့နှင့် ပိုက်ဆိပ်ရပ်ကွက်မှ နေအိမ်များအား ဖြိုဖျက်ရောင်းချခံရမှု အများဆုံးဖြစ်နေပြီး တစ်မြို့လုံးအတိုင်းအတာဖြင့် လက်ရှိတွင် ဖြိုဖျက်ခံရသည့် နေအိမ် အလုံး ၂၀ ခန့်ရှိကြောင်း သိရသည်။
"ဖောက်ထွင်း ခိုးယူတာတွေကိုတော့ နေ့တိုင်းနီးပါးကြားရတယ်။ အဲထက်ဆိုးတာက သူများအိမ်တွေကို နေ့ခင်းကြောင်တောင်ကြီးမှာတောင် ဖြိုဖျက်ပြီးတော့ အိမ်တိုင်တွေ၊ ပျဉ်တွေနဲ့ သစ်ချောင်းတွေကို ရောင်းစား နေကြတာ။ တချို့အိမ်တွေဆိုရင် အိမ်နေရာပျောက်ပြီး မြေကွက်လပ်ဖြစ်သွားတယ်။ ဒါတွေကို ကျနော်တို့က တားချင်ပေမယ့် သူတို့မှာက အုပ်စုလိုက်ဆိုတော့ မတားရဲဘူး" ဟု ကျောက်ဖြူမြိုခံ အမျိုးသားတစ်ဦးက ပြောသည်။
ကျောက်ဖြူမြို့တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အစောပိုင်းမှစ၍ စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ကာ အရပ်သားများအား ဖမ်းဆီးလာခြင်း၊ တိုက်ပွဲများဖြစ်ပွားလာမည်တို့ကို စိုးရိမ်မှုကြောင့် မြို့ခံအချို့မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။
အမ်းနှင့် တောင်ကုတ်မြို့နယ်တို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းမှ စကာ ကျောက်ဖြူမြို့ပေါ်မှ နေရပ်စွန့်ခွာတိမ်းရှောင်သူ ပိုမိုများပြားလာခဲ့သဖြင့် လူမရှိသော နေအိမ်များကို ဖောက်ထွင်းကာ ပစ္စည်းများအား ခိုးယူမှုများရှိလာနေခြင်းဖြစ်သည်။
မြို့ပေါ်တွင် ရာဇဝတ်မှုများဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီက တစ်စုံတစ်ရာ အရေးယူမှုမရှိခြင်းမှာ ဖောက်ထွင်းခိုးယူနေသူများအား ထပ်မံလုပ်ဆောင်ရန် အားပေးအားမြောက် ပြုထားသကဲ့သို့ ဖြစ်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။
"အိမ်ပိုင်ရှင်တွေ သိသွားရင် ရင်ကျိုးရချည်ရဲ့ အဲလိုမလုပ်ပါနဲ့လို့ တားတဲ့သူတချို့ရှိပေမယ့် ကျူးလွန်တဲ့ သူတွေက ငါတို့မှာ စားဖို့၊ သောက်ဖို့မရှိလို့ ခုလိုလုပ်တာ။ မကျေနပ်ရင် ကြိုက်တဲ့နေရာသွားတိုင် ငါတို့ကို ရဲနဲ့ စစ်သားတွေက ခွင့်ပြုထားတာဆိုပြီး အဲလိုပြောတယ်" ဟု နောက်ထပ် ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ကြား နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိပြီး မြို့ကို AA က ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားသည်။
ကျောက်ဖြူမြို့တွင် စစ်ကောင်စီ ထိန်းချုပ်မှုအောက်တွင်ရှိနေသော်လည်း တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ဥပဒေစိုးမိုးရေးသည့် အုပ်ချုပ်ရေးယန္တရားများ ပြိုလဲနေသည့် အနေအထားရှိနေသည်။