- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
သံတွဲ ငါးဖမ်းလုပ်ငန်းများ လည်ပတ်နိုင်ရန် ခက်ခဲနေဆဲ
သံတွဲမြို့ဒေသခံများသည် ရန်ကုန်၊ ဧရာဝတီတိုင်းနှင့်၊ ရခိုင်ပြည် မြောက်ပိုင်းဒေသတို့တွင် စစ်ဘေးရှောင်နေကြပြီး လေကြောင်းအန္တရာယ်စိုးရိမ်မှုများကြောင့် နေရပ်မပြန်နိုင်သေးသူများလည်း ရှိကြောင်းသိရသည်။
27 Jan 2025

DMG ၊ ဇန်နဝါရီ ၂၇
ပင်လယ်ပြင် ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်က ငါးဖမ်းလုပ်ငန်းများမှာ လည်ပတ်နိုင်ရန် အခက်အခဲများရှိနေဆဲကြောင်း ဒေသခံများထံမှ သိရသည်။
ဖမ်းငါးလုပ်ငန်းအများဆုံး လုပ်ကိုင်ကြသည့် ဆင်ခေါင်း၊ မြပြင်၊ ဂျိတ္တော၊ မှိုဟင်းပြင်၊ စပါးကြီး၊ လင်းသာ စသည့် ကျေးရွာများမှ ဒေသခံများမှာ လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးခြင်း၊ ပြန်ရောက်နေသူ အချို့မှာလည်း စစ်ကောင်စီ နေဗီများကိုကြောက်၍ ငါးဖမ်းလုပ်ငန်းများ မလည်ပတ်နိုင်သေးကြခြင်း ဖြစ်သည်။
“ငါးလုပ်ငန်းလုပ်တဲ့ ကမ်းခြေအနီးရွာတွေက စစ်ဘေးရှောင်နေတာ အများစုက ရွာတွေကို ပြန်မလာကြသေးဘူး။ ပြန်လာနေကြတဲ့သူတွေလည်း နေဗီကြောက်လို့ အခုထိ ငါးဖမ်းထွက်ဖို့ ခက်ခဲနေကြတယ် ” ဟု သံတွဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အာရက္ခတပ်တော်သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၆ တွင် သံတွဲမြို့နယ်ကို အပြီးသတ်သိမ်းပိုက် ထိန်းချုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ဒေသခံများ၏ ပုံမှန်လုပ်ငန်းများ မလည်ပတ်နိုင်သေးခြင်း ဖြစ်သည်။
သံတွဲမြို့ဒေသခံများသည် ရန်ကုန်၊ ဧရာဝတီတိုင်းနှင့်၊ ရခိုင်ပြည် မြောက်ပိုင်းဒေသတို့တွင် စစ်ဘေးရှောင်နေကြပြီး လေကြောင်းအန္တရာယ်စိုးရိမ်မှုများကြောင့် နေရပ်မပြန်နိုင်သေးသူများလည်း ရှိကြောင်းသိရသည်။
အချို့နေရပ်ပြန်လာကြသည့် ဒေသခံများမှာလည်း စစ်ကောင်စီ၏ နေဗီများ ပင်လယ်ပြင်တွင်ရှိ နေသောကြောင့် ငါးဖမ်းထွက်ရန် အခက်ကြုံရကြောင်းသိရသည်။
“အဓိကငါးလုပ်ငန်း လုပ်တဲ့နေရာ တော်တော်များများ လုပ်ငန်းတွေ မလည်ပတ်သေးဘူး။ နေရပ်ပြန်ဖို့က အခုထိ လေကြောင်းအန္တရာယ်ကို စိုးရိမ်ရသေးတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ငါးလုပ်ငန်းလုပ်တာ အခုထိ စစ်ဘေးရှောင်နေရတုန်းပါ ” ဟု ငပလီမြို့ ခံ အမျိုးသားတစ်ဦးက ပြောသည်။
ရခိုင်ပြည်သည် အဓိက စီးပွားရေးလုပ်ငန်းအဖြစ် လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများကို အများအပြားလုပ်ကိုင်ကြပြီး ယခုအခါ စီးပွားဖြစ်ရေလုပ်ငန်းမှာ မလည်ပတ်နိုင်ဘဲရှိသည်။
သံတွဲမြို့နယ်သည် ငါးဖမ်းလုပ်ငန်း ငါးပိ၊ ငါးခြောက်လုပ်ငန်း၊ ခရီးသွားဝန်ဆောင်မှုများ လုပ်ကိုင်ရာမြို့လည်းဖြစ်ပြီး လက်ရှိမှာ ထိုလုပ်ငန်းများ မလည်ပတ်သည်မှာ တစ်နှစ်နီးပါး ကြာမြင့်လာပြီ ဖြစ်သည်။