- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မင်းပြားတွင် ရေဘေးသင့်ကျေးရွာ ၁၀ ကျော် အရေးပေါ်အကူအညီ လိုအပ်နေ
“အိမ်တွေ ပါသွားကြတော့ နေစရာလည်းမရှိသလို စားဖို့သောက်ဖို့လည်း အဆင်မပြေဘူး။ ကြိုပြီး ပြောင်းထား ကြလို့သာ လူတွေလွတ်တာပါ” ဟု မင်းပြားဒေသခံတစ်ဦးက ဆိုသည်။
18 Sep 2024
DMG ၊ စက်တင်ဘာ ၁၈
ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖုံသာချောင်းကြောင်းတလျောက်ရှိ ချင်းလူမျိုးစုများနေထိုင်သည့် မင်းကူးလမ်းကျေး ရွာအုပ်စုတွင် ရေဘေးသင့် ကျေးရွာ ၁၃ ရွာရှိနေပြီး လက်ရှိတွင် ဒေသခံများမှာ စားနပ်ရိက္ခာများ အရေးပေါ်လို အပ်နေကြောင်း သတင်းရရှိသည်။
“အိမ်တွေ ပါသွားကြတော့ နေစရာလည်းမရှိသလို စားဖို့သောက်ဖို့လည်း အဆင်မပြေဘူး။ ကြိုပြီး ပြောင်းထား ကြလို့သာ လူတွေလွတ်တာပါ” ဟု မင်းပြားဒေသခံတစ်ဦးက ဆိုသည်။
စက်တင်ဘာလ ဒုတိယပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မင်းပြားမြို့နယ်အတွင်း နတ်ထောင့်ရွာဟောင်း/ရွာသစ်၊ ကျေးမကြီး၊ ကျေးမချေ၊ ကြွီချောင်း၊ ပြင်းချောင်း၊ ကိုင်းကြီး၊ ပြင်းဝ၊ သရက်အုပ်၊ ရွာသာယာ၊ င/လင်ကြီး၊ အထက် ခချီမြောင်နှင့် အောက်ခချီမြောင် စသည့် ကျေးရွာများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။
လေးမြို့မြစ်နှင့် ရခိုင်ရိုးမတောင်ပေါ်မှ ဆင်းလာသည့် ရေများကြောင့် ဖုံသာချောင်းရေ မြင့်တက်ကာ အနီးအနားရှိ ကျေးရွာများမှာ ရေလွှမ်းမိုးမှုဒဏ်ခံကြရခြင်းဖြစ်ပြီး ရေကြီးမှုကြောင့် အဆိုပါကျေးရွာများတွင် နေအိမ်မျောပါမှု များရှိခဲ့ပြီး စုစုပေါင်းနေအိမ် ၂၆၀ ခန့်ပျက်စီးသွားကာ လူထောင်နှင့်ချီ အရေးပေါ်အကူအညီ လိုအပ်နေခြင်း ဖြစ်သည်။
“လောလောဆယ် လူတွေတော့ မထိခိုက်ပေမယ့် ရိက္ခာအခက်အခဲတော့ တော်တော်ရှိပါတယ်။ ပထမရေကြီး တုန်းက လှောင်ထားတဲ့ဆန်တွေ အကုန်ပါသွားတော့ ကျန်တာတွေနဲ့ စားနေကြရတာ။ ဒီတစ်ခေါက်ရေကြီးတော့ ပိုပြီး အကူအညီလိုနေကြတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လအစပိုင်းတုန်းကလည်း မိုးသည်းထန်စွာ ရွာသွန်းကာ လေးမြို့မြစ်ရေ မြင့်တက်မှုကြောင့် မင်းပြားမြို့နယ်အတွင်းက ပန်းမြောင်း၊ ခွဆုံ၊ ပွဲရကန်ဆိပ်၊ ရွှေကျန်နှင့် ပြင်ယောင်းစသည့် ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး စပါးစိုက်ခင်းများ၊ လယ်ယာမြေများနှင့် သိုလှောင်ထားသည့် ဆန်စပါး ပျက် စီးဆုံးရှုံးမှုများ ရှိခဲ့သည်။
လက်ရှိတွင် ရေဘေးသင့်ကျေးရွာများမှ အရေးပေါ်ထောက်ပံ့မှုလိုအပ်နေသည့် ဒေသခံများအား အာရက္ခပြည်သူ့ အစိုးရအဖွဲ့၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှ ကူညီထောက်ပံ့ရန်ပြင်ဆင်နေကြောင်း သိရသည်။