- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
သန်းခေါင်စာရင်းမကောက်မီ ရေဘေးသင့်ပြည်သူများကို အမြန်ဆုံးနေရပ်ပြန်ပို့ရန် စစ်ခေါင်းဆောင် ညွှန်ကြား
“ကူညီကယ်ဆယ်ရေးစခန်းတွေက ပြည်သူတွေကို သူတို့ရဲ့ နေရပ်တွေမှာ အတတ်နိုင်ဆုံးအမြန်ဆုံး ပြန်လည် နေထိုင်နိုင်ရေး ဆောင်ရွက်ပေးသွားဖို့လိုတယ်” ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
18 Sep 2024

DMG ၊ စက်တင်ဘာ ၁၈
နိုင်ငံတဝန်းတွင် လာမည့် အောက်တိုဘာ ၁ ရက်၌ သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်၍ ကူညီကယ်ဆယ်ရေး စခန်းများရှိ ရေဘေးသင့် ပြည်သူများကို နေရပ်ပြန်နိုင်အောင် အမြန်ဆုံးဆောင်ရွက်ရန် စစ်ခေါင်းဆောင်က ညွှန်ကြားလိုက်သည်။
စက်တင်ဘာ ၁၇ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာအစည်းအဝေးတွင် ညွန်ကြားခဲ့ခြင်းဖြစ်သည်။
“ကူညီကယ်ဆယ်ရေးစခန်းတွေက ပြည်သူတွေကို သူတို့ရဲ့ နေရပ်တွေမှာ အတတ်နိုင်ဆုံးအမြန်ဆုံး ပြန်လည် နေထိုင်နိုင်ရေး ဆောင်ရွက်ပေးသွားဖို့လိုတယ်” ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ကူညီကယ်ဆယ်ရေးနှင့် ပတ်သက်၍ ပျက်စီးမှုအနည်း၊ အများအလိုက် ဦးစားပေးအဆင့်သတ်မှတ်ပြီး အချိန် အကြာဆုံး ၆ လတာအတွင်း အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်သွားရန်လည်း စစ်ခေါင်းဆောင်က မှာကြား ခဲ့သည်။
နေပြည်တော်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ဧရာဝတီ၊ ကယား၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်တို့တွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း စုစုပေါင်း ၄၃၈ ခု ဖွင့်လှစ်ပြီး လူဦးရေ ၁၆၃,၇၁၀ ဦးတို့ကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ရေဘေးကြောင့် သေဆုံးသူ ၂၂၆ ဦးနှင့် ပျောက်ဆုံးနေသူ ၇၇ ဦးရှိပြီး လူနေအိမ် ၂,၁၁၆ လုံး ထိခိုက်ပျက်စီးကာ ၁၅၈,၃၇၃ လုံး ရေဝင်နစ်မြှုပ်ခဲ့ကြောင်း စစ်ကောင်စီ၏ စက်တင်ဘာ ၁၆ ရက်၊ ညနေ ၄ နာရီ အထိ စာရင်းအရ သိရသည်။
“ရေဘေးကြောင့် ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ စစ်ကောင်စီအနေနဲ့ သန်းခေါင်စာရင်းကောက်ယူရေးကို ပြောဆိုနေတာထက် ပြည်သူတွေရဲ့ အခက်အခဲကို အဓိက အာရုံစိုက်သင့်တယ်။ ပြည်သူတွေ ပြန်လည်အခြေချ နေထိုင်ရေးနဲ့ သူတို့တွေရဲ့ လိုအပ်ချက်တွေကို ဦးစားပေး ဖြည့်ဆည်းပေးဖို့လိုအပ်တယ်” ဟု နိုင်ငံရေးသမား တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နိုင်ငံတဝန်း သန်းခေါင်စာရင်းကောက်ယူခြင်းကို ယခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း ပြုလုပ်ရန် စီစဉ်ထားသည်။
သန်းခေါင်စာရင်းကောက်ယူခြင်းကို ရသည့်နေရာတိုင်းတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကန့်သတ်ချက်ရှိသည့် နေရာများတွင်လည်း အတတ်နိုင်ဆုံး ကောက်ယူနိုင်အောင် ဆောင်ရွက်သွားမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုထားသည်။