- ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်ကောင်စီ လက်နက်ကြီးများ ကျရောက်
- မြန်မာလူဦးရေ တစ်သန်းကျော်အတွက် ရိက္ခာထောက်ပံ့မှုကို ဧပြီလမှ စ၍ WFP ရပ်ဆိုင်းမည်
- ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်နှင့် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ် တွေ့ဆုံ
- ကျောက်ဖြူ၊ ကြတ္တိန်ရွာကို စစ်ကောင်စီ ဗုံးကြဲမှု ၅ ကြိမ်အထိရှိလာ
- ညောင်ကျိုးစခန်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများ တပ်ဆုတ်
မာန်အောင်မှာ ဂုံးဈေး ကျဆင်း
ယခင်နှစ်က ဂုံးဈေးတစ်ပိဿာကို ဒေသပေါက်ဈေး ၄၅၀၀ ကျပ်ရရှိခဲ့သော်လည်း ယခု ၂၀၂၁ တွင် တစ်ပိဿာကို ဒေသပေါက်ဈေး ၃၀၀၀ ကျပ် ရရှိကြောင်း ဂုံးရှာဖွေသူ ကုန်းတန်းကျေးရွာမှ ကိုမျိုးမြင့်သန့်က ပြောသည်။
01 Apr 2021

DMG ၊ ဧပြီ ၁
မာန်အောင်မြို့နယ်တွင် ယခင်နှစ်ထက် ဂုံးဈေးကျဆင်းနေကြောင်း ရှာဖွေရောင်းချသူများထံမှ သိရသည်။
ယခင်နှစ်က ဂုံးဈေးတစ်ပိဿာကို ဒေသပေါက်ဈေး ၄၅၀၀ ကျပ်ရရှိခဲ့သော်လည်း ယခု ၂၀၂၁ တွင် တစ်ပိဿာကို ဒေသပေါက်ဈေး ၃၀၀၀ ကျပ် ရရှိကြောင်း ဂုံးရှာဖွေသူ ကုန်းတန်းကျေးရွာမှ ကိုမျိုးမြင့်သန့်က ပြောသည်။
" ဒီနှစ်ဂုံးဈေးကတော့ အရင်နှစ်ကထက် ဈေးကျတယ်။ တစ်ဆလောက် ဈေးကျတာပေါ့ နိုင်ငံရေးတည်ငြိမ်မှု မရှိတာကြောင့် အခုလို ဈေးကျ ဒါဖြစ်နိုင်တယ် " ဟု ဆိုသည်။
ယခုဈေးကျဆင်းနေသည့် ဂုံးအမျိုးအစားမှာ မာန်အောင်ဒေသခေါ် သောင်ဂုံးဖြစ်ပြီး ရောင်းရဈေးနည်းပါးသော်လည်း အရင်းမစိုက်ထည့်ရသည့်အတွက် အဆင်ပြေကြောင်း ဦးယဉ်မိုးက ပြောသည်။
" ဂုံးဈေးက လျော့နည်းပေမယ့် အရင်းသွင်းရတာ သိပ်ရှိတော့ အဆင်ပြေတယ်။ အရင်နှစ်တုန်းက တစ်ရက်ကို နှစ်သောင်းနီးပါးရတယ်။ အခုတော့ တစ်သောင်းကျော်လောက်ရတယ်။ ရတဲ့ ငွေအနေအထားတော့ ကွာတယ်။ အခက်အခဲ တော့မရှိဘူး " ဟု ဆိုသည်။
အဆိုပါ ဂုံးကို မာန်အောင်မြို့နယ် သိမ္ဗလကမ်းခြေအနီးတွင် ဒီရေကျချိန်အတွင်း ကောက်ယူရခြင်းဖြစ်ပြီး ဂုံးအား ရောင်းချရန်အတွက် ရေပြုတ်ကာ အခွံနွှာခြင်း လုပ်ဆောင်ရသေးသည်ဟု ဂုံးကောက်သူများထံမှ သိရသည်။
မာန်အောင်ဒေသထွက် ဂုံးများကို တရုတ်၊ ထိုင်း စသည့် နိုင်ငံများသို့ ပို့ဆောင်ကြောင်း ဂုံးရောင်းဝယ်သူများက ပြောသည်။