- ဂွတပ်ရင်း ခမရ (၅၆၂) အတွင်းပိုင်းထိ AA ထိုးဖောက်ဝင်ရောက်
- ခရီးသည်ကားတစ်စီးကို ARSA ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး၊ အများအပြားဒဏ်ရာရ
- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
အဖိနှိပ်ခံလူမျိုးများအတွက် တိုက်ပွဲဝင်နေသည့် AA ကို ဂုဏ်ယူကြောင်း မွန်နှင့် ပအိုဝ်း အဖွဲ့များပြော
ULA ၏ နိုင်ငံရေးဦးဆောင်မှု၊ AA ၏ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်မှုများကြောင့် တိုင်းစစ်ဌာနချုပ်အောင်ပွဲ ရရှိခဲ့ပြီး စစ်ကောင်စီကင်းစင်အောင် ဆက်လက်တိုက်ပွဲဝင်နေသည့် AA ၏ ရဲစွမ်းသတ္တိကို ဂုဏ်ပြုထားသည်။
25 Dec 2024
DMG ၊ ဒီဇင်ဘာ ၂၅
မြန်မာတစ်နိုင်ငံလုံးရှိ ဗမာအပါအဝင် ဘဝတူအဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးအသီးသီး၏ လွတ်မြောက်ရေး တိုက်ပွဲများနှင့် အပြန်အလှန်ဆက်စပ်၍ ပြည်သူတစ်ရပ်လုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသော အာရက္ခတပ်တော်(ULA/AA)၏ နိုင်ငံရေးအမြင်ကျယ်မှုကို ဂုဏ်ယူကြောင်း မွန်နှင့် ပအိုဝ်းလက်နက်ကိုင်အဖွဲ့များက ပြောဆိုလိုက်သည်။
အာရက္ခတပ်တော်၏ စစ်ရေးအောင်မြင်မှုများနှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ (PNFC)၊ မွန်ပြည်သ စ်ပါတီ-စစ်အာအာရှင်ဆန့်ကျင်ရေး (NMSP-AD)နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့က ယနေ့ ဒီဇင်ဘာ ၂၅ ရက်တွင် ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ပြောဆိုထားခြင်းဖြစ်သည်။
“တစ်စိတ်တစ်ပိုင်းလွတ်မြောက်ရုံဖြင့် အားလုံးမလွတ်မြောက်နိုင်၊ အားလုံးလွတ်မြောက်မှသာ လွတ်မြောက်မှု အစစ်အမှန်ကို အပြည့်အဝရရှိမည်၊ ယခုအောင်ပွဲသည် အာရက္ခပြည်သူတို့၏ အောင်ပွဲဖြစ်သကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံး အောင်ပွဲလည်းဖြစ်သည်” ဟု သဝဏ်လွှာတွင် ပါရှိသည်။
ULA ၏ နိုင်ငံရေးဦးဆောင်မှု၊ AA ၏ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်မှုများကြောင့် တိုင်းစစ်ဌာနချုပ်အောင်ပွဲ ရရှိခဲ့ပြီး စစ်ကောင်စီကင်းစင်အောင် ဆက်လက်တိုက်ပွဲဝင်နေသည့် AA ၏ ရဲစွမ်းသတ္တိကို ဂုဏ်ပြုထားသည်။
ထို့ကြောင့်လည်း ရခိုင်ပြည်သည် ပထမဆုံး လွတ်မြောက်မည့် အလားအလာကောင်းများ ရှိလာနေပြီဟု မွန်နှင့် ပအိုဝ်း လက်နက်ကိုင်အဖွဲ့များက ဆိုသည်။
AA အပါအဝင် ညီနောင်သုံးဖွဲ့အနေဖြင့် ပြီးခဲ့သည့်နှစ်သစ်ကူးနေ့တွင် ကြေညာခဲ့သည့် စစ်အာဏာရှင်စနစ် တိုက်ထုတ်ရေး လုပ်သင့်သည်များကို ဆက်လက်လုပ်သွားမည်ဆိုသည့်အတိုင်း စစ်ဆင်ရေးဒုတိယလှိုင်းနှင့် အတူ စစ်ကောင်စီရှုံးနိမ့်မှုများကိုလည်း ပီပီပြင်ပြင် တွေ့မြင်ရသည်ဟု သဝဏ်လွှာတွင် ပါရှိသည်။
စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ဘုံလုပ်ငန်းစဉ်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့၊ တော်လှန်ရေးအင်အားစုများနှင့်အတူ ခိုင်ခိုင်မာမာ လက်တွဲတိုက်ပွဲဝင်သွားမည်ဟု မွန်နှင့် ပအိုဝ်းအဖွဲ့များက ပြောဆိုထားသည်။
နိုင်ငံတဝန်း အာဏာရှင်စနစ်ဖြုတ်ချရေး တိုက်ခိုက်နေကြသည့် တော်လှန်ရေးအင်အားစုများကြားတွင် အာရက္ခတပ်တော်သည် တိုက်ခိုက်ရေးစွမ်းရည်နှင့်အတူ အောင်ပွဲများကြောင့် ထင်ရှားလာနေသည်။
“အေအေက အချိန်တိုအတွင်းမှာ အောင်မြင်မှုရှိတာနေကြောင့် သူရဲ့ တိုက်ခိုက်ရည်စွမ်းရည်နဲ့ စစ်သားတွေရဲ့ စိတ်နေသဘောထားဟာ ဂုဏ်ယူလေးစားဖွယ်ဖြစ်တယ်။ တစ်နိုင်ငံလုံးက အံဩစေတဲ့ အောင်ပွဲတွေလည်း ဆက်တိုက်ရနေတယ်။ ဒါတွေကြောင့်လည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထုတစ်ရပ်လုံးက အရင်ကထက် အသိမှတ်ပြုဂုဏ်ပြုကြတယ်” ဟု ရခိုင်စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် စစ်ကောင်စီအတွက် များစွာအထိနာခဲ့ကာ နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများအတွက် သက်ရောက်မှုကြီးမားခဲ့သည်။ လက်ရှိ စစ်ကောင်စီသည် မြို့ပေါင်း ၈၉ မြို့အထိ လက်လွှတ်ဆုံးရှုံးထားရပြီး တော်လှန်ရေးအင်အားစုများ၏ စစ်ရေးအရှိန်မှာလည်း ဆက်လက်မြင့်တက်လျက်ရှိသည်။