- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
- မာန်အောင်ရေလုပ်သား ၅ ဦး ပျောက်ဆုံးနေ၊ တစ်ပတ်ကျော်ကြာအထိ အဆက်သွယ်မရသေး
- ALP က စစ်သင်တန်းပေးထားသူများကို စစ်ကောင်စီ တပ်ရင်းများသို့ ပို့နေ
AA ထိုးစစ် သာပေါင်း ခမရ (၃၀၈) တပ်ရင်းအနီးသို့ ရောက်လာ
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် အခြေစိုက် ခမရ (၃၀၈) တပ်ရင်းအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း သာပေါင်းမြို့ခံများက ပြောသည်။
05 Mar 2025

DMG ၊ မတ် ၅
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် အခြေစိုက် ခမရ (၃၀၈) တပ်ရင်းအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း သာပေါင်းမြို့ခံများက ပြောသည်။
မတ်လ ၂ ရက်နေ့မှ စ၍ ကြက်သွန်းကွင်း - မကျီးဇင် ကားလမ်းနှင့် အနီးရှိ စစ်ကောင်စီ၏ သာပေါင်း အခြေစိုက် ခမရ (၃၀၈)အနီး တောင်တန်းများတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီဖက်က အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း သာပေါင်း ဒေသခံတစ်ဦးက ပြောသည်။
“ သာပေါင်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ နေ့တိုင်း ဖြစ်နေတာရှိတယ်။ ခမရ(၃၀၈) အထဲက လက်နက်ကြီး ပစ်ကူပေးနေသလို ကျုံပျော်၊ မြောင်းမြဖက်ကို စစ်အင်အားတွေကိုလည်း တောက်လျှောက် ပို့နေတယ်။ စက်တပ် လေထီးတွေနဲ့လည်း ပစ်ကူပေးနေတယ် ” ဟု ၎င်းက ပြောသည်။
သာပေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ကတည်းက တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး သာပေါင်းလေးကျေးရွာနှင့် သဲဖြူကျေးရွာအနီးတို့တွင်လည်း နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။
လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း တိုက်ပွဲနယ်မြေ ကျယ်ပြန်လာနေသဖြင့် စစ်ကောင်စီသည် သာပေါင်းမြို့ခံ လူငယ်များကို ပြည်သူ့စစ်သင်တန်းတက်ရန် ဖမ်းဆီးမှုများပြုလုပ်နေပြီး မြို့တွင်း လုံခြုံရေးကိုလည်း တင်းကျပ်ထားကြောင်း သိရသည်။
နောက်ထပ် သာပေါင်းမြို့ခံတစ်ဦးက “ သာပေါင်းဖက်မှာ အခုရက်ပိုင်း စစ်မှုထမ်းဖို့ စာရင်းပါတဲ့ လူငယ်တွေကို အိမ်အထိ လာဖမ်းကြတာ ရှိတယ်။ အထူးသဖြင့် တိုက်ပွဲတွေက ကျယ်ပြန်လာပြီး စစ်အင်အား လိုနေတာကြောင့် ပြည်သူ့စစ်တွေ အပူတပြင်း လိုက်လံ ရှာဖွေဖမ်းဆီးနေတာ ” ဟု ပြောသည်။
ဧရာဝတီတိုင်းရှိ သာပေါင်း၊ ပုသိမ်နှင့် ရေကြည်မြို့နယ်တို့မှ စစ်ကောင်စီ၏ တပ်စခန်းများကို ပူးပေါင်းတပ်များက ယခုနှစ် အစောပိုင်းမှစကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး ရေကြည်အခြေစိုက် အမတ (၃၄၄) တပ်ရင်းကိုလည်း AA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေသည်။
လက်ရှိတွင် အာရက္ခတပ်တော်သည် ဧရာဝတီတိုင်းက ဗေဒါစစ်ဆေးရေးဂိတ်၊ မကျီးဇင်၊ ဘောမိ ကျေးရွာတို့ရှိ စစ်ကောင်စီ စခန်းအချို့ကို သိမ်းပိုက်ထားသည်။